Part 16

1.7K 168 21
                                    

တစ်လဆိုတဲ့ အချိန်တိုအတွင်းမှာ အဲ့နှစ်ယောက်နဲ့ Jen တော်တော် ရင်းနှီးသွားတာ ။ အဲ့နှစ်ယောက်က ပေါင်းရတာ အရမ်းလွယ်တာပဲ တကူတက ကြိုးစားစရာတောင်မလို ။ နည်းနည်းကောင်း ပြလိုက်တာနဲ့ Jennie , Jennie ဆိုပြီး ဖြစ်သွားတာ ။ အရင်ကဆို အတန်းထဲမှာ ကိုယ့်ကိုအမြင်ကပ်သလို ကြည့်ပြီး ရွဲ့စောင်းနေတဲ့ သူတွေတောင် အခု သူတို့နှစ်ယောက်ကြောင့် ကိုယ့်ကို ဘာမှမလုပ်ရဲတော့ ။ ဒါပေမဲ့လည်း ဒါက မာယာတစ်ခုပဲလေ Kim Jisoo ဆိုတဲ့ သူကို အနိုင်ယူဖို့ သူ့ဘေးက လူတွေအမြင်ကိုပါ ကိုယ်ဘက်ပါအောင် ယူထားရမှာ ။

" Jen , အတန်းထဲဝင်မယ်လေ ဘာလုပ်နေတာလဲ "
"...."
"Jen , ဘာဖြစ်နေတာလဲ ။ တစ်ခုခုဖြစ်လို့လား "

မကြာခင် စာမေးပွဲဖြေရတော့မှာမလို့ အတန်းထဲဝင်ဖို့ လာခေါ်ပေမဲ့ Jen က ဗိုက်ကို လက်နဲ့ ဖိပြီး မျက်နှာလေးက နာကျင်နေတဲ့ ပုံ ပေါ်တာကြောင့် Soo စိတ်ပူပြီး မေ့လိုက်ခြင်းဖြစ်သည်။

"ဗိုက်အောင့်လို့ ငါမနက်က ဆေးသောက်လာဖို့ မေ့သွားတာ အ...ကျွတ်စ်"
" ရရဲ့လား Jen , အရမ်းအောင့်နေလား ။ နင်သောက်နေကျ ဆေးက ဘာဆေးလဲ ပြော ငါသွားဝယ်ပေးမယ် "
" ရတယ် ရတယ် ။ စာမေးပွဲဖြေ‌ရတော့မှာကို သွားဝယ်မနေနဲ့တော့ "
" အာ... မရပါဘူး ။ ဆေးနာမည်သာပြောပါ ငါ ရအောင် သွားဝယ်ပေးမယ် ။ စာမေးပွဲဖြေဖို့ 15မိနစ်တောင် လိုသေးတာကို မြန်မြန်ပြေးလိုက်ရင် ရတယ်"

ဒီလောက် သူနာကျင်နေတာကို ရတယ်လုပ်နေတယ် ဒီအရူးမလေးကတော့ 😕

" ပြောလို့ မြန်မြန် "
"ဆေးနာမည်က..... " ( ဆေးနာမည်က အာသာလည်း မသိဘူး Kim Jisoo ဝယ်ချင်တာ ဝယ်လာလိမ့်မယ်😛🤣)

"အင်း ။ အဲ့ဒါဆို ခဏစောင့်နော် ။ ငါအမြန်ပြေးဝယ်ပေးမယ်။ တစ်ကယ်လို့ စာမေးပွဲ ဖြေဖို့အချိန်ပြည့်ပြီးဆိုလည်း နင်အရင်ဝင်သွားလိုက်နော် "

နာကျင်ပြီးမျက်နှာလေးရှုံ့မဲ့နေတဲ့ကြားက Soo ကို အားနားတဲ့အကြည့်လေးနဲ့ ကြည့်လာတာကြောင့် အားမနာဖို့ Soo အသာခေါင်းခါပြပြီး ကျောင်းဆေးခန်းဘက်ကိုသာ အမြန်ပြေးလိုက်သည်။

ဟင်းဟင်း ... သိတယ်လေ Jennie Kim နည်းနည်း မူယာမာယာ များပြားလိုက်တာနဲ့ Kim Jisooတစ်ယောက် ပြာယာခတ်သွားမယ်ဆိုတာ ။

 💛Y.E.L.L.O.W💛Where stories live. Discover now