Part 2

2.7K 174 5
                                    

"ဟဲ့ ဒီနေ့အရှေ့ကတစ်ယောက်မလာဘူး ထင်တယ် "
"အင်း ဟုတ်မှာပေါ့ ၊ မလာတော့ပိုတောင်ကောင်းသေး မျက်စိဆံပင်မွေးစူး သက်သာတယ် "

ကျောင်းတက်တာ တစ်လ ရှိသွားပေမဲ့
Jennie Kim ဆိုတဲ့ကောင်မလေးက ဘယ်သူနဲ့မှ မရောနှော ။ သူ့ဘေးမှာ ထိုင်တဲ့ကောင်မလေးနဲ့တောင် စကားပြောတာ သိပ်‌မတွေ့ဘူး ။ဒါပေမဲ့သူကစာတော်တယ် ။ ဆရာမ ဘာမေးမေး သူအကုန်ဖြေနိုင်တယ်။  ကျောင်းစတက်တဲ့ ရက်ထဲက တစ်ခါမှလည်းကျောင်းနောက်မကျတက်ဘူး ဒီနေ့မှ ဆရာမဝင်နေပြီ ဖြစ်ပေမဲ့ သူရောက်မလာသေးတာကြောင်း Soo ,Nayeonကို ပြောနေခြင်းဖြစ်သည်။

"Jisoo , ဟဲ့ Kim Jisoo ရေ"
"ဘာလဲဟာ လန့်တာ အသဲကုန်အော်နေတာပဲ "
"Aww အေး ငါခေါ်နေတာကြာပြီ နင်မကြားပဲနဲ့ စိတ်တွေက ဘယ်ရောက်နေတာ"
"ဘယ်မှမရောက်ပါဘူး ။ ပြော ဘာပြောမလို့လဲ "
"မုန့်စားဆင်းနေပြီလေ နင်အဲ့မှာပဲ ထိုင်နေတော့မှာလား "
"အင်း ငါဗိုက်မဆာဘူး ဒီနေ့ နင့်ဘာသာသွားစားလိုက်တော့"
"ဟဲ့ Jisoo နင်ဆေးမှားသောက်လာတာတော့ မဟုတ်ပါဘူးနော် "
"သောက်စ‌ရာလား "
"မသိဘူးလေ အရင်က မုန့်စားမဆင်းခင်ထဲက နင့်ခြေထောက်ကအတန်းပြင်ရောက်နေပြီ ဒီနေ့ကျမှထူးဆန်းနေတာကို "
"ဘာမှမထူးဆန်းဘူး ငါတစ်ကယ်ဗိုက်မစားလို့ တစ်ယောက်ထဲသွားလိုက်တော့နော် "
"ပြီးတာပဲ သွားပြီ"

လက်သီးထောင်ပြပြီးထွက်သွားတဲ့ Nayeonကို Soo သွား32ချောင်းလုံးပေါ်အောင်ပြန်ပြုံးပြလိုက်ရ။ ဒီနေ့ Sooကိုယ်တိုင်လည်း ဘာဖြစ်လို့ဖြစ်နေမှန်းမသိ ။ နေရတာမပျော်တာတော့သေချာတယ် စာသင်စိတ်လည်းမရှိ စားချင်သောက်ချင်စိတ်လည်းမရှိ ။ အရှေ့က မြင်နေကျ ကျောပြင်သေးသေးလေးကို မမြင်ရလို့လား ၊ ဆရာမစာသင်နေချိန် အနောက်မှာ မုန့်ခိုးစားလိုက် စကားပွစိပွစိပြောပြီးဟီလာထလိုက်လုပ်နေတဲ့ Sooတို့ကို တစ်ချက်တစ်ချက်လှည့်ကြည့်တက်တဲ့ မျက်လုံးစိမ်းကြီးတွေကို မမြင်ရလို့လား မသိ
Soo တစ်ခုခုကို သတိရနေတာတော့သေချာသည်။

"Nayeon , ငါပြန်ပြီ ဆရာမေးရင်ကြည့်သာပြောလိုက်တော့"

Soo ပြောပြီး ဟိုဘက်ကပြန်ပြောတာမစောင့်တော့ပဲ ဖုန်းစက်ပိတ်လိုက်‌သည်။ ယုန်းမ တစ်ယောက်သူ့ကို မခေါ်ပဲ အတန်းလစ်လို့ ပွစိပွစိဆဲနေတော့မှာ သေချာ ။ ဒီနေ့ အတန်းထဲမှာနေရတာမပျော် Nayeon နဲ့လည်း စကားမပြောချင်တော့တာကြောင်း Soo နေ့ခင်းပိုင်းအချိန်မတက်တော့ပဲ အတန်းလစ်လာခြင်းဖြစ်တယ်။ ဘယ်သွားမယ်လို့တော့
ရေရေရာရာ မရှိ ခြေဦးတည်ရာ လျှောက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။

 💛Y.E.L.L.O.W💛Where stories live. Discover now