"ပါး Unnie ဘာမှမဖြစ်လောက်ပါဘူးနော် "
"အင်း ခုနက ဆရာဝန်ကြီးပြောသွားတယ်လေ အားနည်းလို့ လဲသွားတာတဲ့ ။ အရမ်းမစိုးရိမ်ပါနဲ့ အခုက အားဆေးထိုးထားလို့ အိပ်ပျော်နေတာ ပြီးရင် သတိရလာလိမ့်မယ် "
" Chae အော်လိုက်တာ အရမ်းလွန်သွားလား ပါး ။ Chaeကလေ Unnie စိတ်ထဲမှာ Chaeတို့အပေါ် အားနားနေတာမျိုး သူစိမ်းဆန်တဲ့အတွေးတွေ ရှိမနေစေချင်လို့ ပြောလိုက်တာ ။Chae , Unnieကို အရမ်းချစ်လို့ အဲ့လိုပြောလိုက်မိတာ "
"ဒယ်ဒီ သိပါတယ်ကွယ် ။ Sooလည်း နားလည်မှာပါ ။ အရမ်းကြီး စိတ်ပူမနေနဲ့ ။ သွား အိမ်ပြန်အိပ်လိုက် ။ Sooကို ဒယ်ဒီ စောင့်နေပေးလိုက်မယ်"
"ရတယ် ပါး ပြန်လိုက် သမီးစောင့်နေမယ် ။ သမီး Unnieကို အော်လိုက်မိတာလေ Unnieသတိမရသေးပဲ မပြန်ချင်ဘူး နော် ပါး ပဲ ပြန်လိုက်ပါ "
"ပြီးရော အာ့ဆို ဒယ်ဒီ ပြန်လိုက်တော့မယ် ။ မနက်ကျမှ သမီးအမေနဲ့ ယူစရာ ရှိတာတွေ ယူပြီး ပြန်လာခဲ့မယ်"...........
"ပါး ကောင်းကောင်းပြန်နော် ။ မား ကိုလည်း အရမ်းစိတ်ပူမနေဖို့ ပြောလိုက်ဦး"
"အေးပါ ။ သမီးလည်း သမီးUnnieကို သေချာစောင့်ကြည့်နေနော် ။ တစ်ခုခု ဖြစ်ရင် ဒယ်ဒီတို့ ကို ဖုန်းလှမ်းဆက်"
"Nae"............
"ဟင် Jennie ပါလား သူဒီကို ဘာလာလုပ်တာပါလိမ့် ။Unnie ဆေးရုံတက်နေရတာ သူမသိလောက်ပါဘူး။"
ပါး ကို ကားပါကင်ထိ လိုက်ပို့ပေးပြီး ဆေးရုံထဲပြန်ဝင်လာတဲ့အချိန် ဆေးစာရွက်တွေကိုင်ပြီး ဗျာများနေတဲ့ Jennieကို တွေ့လိုက်ရခြင်းဖြစ်သည်။"📳Ring Ring📳"
"Hello Lisa "
"Chae , Unnie ဆေးရုံတင်ထားရတယ်ဆို ဘာဖြစ်တာလဲ"
"ဆရာဝန်ကတော့ အားနည်းပြီး လဲတာလို့ ပြောတာပဲ။ ဒါပေမဲ့ ငါUnnieကို ဆိုးလ်မှာ သွားခေါ်တုန်းက တစ်ကိုယ်လုံးအေးစက်ပြီး လုံးဝဖြူဖတ်နေတာ"
"ဟုတ်လား Unnieက ဆိုးလ်ကို ဘာသွားလုပ်တာ "
"ငါထင်တာတော့ Jennieနဲ့ သွားတာထင်တာပဲ ဘာလို့တစ်ယောက်ထဲကျန်ခဲ့တာလဲတော့မသိဘူး။ ခုနက Jennie ကို တွေ့လိုက်တယ် စကားသွားပြောမလို့ လုပ်နေတုန်း နင့်ဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်တာ အခုမတွေ့တော့ဘူး "
"Irene Unnie ဒီနေ့အစည်းဝေးမှာ မေ့လဲသွားလို့ ဆေးရုံတင်လိုက်ရတယ်လို့တော့ ဒယ်ဒီပြောတယ်"
"အဲ့ဒါကြောင်း ထင်တယ် ငါသူ့ကို တွေ့လိုက်တာ တော်တော်လေးဗြာများနေတာ"
"အင်း ငါ့ချစ်လေးလည်း အရမ်းဗြာများမနေနဲ့နော် ။ တစ်ညလုံးမအိပ်ပဲနဲ့မနေနဲ့ ။ အခုရော ဘာစားပြီးပြီးလဲ"
"ခုနက ကော်ဖီနဲ့ ပေါင်မုန့်ဝယ်လာလိုက်တယ်။အဲ့ဒါပဲစားလိုက်တော့မယ် ။ ည အိပ်နေလို့က ဘယ်ဖြစ်မလဲ ။ Unnieကို စောင့်ကြည့်နေရမှာကို"
"ငါ့ချစ်လေး သနားပါတယ်။ ငါမုန့်တွေဝယ်ပြီး လာခဲ့ရမလား"
"အမယ်လေး ရပါတယ် အစ်မတော်ရယ် မနက်မှလာခဲ့ ။ တော်ကြာ လူနာထက် လူနာရှင်အတွဲက ပိုဆိုးနေတယ် ဖြစ်နေပါဦးမယ်"
"ဟိဟိ"
"ငါဖုန်းချလိုက်တော့မယ်နော် မအားတော့လို့ Good night Baby I love you Mwae Mwae 😘"
YOU ARE READING
💛Y.E.L.L.O.W💛