Part 35 (Final)

5.6K 297 31
                                    

"အဲ့ဒါဆို အဲ့တုန်းက Chuu က ‌ဆိုးလ်မှာ ဆေးသွားကုနေခဲ့တာပေါ့"
"အင်း "
"အဲ့ဒါကို ဘာလို့ ငါ့ကို အကုန်လုံး အဆက်သွယ် ဖြတ်သွားရတာလဲ။ ဒီမှာ တစ်ခုခုဖြစ်သွားပြီးထင်ပြီး ဘယ်လောက်ထိ စိတ်ပူခဲ့ရလဲသိလား။ ဆေးရုံးမှာ နောက်ဆုံး လာတွေ့တဲ့ နေ့က မမ Irene အတွက် နှလုံးရှာပေးမယ်လို့ ပြောခဲ့ပြီး အဲ့ညပဲ မမIreneက နှလုံးအစားထိုးဖို့ ရခဲ့တာလေ။ အဲ့ကြောင်းတွေ ပြန်သိတဲ့နေ့က ငါ့မှာ အရူးလိုပဲ ဟိုပြေးရဒီပြေးရ ဆေးရုံသွားမေးတော့လည်း ဆေးရုံကမပြောပြ chuuတို့ အိမ်ရှေ့လာကြည့်တော့လည်း  ဘာအရိပ်ယောင်မှမတွေ့ရ lisaကို သွားမေးတော့လဲ သေပြီတဲ့ ပြောလွတ်လိုက်တော့ ဘယ်လောက်တောင် ရင်ကွဲခဲ့ရလဲသိလား "

ရင်ခွင်ထဲကနေ နှုတ်ခမ်းကြီးတထော်ထော်နဲ့ အရင်ကအကြောင်းတွေ ပြန်ပြောပြီး ရန်တွေ့နေတဲ့ ကောင်မလေးရဲ့ ပါးလေးကို ခပ်ဖွဖွလေးပြန်ညှစ်ပြီး ကိုယ့်အကြောင်းတွေ ပြန်ရှင်းပြဖို့ ပြင်ရသည်။

"အဲ့ဒါက အကြောင်းရှိတယ်လေအချစ်ရဲ့။ အဲ့တုန်းက ကိုယ်ရော ရင်တွေကွဲခဲ့ရတာပဲလေ။ ကိုယ် သိပ်မြတ်နိုးတန်ဖိုးထားပြီး ချစ်ရတဲ့ကောင်မလေးက ကိုယ် မဟုတ်တဲ့အခြားတစ်ယောက်ကို ချစ်နေပြီ ကိုယ့်ကိုကျ အသုံးချဖို့သက်သက်တွဲခဲ့တာလို့ သိလိုက်ရတာ ဘယ်လောက်ထိ ပြိုလဲရလဲ အရူးလိုပဲ။ တစ်ကယ်လည်း အဲ့နေ့က ကိုယ့်နှလုံးကို Irene Unnieဆီထုတ်ပေးလိုက်ဖို့ ဆုံးဖြတ်ပြီးသား ။ တစ်ကယ်သတ်သေဖို့ ကြိုးစားခဲ့ပေမဲ့ ကိုယ်က ကားရှေ့မရောက်သေးခင် အရင် သတိလစ်မေ့သွားတာပဲ"

မျက်ရည်လေးတွေဝဲပြီး ငြိမ်နားထောင်နေတဲ့ ကလေးရဲ့ ပါးလေးကို တစ်ချက်နမ်းပြီး အရင်ကြောင်းတွေ ပြန်ပြောဖို့ အားယူရတယ်။ အဲ့တုန်းကအကြောင်းတွေ ပြန်မပြော‌ချင်ပေမဲ့ ကလေးငယ်က သိချင်နေတာကြောင်း ဆက်ပြောဖို့ ပြင်လိုက်တယ်။

"နောက်နေ့ ကိုယ် သတိရတော့ စိတ်တွေက ပုံမှန်ဖြစ်မနေဘူးတဲ့ အဲ့ဒါကြောင်း ဆိုးလ်မှာ ကိုယ့်ရောဂါကို တက်ကုဖို့ ဆုံးဖြတ်လိုက်ကြတာတဲ့။ တစ်လလောက်ထိ ကိုယ်က အရူးလိုပဲ အလိုလိုနေရင်း ရှိုက်ငိုနေခဲ့ပြီး အိပ်နေချိန်တောင် မျက်ရည်တွေ ကျနေခဲ့တာတဲ့။ ပြီးတော့ ချောင်းကပ်ထိုင်နေပြီး ကြောက်လန့်နေတက်တယ်။ တစ်ခါတစ်လေတွေမှာ နာမည်တစ်ခုထဲကိုပဲ အထပ်ထပ်ခေါ်နေတက်သလို တစ်ခါတစ်လေကျတော့လည်း အဲ့နာမည်ကို မကြားရဲလောက်အောင် ကြောက်နေခဲ့တယ်တဲ့ "
"အဲ့နာမည်က  ဘယ်သူ့နာမည်လဲ"

You've reached the end of published parts.

⏰ Last updated: Jul 22, 2020 ⏰

Add this story to your Library to get notified about new parts!

 💛Y.E.L.L.O.W💛Where stories live. Discover now