Part 8

2K 164 0
                                    

"Unnie ရာ ထိုင်ပါဦး ၊ မျက်စိကို နှောက်နေတာပဲ 😕"

အရင်ပတ်က Jennie Unnieတို့နဲ့ အိမ်ချင်းကပ်လို့ ပြောပြီးထဲက Soo Unnieက အမြဲတမ်းလိုလို Lisaတို့အိမ်ကို လာနေခြင်းဖြစ်သည် ။ ပြောတော့ Chaeနဲ့Lisaကို စာမေးပွဲနားနီးလို့ စာလာပြပေးတာပါတဲ့ ။ အခုထိ ကိုယ်တွေကို ဘာစာတစ်လုံးမှမပြသေးပဲ ဝရန်တာမှာ မျက်စိနောက်လောက်အောင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာမလို့ လှမ်းပြောလိုက်ရခြင်းဖြစ်သည် ။

"ဟီး ။ ဟိုဘက်အိမ်က ဒီနေ့အပြင်ထွက်တာမတွေ့ရဘူးနော်"
"ဟုတ်တယ် သူတို့က ပိတ်ရက်ဆိုရင် အပြင်သိပ်မထွက်ဘူး ချောင်းမနေနဲ့"
"မချောင်းပါဘူး "
"မချောင်းလို့သာပဲ ရောက်ထဲက မထိုင်ဘူး😏"
"Unnie , Unnie ဘာပဲလုပ်လုပ် Chaeမတားသလို ဝင်လည်းမပါဘူးဆိုတာက Unnieကို ပျော်စေချင်လို့နော် ။ Unnie ပျော်ရမှာသေချာတယ်ဆိုရင် ဘာပဲလုပ်လုပ်ဖြစ်တယ် ဒါပေမဲ့ Unnieနာကျင်ရမယ်ဆိုရင်တော့ ဘာကိုမှ အထိခိုက်ခံပြီးဆက်လုပ်ခွင့်မပေးဘူးနော်"

Sooနဲ့Lisa ပြောနေတုန်း Chaeက ဝင်ပြောလာခြင်းဖြစ်သည် ။ Chaeပုံစံက လေးလေးနက်နက်ပြောနေသလို ။ Chaeက Soo ကို အရမ်းချစ်တာသိပါတယ် ။ Soo တစ်ခုခုထိခိုက်မိတဲ့အခါ Sooမငိုခင် အရင်ငိုတက်တဲ့ ကောင်မလေးမျိုး ။ Sooရဲ့ ဒဏ်ရာကို သူ့ဒဏ်ရာလို သဘောထား‌တဲ့သူ ။ Soo ထက် နှစ်နှစ်ငယ် ပေမဲ့ တစ်ခါတစ်လေ
အခုလို လူကြီးလေးတစ်ယောက်လို ပြောနေတက်တယ် ။ ဒီလို ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရတာကလည်း ကံကောင်းခြင်းတစ်ခုပါပဲ ။

"အင်း စိတ်ချ ။ ကိုယ့်ကိုယ်ကို ထိခိုက်ခံပြီး ဘာမှမလုပ်ပါဘူး "
"ဟုတ်ပြီ ။ လာ  သွားမယ် အဲ့ဒါဆို"
"အမ် ။ ဘယ်ကိုသွားမှာ "
"Jennie Unnieတို့ အိမ်ကိုလေ"
" အမ် ကိုယ်မသွားရဲဘူး ။ ဘာကိစ္စမှမရှိပဲ"
"ရော ... ကိစ္စက ဖန်တီးရင်ရတာပဲ ။ Unnieတို့ နောက်လ စာမေးပွဲဖြေရတော့မှာမလား "
"လာ Lisa နင်လိုက်သွားလိုက် ။ နင်က အဲ့အိမ်နဲ့ ရင်းနှီးတော့ "
"အမ်"

သူပဲ လိုက်ပို့တော့မဲ့ ပုံစံပြောနေပြီး အခုကျ ကိုယ့်လက်ထဲ လွဲထည့်😐

"ဘာလဲ ။ လိုက်မပို့ချင်တာလား ။ Unnieက နင်နဲ့ငါ အခုလို ချစ်သူတွေဖြစ်ဖို့အများကြီး ကူညီခဲ့ပေးတာ သိတယ်မလား ။ ပြန်ကူညီရမဲ့ အချိန်ရောက်ပြီ"
"ဟုတ်ပါပြီရှင့် ။  ပြန်ကူညီပါမယ် ။ ကိုယ့်ချစ်‌သူလေးရဲ့အလိုတိုင်း အရောက်ပို့ပေးခဲ့ပါမယ် ဒီUnnieကြီးကို ဟို အချေစိန်ဆီ "

 💛Y.E.L.L.O.W💛Where stories live. Discover now