ဆေးရုံထိသွားပြီး နှလုံးအလှူရှင် ဘယ်သူလဲ သွားမေးခဲ့ပေမဲ့ လူနာရဲ့ကိုယ်ရေးကိုယ်တာကို ပြောပြခွင့်မရှိလို့ပါ ဆိုပြီး တိကျတဲ့ အဖြေတစ်ခုမရ။ Jisoo အိမ်ဘက်သွားကြည့်တော့လည်း ဘာအရိပ်ယောင်မှ မတွေ့ ။ Nayeonကို မေးကြည့်တော့လည်း သူလည်း Jenလိုပဲ သတိရနေတာ ဘာအဆက်သွယ်မှမရဘူးတဲ့ ။ ဟူး .... စိတ်ပူတယ် ။ သူ တစ်ခုခု ဖြစ်သွားရင် Jen ဘယ်လို လုပ်ရမလဲ။
"Lisa .... ! "
နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ မေးစရာ Lisaပဲရှိတော့ ။ ရင်းနှီးတဲ့ ဆက်ဆံရေးမဟုတ်ပေမဲ့ သူ့အိမ်ဘက်သွားပြီး စကားပြောဖို့ ကြိုးစားနေခြင်းဖြစ်သည်။
"Jennie Kim ပါလား ဘာကိစ္စလဲ "
Jenကို မြင်တော့ နှုတ်ခမ်းတစ်ချက်မဲ့ရင်း မျက်နှာခပ်တင်းတင်းဖြင့် ပြန်မေးလာခြင်းဖြစ်သည်။
"Jisoo ဘယ်မှာရှိလဲသိလား။ ကျွန်မ သူနဲ့ အဆက်သွယ်မရလို့ "
"အဟက် 😆 အချိန်တစ်လကျော်ကြာမှ သတိရပြီး လာမေးတယ်ပေါ့။ ဘာလဲ ဒုက္ခပေးစရာရှိလို့ သတိရတာလား"လှောင်ရယ် ရယ်ပြီး ခနဲ့တဲ့တဲ့ မေးလာတဲ့ Lisaကို ပြန်အော်ပစ်ချင်ပေမဲ့လည်း ကိုယ်မှားခဲ့တာအမှန်ပဲလေ။
"Kim Jisoo မရှိတော့ဘူး ။ ရှင် ရက်စက်ချင်တိုင်း ရက်စက် ရှင် လှည့်စားချင်တိုင်း လှည့်စားလို့ရတဲ့ Kim Jisoo မရှိတော့ဘူး "
"ဘယ်လို တစ်ကယ် တစ်ကယ်လား Jisoo မရှိတော့တာက "
"ဟုတ်တယ် သေပြီ !။ ရှင် အရူးလုပ်ချင်တိုင်း လုပ်လို့ရတဲ့ Kim Jisoo သေသွားပြီ "မဟုတ်ဘူး ။ မဟုတ်ဘူး သူညာနေတာ သူ Jenကို ညာနေတာ တစ်ကယ်မဟုတ်ဘူး ။
"သိလား Jisoo Unnieက ရှင့်ကို သူ့အသက်နဲ့ ထပ်တူချစ်ခဲ့တာ ။သူ့ကိုရှင် စိတ်မပူပဲ တစ်ယောက်ထဲ ညမိုးချုပ်ကြီး ဆိုးလ်မြို့အပြင်မှာ ထားခဲ့တာတောင် သူက သူ့ကိုယ်သူထက် ရှင့်ကိုပဲ စိတ်ပူနေခဲ့တာ ။ သူစာမေးပွဲ မဖြေရတာထက် ရှင်စာမေးပွဲ မဖြေနိုင်မှာကို ပိုစိုးရိမ်ခဲ့တဲ့သူ။ အဲ့ဒါတွေက တုံးလို့အလို့ မာနမရှိလို့မဟုတ်ဘူး ရှင့်ကို ချစ်လို့ တစ်ကယ်အစစ်မှန် ချစ်လို့ အရာရာ သူ အလျော့ပေးခဲ့တာ ။ ဒါပေမဲ့ ရှင်က Unnie အချစ်နဲ့ မြူမှုန့်တစ်စက်လောက်တောင် မတန်ဘူး ။ ရှင့်ကြောင်း Unnie ဘဝတစ်ခုလုံး ပျက်စီးသွားရတယ်။ ရှင့်ကြောင်း ..."
YOU ARE READING
💛Y.E.L.L.O.W💛