📳Ring Ring📳
လက်ထဲက ဖုန်းအသံမြည်လာတာနဲ့ အမြန်အဆန် ကောက်ကိုင်လိုက်ရင်း
"Hello "
" Hello, Jisoo လား "
"Nae"
"ကိုယ်ပါ lrene "
"ဟုတ် Soo ဖုန်းမျှော်နေတာ ပြန်ရောက်ထဲက "
"အင်း။ ကိုယ်ဆက်မလို့ပဲ ဒီမှာ နည်းနည်းအလုပ်ရှုပ်သွားတာနဲ့ နောက်ကျသွားတာ sorryနော် "
"ရတယ် ရတယ် ။ နေ့ခင်းက ဘာတွေဆက်ဖြစ်ကြသေးလဲ Jen , Soo ကို အရမ်းစိတ်ဆိုးသွားပြီးလား "
"အင်း ။ သူ အခုလောလောဆယ်တော့ နည်းနည်းစိတ်ရှုပ်သွားတယ် ထင်တယ် ။ စိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ ။ ပြီးတော့ နေ့ခင်းက စကားပြောနေရင်း ကိုယ် Sooကို နမ်းမလို လုပ်လိုက်တာက Jen အိမ်ထဲဝင်လာတာကို တွေ့လိုက် လို့ ရုတ်တရပ် Soo စကားပြောနေတာကို သူကြားသွားမှာစိုးတာနဲ့ အဲ့လိုလုပ်လိုက်မိတာ "
"Aww ... ""Unnie , အပြင်မှာ အေးနေပြီလေ ဘာလုပ်နေတာလဲ အထဲမဝင်သေးဘူးလား"
"အင်း , ဝင်မယ် Chae ခဏလေး "ဝရန်တာမှာ ရပ်နေတာ တော်တော်ကြာပြီမလို့ အထဲဝင်ဖို့ လှမ်းပြောလာတဲ့ Chae ကို ပြန်ပြောပြီး စကားဆက်လိုက်သည်။
"အဲ့ဒါဆို Jen က အဲ့ကိစ္စထပ်မေးလာခဲ့ရင်ရော ဘယ်လိုပြောရမလဲ "
"သူ ထပ်မေးမှာမဟုတ်တော့ပါဘူး ကိုယ်ရှင်းပြပြီးပြီ ။ တစ်ကယ်လို့ ထပ်မေးခဲ့ရင်လည်း အင်း လို့ပဲ ဖြေလိုက်"
"ဟုတ် , သူ Sooကိုတော့ မမုန်းသွားလောက်ပါဘူးနော် "
"မမုန်းပါဘူး Sooရဲ့ ၊ Sooကိုမုန်းစရာမှမရှိတာ ။ အရင်ထက်တောင် အခြေနေပိုကောင်းရင် ပိုကောင်းလာဦးမှာ ။ အဲ့ကိစ္စကို တွေးပြီး စိတ်ပူမနေနဲ့နော် "
"ဟုတ် "
"အင်း အဲ့ဒါဆို ကိုယ် ဖုန်းချလိုက်တော့မယ်နော်။ Good night "
"ဟုတ် Good night "Irene Unnie နဲ့ ဖုန်းပြောပြီတော့မှ ရင်ထဲက အလုံးကြီးက ကျသွားတော့တယ် ။ ပြန်ရောက်ထဲက တစ်ခုခုဖြစ်မှာ စိုးနေတာနဲ့ပဲ ကောင်းကောင်းတောင် မထိုင်ရသေး ။ အခုမှ ဗိုက်ကလည်း ဂွီး ခနဲ ထ မြည်းလာ ။ တစ်နေကုန် စားချင်စိတ်မရှိတာနဲ့ ဘာမှမစားရသေးတာအခုမှ ဗိုက်ဆာလာ ။
📳Ring Ring 📳
မီးဖိုးခန်းထဲမှာ ခေါက်ဆွဲပြုတ်စားမလို့ လုပ်နေတုန်း ဖုန်း ထပ်မြည်လာဝာာနဲ့ ကြည့်လိုက်တော့ (💛My Yellow💛 ) ဆိုပြီး မှတ်ထားတဲ့ contact လေး ။ အဲ့ဒါက ကျောင်းသားရေးရာ စာအုပ်ထဲကနေ ခိုးကြည့်ပြီး မှတ်ထားတဲ့ Jennie နံပါတ်လေး ။ ဖုန်းနံပါတ် ရှိပေမဲ့ မဆက်ရဲတာနဲ့ တစ်ခါမှခေါ်မကြည့်ဖူးတဲ့ နံပါတ်လေးက အခုထမြည် လာတာ ။
ဟုတ်ရဲ့လား ဆိုပြီး မယုံနိုင်တာနဲ့ မကိုင်ပဲ နေနေပေမဲ့ နောက်တစ်ခါ ထပ်ခေါ်တာလာနဲ့ ကိုင်ကြည့်လိုက်သည် ။
YOU ARE READING
💛Y.E.L.L.O.W💛