လန်ဒန်မြို့မှာရှိတဲ့ အထင်ကရ နေရာတွေ အလှပဆုံးသော ဗီသုကာမြောက်တဲ့ အဆောက်အဦးတွေကို လီလီနဲ့အတူတူ လျှောက်ကြည့်နေလိုက်တာ မှောင်ရီပျိုတဲ့ အချိန်တောင် ရောက်လာခဲ့သည်။လူစည်ကားလှတဲ့ လန်ဒန်မြို့တွင်းရှိ လမ်းတစ်နေရာကိုရောက်တော့ လီလီ့ရဲ့ လက်လေးကို ဆုပ်ကိုင်ကာ လျှောက်ခဲ့ရင်းနဲ့ တစ်နေရာအရောက်မှာ ရပ်တန့်သွားရသည်။
"လီလီ ခဏ "
ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး လမ်းမထက် ဂစ်တာတီးကာ သီချင်းဆိုနေတဲ့ ကောင်မလေးတစ်ယောက်ကိုမြင်တော့ စိတ်ဝင်တစားနဲ့ နှစ်ယောက်အတူ ရပ်ကြည့်နေမိတယ်။
ဘေးမှာမတ်တပ်ရပ်နေတဲ့ မမကို ခေါင်းစောင်းကာ ကြည့်လိုက်တော့ မမရဲ့အာရုံတွေဟာ ဟိုကောင်မလေးဆီမှာသာ။
"ဘာလဲ မမက ဆိုချင်လို့လား "
လီလီကတော့ စနောက်ပြီးပြောလိုက်ပေမယ့် ကျွန်မ ကိုယ်တိုင်က လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပြီးခဲ့ပြီ။ ကောင်မလေးရဲ့ သီချင်းသံတွေဆုံးသွားတော့ ကိုင်ထားတဲ့ လီလီ့ရဲ့လက်ကိုလွှတ်ချလိုက်သည်။
"ဒီမှာခဏစောင့်နေနော်။ ဘယ်မှမသွားနဲ့။ မမ တစ်ယောက်ထဲကိုပဲ ကြည့်နေပေး"
ဂစ်တာနဲ့ကောင်မလေးရှိရာဆီသို့ လှမ်းလာခဲ့ပြီး အနားရောက်တော့ နှစ်လိုဖွယ်ပြုံးပြလိုက်ကာ သူတို့ရဲ့ ဘာသာစကားဖြင့် ပြောရသည်။
"ကျေးဇူးပြုပြီး ဂစ်တာလေး ခဏလောက် ဌားလို့ရမလား။ အစ်မရဲ့ချစ်သူအတွက် သီချင်းလေးတစ်ပုဒ်လောက် ဆိုပေးချင်လို့"
လီလီရှိရာဆီ လက်ညိုးထိုးပြလိုက်ပြီး ကောင်မလေးကို ပြောလိုက်တော့ သူက သဘောကျစွာနဲ့ ပြုံးလာတယ်။
"ရတာပေါ့။ ဒါပေမယ့် အလကားတော့မရဘူး။ ဟိုမှာတွေ့လား။ အဲ့မုန့်ကို ဌားခအနေနဲ့ အမ ဝယ်ကျွေးရမယ်"
မျက်စောင်းထိုးတနေရာမှာ လှည်းလေးနဲ့ ရောင်းတဲ့ Bubblewrap Waffle လို့ခေါ်သည့် စက္ကူလေးဖြင့် သပ်ရပ်စွာထုတ်ပိုးထားတဲ့ မုန့်ကို ကောင်မလေးက လက်ညိုးထိုးပြခြင်းဖြစ်သည်။
ESTÁS LEYENDO
When I first met you, I fell for maple
Fanficတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}