Part 1

4.3K 205 5
                                    

              (Both ZG&Uni Code)

"ဟိတ်"
"ဟာ Unnie , အဲ့ဒါနောက်ဆုံးမုန့်ပါဆို😭 ပြန်ပေး ညီမ မှာမရှိတော့ဘူး"
"ထပ် ဝယ်စားလိုက်တော့ဟေ့ သွားပြီး"
"ဘုန်း"
"အမေ့ "
"အား sorry"
Soo , Chaeဆီက မုန့်ကို လုစားပြီး ထွက်ပြေးလာရင်း အရှေ့က ကောင်မလေးတစ်ယောက်ကို ဝင်တိုက်လိုက်မိခြင်းသည်။
"ရှင် လူတစ်ယောက်လုံးကို မမြင်ဘူးလား "
"ဟုတ် မမြင်လိုက်လို့"
"မမြင်ရအောင် ကန်းနေလို့လား"
"အမ် မဟုတ်ပါဘူး အရှေ့ကိုမကြည့်ပဲ ပြေးလာလိုက်မိလို့ပါ တောင်းပန်ပါတယ်"
"ထားလိုက်တော့ ရှင့်လိုလူနဲ့ စကားအပိုတွေဆက်ပြောမနေချင်တော့ဘူး ဘေးဖယ် "
ဝင်တိုက်မိရုံလေး ဝင်တိုက်မိတာ သူဘာမှဖြစ်သွားတာမဟုတ် ရုပ်ရှင်ကားတွေထဲကလို ဝင်တိုက်မိပြီး လက်ထဲကစာအုပ်တွေကျသွားတာကို ပြန်ကောက်ပေး တောင်းပန်ပါတယ်ပြော ကော်ဖီဆိုင်ခေါ်သွားဖို့ နေနေသာ ကိုယ်ဝင်တိုက်မိတဲ့ အရှိန်က သူ့လက်ထဲက ကိုင်ထားတဲ့စာအုပ်တွေတောင် လွှတ်ကျသွားတာမဟုတ် ဘာမှမဖြစ်တာကို လူကို မတူသလို မတန်သလို ကြည့်ပြီးပြောသွားတာများ သူ့ကိုယ်သူ သမ္မတ
သမီးများ ထင်နေလားမသိ ။ သမ္မတသမီးတောင် သူ့လောက် အပေါက်ဆိုးမှာမဟုတ် 😕

"ဟဲ့ Jisoo , နင်ဘာဖြစ်လာတာလဲ မျက်နှာကြီးက စူပုတ်လို့"
"မပြောချင်ပါဘူးဟယ် "
"အေး မပြောနဲ့တော့ "
"အမ် မဟုတ်ဘူးလေဟယ် ပြောချင်လို့ အရှိန်ယူတာကို ပြောမှာပဲ "
"အရှိန်ယူမနေနဲ့ မြန်မြန်ပြော ဆရာမလာတော့မယ်"
ဒီဟာမနဲ့က မလွယ် ပြောချင်လွန်းလို့ တမင်တကာ မျက်နှာကြီးစူပုတ်ဝင်လာတဲ့သူကို နင်ဘာဖြစ်နေတာလဲမေးပြီး
ဒီကစကားပလ္လင်ခံမလို့တောင် မခံရ 😑
မနက်စောစောစီးစီး အပုမ ချေတာခံလိုက်ရပါတယ်ဆို ဒီယုန်မကပါ လာချေနေတယ် 😑

"အေးပါဟဲ့ ပြောမှာပေါ့ ခဏနေပါဦး အခုမှအတန်းထဲရောက်တာကို ရေသောက်လိုက်ဦးမယ် "
Soo ရေဗူးကို မြန်မြန်ဖွင့်သောက်လိုက်ပြီး စကားဆက်လိုက်သည်။

"ဒီလိုဟယ် ငါမနက်က........ အဲ့ဒါပဲ"

Soo အချေမနဲ့တွေ့လာတဲ့အကြောင်း အကုန် ဖောက်သည်ချ ပြန်ပြောပြနေခြင်းဖြစ်သည်။
"ဘာလဲဟ အဲ့ဒါ သူသက်သက်ကြီး ဖောင်းတာပဲ "
"အေးလေ အဲ့ဒါ ငါမကျေနပ်တာ ရုပ်လေးကချောသလောက် "
"အရေးထဲ ရုပ်ချောတာက ငေးလာ‌ရသေး"
"ဟီး ဒါက ဝါသနာအရ😛"
"ဆရာမလာပြီ"

 💛Y.E.L.L.O.W💛Where stories live. Discover now