အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိနိုင်တော့။ မမ ဆီဖုန်းဆက်ရန် တွန့်ဆုတ်နေမိတာတော့ အမှန်ပင်။ ထပ်ပြီးများ အချေခံရမလားဆိုပြီး တွေးလိုက်မိပြန်တော့ စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်သို့ ထိုင်ချလိုက်မိပြန်တယ်။နာရီကြည့်လိုက်တော့ ည၁၀ နာရီတောင်ထိုးနေပြီလေ။ ၈နာရီလောက်ကတည်းက ဆက်မယ်ဆိုပြီး ကြံရွယ်ထားတာ အခု ၁၀ နာရီထိုးလာသည်အထိ ခြေတုံချတုံ ဖြစ်နေခဲ့ရတယ်။
"ဟယ်လို"
တဖက်က ချိုသာလွန်းလှတဲ့ မမရဲ့အသံလေးကို ကြားလိုက်ရတော့ အရူးတစ်ယောက်လို ပြုံးလိုက်မိသေးတယ်။
"လီလီ မလား"
လီဆာ ဆက်မှန်းတောင် မမ ကသိနေတယ်ဆိုတော့ လီဆာ့ဆီက ဖုန်းကိုမျှော်နေတယ်လို့ စိတ်ထဲ တစ်ကိုယ်ကောင်းဆန်စွာ မှတ်ချက်ချလိုက်သည်။
"မမ မအိပ်သေးဘူးလား"
"အင်း အိပ်မပျော်လို့"
"အဲ့တာဆို စကားပြောကြမယ်လေ"
"လီလီ မနက်ကျရင် ဆေးရုံသွားရမှာမလား။ စောစောအိပ်လေ။ တို့ နဲ့စကားပြောနေရင် အိပ်ရေးပျက်နေမှာပေါ့"
"ကျွန်မလည်းအိပ်မပျော်လို့ပါ။ စကားပြောကြရအောင်နော်"
"အကြာကြီးတော့ မရဘူးနော်"
"အင်းပါ။ ခဏပဲပြောမယ်"
ဆေးရုံမှာ ကြုံတွေ့ခဲ့ရသမျှ ရယ်စရာကောင်းတဲ့ အမှတ်တရလေးတွေ၊ ဆိုးလ်မြို့ကြီးရဲ့ အလှအပနေရာလေးတွေ၊စသည့်အရာတွေကို ဂျဲန်းနီအား ရယ်မောကာ ပြောပြနေတဲ့ လီလီ့ကြောင့် ဒီနေ့ညအဖို့တော့ အပြုံးများစွာနဲ့ အိပ်စက်နိုင်ခဲ့ပါတယ်။
" မမ "
ကြည့်ရတာ အိပ်ပျော်သွားပြီထင်ပါတယ်။
"အိမ်မက်လှလှမက်ပါစေနော် မမ"
ဖုန်းချပြီးသည်နှင့် ရင်ဘတ်လေးပေါ်သို့ ဖုန်းကိုတင်ကာ မျက်နှာထက် ဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့ အပြုံးတွေနဲ့အတူ အိပ်ယာဝင်ခဲ့ရတဲ့ ထိုညလေးဟာ သာယာကြည်နူးဖွယ်ရာအတိ။
VOUS LISEZ
When I first met you, I fell for maple
Fanfictionတစ်စုံတစ်ယောက်ကို ရင်နှင့်အမျှ ချစ်မြတ်နိုးဖို့အတွက် အကြောင်းပြချက် တစ်စုံတစ်ရာမှ မလိုအပ်ပါဘူး။ ချစ်တဲ့စိတ်လေးတခုကိုပဲ ထုတ်ပြတတ်ဖို့လိုတာ။ {29 October 2019} 📒 {8 May 2020}