လေတွေက ပိုတိုက်လာသလို ခံစားရတယ် ။ Jen မေးလာတဲ့မေးခွန်းအတွက် Sooမှာ တိကျတဲ့အဖြေရှိပြီးသား ဆိုပေမဲ့ တစ်ကယ်ဖြေလိုက်လို့ ဖြစ်ပါ့မလား။
လည်ချောင်းတွေ ခြောက်လာသလို ခံစားရတာကြောင့် ဘေးနားကအအေးဗူးကို ယူပြီး မော့ချလိုက်ပေမဲ့ အဆင်ပြေမသွား ။ Jenကတော့ Soo ပြန်ဖြေမဲ့ အဖြေကိုပဲ အချိန်ပေးပြီးစောင့်နေသလို ဘာမှထပ်ပြောမလာ ။"မကြိုက်ပါဘူး "
Jenက မယုံသလို မျက်စောင်းလှန်ကြည့်လာတယ်။ Soo လက်ထဲကအအေးကို ကုန်အောင်မော့ချပြီး စကားအမြန်ဆက်ရသည်။
"မကြိုက်ဘူး ငါက နင့်ကို ချစ်တာ ။ မြတ်မြတ်နိုးနိုးနဲ့ကို ချစ်တာ ။ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်နဲ့ ချစ်တာ "
Chaeပြောသလိုပဲ တွေးကြောက်နေမဲ့အစား တစ်ခုခုကို ထလုပ်လိုက်တာက ပိုကောင်းတယ်မလား ။ ပါးကို လက်နဲ့ အရိုက်ခံရမလား နှာခေါင်းနဲ့ အရိုက်ခံရမလား ဆိုတာကတော့ ကိုယ့်ကံတရားပေါ့ ။ Jen ကတော့ ပြောလာမဲ့စကားကို ကြိုသိနေတဲ့အတိုင်း အံ့ဩတဲ့ပုံစံလည်း မပြသလို ဒေါသထွက်တဲ့ပုံစံလည်း မပြ ။
ဒါပဲလေ Jen လိုချင်နေတာဒါပဲ ။ သူJenကို ကြိတ်ကြွေနေတယ်ဆိုတာ သိတာပေါ့ ။ ဒီတစ်ခါ နင်အသည်းပြန်ကွဲစေရမယ် Jisoo 😆
" တော်သေးတာပေါ့ ငါက နင်ဒီတစ်သက် ဝန်မခံတော့ဘူး မှတ်နေတာ"
ဖွင့်ပြောလိုက်ရင် တစ်ခုခု ဝိုင်းဒိုင်းကြဲ ဖြစ်သွားမယ်လို့ တွေးကြောက်နေခဲ့တာတွေနဲ့ တစ်ခြားစီ Jenက တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြုံးလေး ပြန်ပြောလာတာ ။
"ငါ ငါချစ်နေတာကို နင်ကသိနေတာလား"
"မသိပဲနေမလား အရူးမရဲ့ ငါနဲ့ ပတ်သတ်ရင် နင်အမြဲပျာယာခတ်နေတာကို"
"ဟီး အဲ့လောက်ထိတောင် သိသားနေခဲ့တာလား "သူသိနေရဲ့သားနဲ့ Sooကို ဘာလို့ အနားကပ်ခံခဲ့ပြီး ရင်းရင်းနှီးနှီးနေပေးခဲ့တာလဲ သူလည်း Soo ကို ...
"အင်း ဟုတ်တယ် ငါလည်း နင့်ကို သဘောကျတယ် "
အမ် Soo စိတ်ထဲက အတွေးတွေကိုပါသူက သိနေတာလား ။
"အဲ့လောက်ထိ အံ့ဩမနေနဲ့ အခုချိန်မှာ အဲ့ဒါပဲ တွေးနေမယ်ဆိုတာ ငါသိလို့"
YOU ARE READING
💛Y.E.L.L.O.W💛