Part 15

1.8K 184 6
                                    

" Jisoo yah ! "

Chae ဆီက မုန့်တစ်ခုလုစားပြီး အတန်းဘက်ကိုပြေးမလို့ လုပ်နေတုန်း အနောက်ကနေ လှမ်းခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ပါးဖောင်းဖောင်းလေးတွေ အပေါ်အစ်တက်ပြီး သွား‌သေးသေးလေးတွေပေါ်တဲ့ အထိ ပြုံးပြနေတဲ့ Mandu ။ အဲ့အပြုံးလေးက Soo မြင်ဖူးသမျှ အပြုံးတွေထဲမှာ တစ်ကယ်ကို မြတ်နိုးဖို့အကောင်းဆုံး အပြုံး ။ ဖြူစင်ခြင်းအပြည့်နဲ့ ။

"yah, ဘာလို့ အဲ့လောက်တောင် စိုက်ကြည့်နေတာလဲ "
"အမ် ...ဟို ... နင် နင်ပြုံးတာမတွေ့ဖူးလို့ "
"မတွေ့ဖူးဘူးလား "
"အင်း အရင်က တစ်ခါမှ နင်ပြုံးမပြဖူးဘူး "
"ဟုတ်လား၊ အာ့ဆိုအခုက စပြီး ငါနင်ကို အများကြီးပြုံးပြမယ် "

ပြောလည်းပြော Soo လက်ကို လည်းဆုပ်ကိုင်လိုက်တာကြောင့် လူတစ်ကိုယ်လုံး သွေးတွေက ပြောင်းပြန်စီးဆင်းသွားသလို ခံစားလိုက်ရ ။

"နင့် လက်တွေ အေးစက်နေတာပဲ ။ နေမကောင်းဘူးလား "

ပါးစပ်ကမေးရင်း ကျန်တဲ့လက်တစ်ဖက်ကလည်း Soo နဖူးပေါ် ကျလာ တာကြောင့် ဂျွတ်ထိုးသံပါ ထွက်သွားမိ။
"ရော ဂျွတ်တွေပါထိုးလာပြန်ပြီ ။ အသားကတော့ မပူပါဘူး ။ အဆင်ပြေရဲ့လား "
"အမ် အဆင်... အဆင်ပြေပါတယ် ။ ငါဘာမှမဖြစ်ပါဘူး "
"အင်း ပြီးရော ၊ လာ အဲ့ဒါဆို အတန်းထဲသွားမယ် "

အခုဖြစ်နေတဲ့အခြေနေတွေက အိမ်မက်လား ဘာလား Soo မသုံးသပ်နိုင် ။ မြတ်နိုးရတဲ့ လူသား‌လေးက Soo လက်ကို တင်းနေအောင် ဆုပ်ကိုင်ပြီး တွဲထားတာ ။ အမြဲတမ်း ရှားရှားပါးပါး ခိုးကြည့်နေရတဲ့ အပြုံချိုချိုလေးတွေကိုလည်း အခု တဝကြည့် ငေးကြည့် နေရတာ ။ အိမ်မက်ဖြစ်နေရင်တောင် Soo မနိုးထချင်တော့ ။

.................

"ဟဲ့ Jisoo ,နင် ဘာဖြစ်နေတာလဲ"

မနက်က Jennie Kim နဲ့ ထူးထူးဆန်းဆန်း အတန်းထဲလက်တွဲ ဝင်လာပြီးထဲက ဘေးမှာ ပြုံးဖြီးဖြီးနဲ့ ကျောက်ရုပ်ကြီးလို ထိုင်နေတာ ။ ဆရာမ စာတွေသင်သွားတာလည်း သူတစ်လုံးမှ လိုက်မရေး ။ ငုတ်တုတ်ကြီး အသက်ပျောက်‌နေ တာလားမသိ ။

" ဟဲ့ Kim Jisoo ရေ , ငါပြောနေတာရော ကြားရဲ့လား ။ အသက်ရှိသေးလား ပြစမ်း "

 💛Y.E.L.L.O.W💛Where stories live. Discover now