မေဘယ်လ်။ အခန်း ( ၃၂ )

12.1K 859 27
                                    


"မမကို အမြန်ဆုံးလက်ထပ်တော့"

လီဆာ့ရဲ့မျက်နှာကို အလိုမကျတဲ့ပုံစံမျိုးနဲ့ အပေါ်စီးကနေ စိုက်ကြည့်နေပြီး မမ ပြောလိုက်တဲ့စကားကြောင့် တော်တော်လေး အံ့ဩသင့်သွားရတယ်။ လက်ထပ်ဖို့ကိစ္စကို မမဘက်က အခုလိုမျိုး ပြောလာလိမ့်မယ်လို့ ထင်မထားမိခဲ့တော့လေ။

"အခုချက်ချင်း လက်ထပ်ရမလား"

"အင်း မြန်လေ ကောင်းလေပဲ"

ထိုအဖြေကြောင့် စိတ်ထဲကနေ ဗုဒ္ဓေတ,မိသည်အထိ မျက်ခုံးတန်းတွေပါ ပင့်တက်သွားရတော့သည်။ ဘယ်လိုတောင် လက်ထပ်ချင်နေပါလိမ့်နော်။

"ကျွန်မနဲ့ အဲ့လောက်တောင် လက်ထပ်ချင်နေတာလား မမ"

မမရဲ့ နှုတ်ခမ်းလေးကို လက်ချောင်းလေးတွေနဲ့ ဖိသပ်ကိုင်တွယ်ရင်း မေးလိုက်တော့ လီဆာ့ရင်ဘတ်ပေါ် မျက်နှာအပ်ကာ ချွဲလာပြန်တယ်။

"လီလီ့ကိုအခြားလူတွေ လုယူသွားမှာစိုးတယ်။ မမ အပိုင်ဆိုပြီးတခါတည်း တံဆိပ်ကပ်ထားချင်တာ"

"ဒါဖြင့် လက်ထပ်ဖို့ကိစ္စကို အမြန်ဆုံး စီစဉ်လိုက်တော့မယ်။ ဒီနိုင်ငံမှာတော့ တရားဝင်လက်ထပ်လို့မရဘူးဆိုတော့ အခြားနိုင်ငံမှာပဲ မင်္ဂလာပွဲကျင်းပမယ်နော်"

ရင်ဘတ်ပေါ်မျက်နှာအပ်ထားဆဲဖြစ်တဲ့ မမဟာ ချက်ချင်းဆိုသလို ဆက်ခနဲ မော့ကြည့်လာပြီး လိုချင်တာ ရသွားတဲ့ကလေးတစ်ယောက်အလား အရမ်းကိုပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ လီဆာ့ကိုစိုက်ကြည့်လာခဲ့တယ်။

"မင်္ဂလာပွဲပါ ကျင်းပဦးမှာလား"

"ဒါပေါ့။ မမကို ခမ်းခမ်းနားနားနဲ့ လူသိရှင်ကြား လက်ထပ်ယူမှာ။ ဒါကလည်း မိန်းကလေးတိုင်းရဲ့ အိမ်မက်တခုပဲလေ။ မမကို ကျွန်မကြောင့် မျက်နှာမငယ်စေချင်ဘူး"

အမြတ်တနိုးနဲ့ ငေးကြည့်နေတဲ့ လီလီ့ရဲ့မျက်ဝန်းတွေအောက်မှာ ပြောစရာစကားတွေလည်း အစရှာမရအောင် ပျောက်ကွယ်သွားရပြန်တယ်။ လီလီဟာ ကျွန်မထက်အသက်ငယ်ပေမယ့် အရာရာကိုဦးဆောင်နိုင်ပြီး တာဝန်ယူစိတ် အပြည့်အဝရှိတဲ့ မိန်းကလေးတစ်ယောက်။ ကျွန်မအပေါ်ကိုလည်း အရမ်းဂရုစိုက်ပေးနိုင်ခဲ့တယ်။ ချစ်တယ်ဆိုတာထက် ပိုမိုသာလွန်တဲ့ မြတ်နိုးမှုတွေကြောင့် လီလီ့ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ကျွန်မဟာ သိပ်ကိုကံကောင်းခဲ့ပါတယ်။

When I first met you, I fell for mapleWhere stories live. Discover now