"အဲ့ဒါ ဘာလုပ်နေကြတာလဲ! "
တစ်ဆက်တည်းကြားလိုက်ရတဲ့အော်သံကြောင်း လူက ဒီကမ္ဘာကြီးထဲကပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရ ။
"အဲ့ဒါဘာလုပ်နေကြတာလဲလို့ မေးနေတယ်လေ!"
လွယ်ထားတဲ့ ကျောပိုးအိပ်ကို ကြမ်းပြင်ပေါ် ဝုန်းခနဲ ပစ်ချပြီး မေးလာတဲ့ Jen ပုံစံက ပေါက်ကွဲထွက်တော့မဲ့ဗုံးတစ်လုံးလို ။
"ဒီမှာ မင်းထက်ငယ်တဲ့သူတစ်ယောက်မှမပါဘူး Jennie Kim ။ မင်းအော်စရာမလိုဘူး "
"ဟဲ့ Kim Jisoo ငါမေးနေတာ ဖြေလေ"
Irene Unnie ပြောတဲ့စကားကို ဂရုမစိုက်ပဲ Sooကိုသာ စားတော့ဝါးတော့မဲ့ ပုံစံနဲ့ စေ့စေ့စိုက်ကြည့်ရင်း ထပ်မေးလာခြင်းဖြစ်သည်။
"ငါ...ငါ ...ရှင်းပြပါမယ် "
"Jennie Kim , မင်းက ငါ့စကားကို ဂရုမစိုက်တာလား ဟမ်း ! တစ်သက်လုံး အလိုလိုက်လာလို့ ရောက်တက်တာလား ။ Jisoo ကို မင်း ဘာမှအော်စရာမလိုဘူး "
"Soo yah သူ့ကို ဘာမှရှင်းပြမနေနဲ့ ။ သွား ပြန်တော့ ညနေကျ ကိုယ်ဖုန်းဆက်မယ်"
Jen ကို ပြန်အော်ပြောရင်း Sooကိုပါ အိမ်ပြန်ဖို့ တစ်ပြိုင်ထဲ ပြောလာခြင်း ဖြစ်သည် ။ Jenရဲ့အကြည့် စူးစူးတွေကို ရင်မဆိုင်ရဲတော့သလို တောင်းပန်တဲ့အကြည့်နဲ့ ကြည့်ပြီး ပြန်ဖို့ပြောလာတဲ့Irene Unnie ကြောင်း Soo လွယ်အိပ်ကို ကောက်ကိုင်ပြီးသာ အပြင်ကို အမြန်ပြေးထွက်လာခဲ့လိုက်သည် ။
" မမ ... ဘာတွေဖြစ်နေတာလဲဆိုတာ
Jenကို နည်းနည်းလေးတောင် ရှင်းမပြချင်ဘူးလား "ဒီနေ့ ကျောင်းကိုနေ့တစ်ဝက်ပဲတက်ပြီး
အိမ်ပြန်လာခဲ့တာ ။ အိမ်ထဲဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက နှလုံးသားတစ်ခုလုံးအရိုက်ခံလိုက်ရသလို နာကျင်ရ ။ မမIrene က အဲ့Kim Jisoo ရှေ့ကနေ ကာပြီပြောပေးနေတာက တစ်ကယ်ရင်နာဖို့ကောင်းတယ် ။ အခုလည်း Jisoo ကို ပြန်လွှတ်ပြီး Jenကို ဘာမှရှင်းမပြပဲ အပေါ်တက်ဖို့ ပြင်နေတာ ။"ငါ့မှာ မင်းကို ရှင်းပြစရာ ဘာစကားမှမရှိဘူး Jennie Kim . မင်း ဘယ်လို ထင်လဲ မင်းထင်တဲ့အတိုင်းပဲ အဓိပ္ပာယ်သတ်မှတ်လိုက် "
YOU ARE READING
💛Y.E.L.L.O.W💛