Part 11

1.9K 170 3
                                    

"ပါးစပ်လေးလည်း နည်းနည်းပါးပါး ပြန်စိပါဦး ။ လေဖြတ်နေဦးမယ်"

ကုတင်ပေါ်မှာ ခေါင်းအုံးပိုက်ပြီး ထိုင်နေရင်း စာအုပ်ကြီးကို ကြည့်ပြီးတစ်ပြုံးပြုံး လုပ်နေတဲ့ Unnieကို Chae စာပွဲပေါ်မှာ စာလုပ်နေရင်းကနေ
လှမ်းပြောနေခြင်းဖြစ်သည်။
ညနေက Irene Unnie တို့အိမ်က ပြန်လာပြီးထဲက ပြုံးစိစိဖြစ်နေတာက အခုထိမရပ်။

"ဟီး ပျော်လို့ပါ ။ Unnie ဒီနေ့Jenနဲ့စာပွဲခုံးတစ်ခုထဲထိုင်ပြီး Jen ချက်တဲ့ဟင်းကို စားလာရတာ 😙😁"

"Unnie အဲ့စကားကိုပြောနေတာ အခေါက်ပေါင်း ၁၃၆ ခါမကတော့ 😕 Chaeလည်းအလွတ်မှတ်မိနေပြီ 🙂 "

"ဟုတ်လား ။ ‌မပြောရသေးဘူး ထင်လို့ 😛"

Jennie အကြောင်းပြောတာနဲ့ မျက်လုံးတွေက အရောင်လက်ပြီး ပျော်ရွှင်နေတဲ့ Unnieက တစ်ကယ်ကလေးလေး အတိုင်း ။ Unnie အခုလို အစစ်မှန်ပြုံးပျော်နေတဲ့ပုံမျိုး မမြင်ရတာတော်တော်ကြာပြီ ။ Unnieကအမြဲတမ်း ဘာမှမဖြစ်သလို ပြုံးပျော်နေတက်ပေမဲ့ တစ်ခါတစ်လေကျ ကွယ်ရာမှာ တစ်ယောက်ထဲ ငိုင်နေတက်တာ ။

"Unnie "
"ပြောလေ Chae"
"Chae ... Unnieကို အစ်မအရင်းတစ်ယောက်လို မဟုတ်ဘူး အဲ့ထက်ပိုပြီး အများကြီး ချစ်တာ Unnie သိတယ်နော်"
"သိတာပေါ့ Chaeရဲ့ ၊ Unnie , Chaeလေးကြောင်းပဲ ဒီနှစ်တွေမှာ အများကြီး ပျော်ရွှင်ခဲ့ရတာလေ ။ ဘာဖြစ်လို့လဲ"
"အင်း ။ အဲ့ဒါကြောင်း Unnie ကို အမြဲတမ်း ပျော်ရွှင်နေတာမျိုးပဲ တွေ့ချင်တာ ။ Unnieက ခံစားချက်တွေ ဝမ်းနည်းစရာ ကိစ္စတွေကိုလည်း ဘယ်သူ့ကိုမှ ထုတ်ပြောမပြပဲ တစ်ယောက်ထဲပဲ ကွယ်ရာကြိတ်ခံစားတက်တဲ့ သူမလို့ Unnieကို အချစ်ကြောင်းနဲ့ နာကျင်ခံစားရမှာစိုးတယ် ။ Unnie သူ့အပေါ်မှာ အများကြီး စိတ်မနှစ်စေချင်သေးဘူး ။ သူကSt8လား ဘာလား သေချာသိသေးတာမဟုတ်လို့ Unnie ခံစားရမှာစိုးလို့ "

"အင်း ။ Chae ပြောချင်တာကို ကိုယ်သိပါတယ် ။ စိတ်ချပါ ကိုယ် ကိုယ့်ကိုကိုယ် နာကျင်အောင်မလုပ်ပါဘူး ။ အဲ့စကားက အတည်ပြောတာမလို့ ယုံပေးနော် "

"အင်း ... တစ်ကယ်လို အဆင်မပြေတာတွေ နာကျင်စရာတွေရှိရင်လည်း ပြောပြရမယ်နော် "
"အင်း ☺"
"ကတိ "
"ကတိပါရှင့် "
"ဟီး ပြီးရော အဲ့ဒါဆိုအိပ်တော့မယ် ။ Unnieရော အိပ်တော့ "
"ဟုတ်ပါပြီး အတူတူအိပ်မယ် လာ "

 💛Y.E.L.L.O.W💛Where stories live. Discover now