"အဟမ်း ကျောင်းတွေဘာတွေ အတူတူလာလို့ နှစ်ယောက်က အဲ့အဆင့်ထိတောင် ရောက်သွားပြီးပေါ့"
Nayeon ကအတန်းထဲရောက်ရောက်ချင်း ပြုံးစိစိနဲ့ မဲ့ရွဲ့မေးလာခြင်းဖြစ်သည်။
"ဘယ်အဆင့်မှ မရောက်ဘူး ။ ငါတို့က ရိုးရိုးသားသားပဲ "
Jen က တွဲနေတာ ကျောင်းကသူတွေကို မသိစေချင်သေးဘူး။ Nayeonကိုလည်း ပြောမပြနဲ့ဦးလို့ မှာထားလို့ ညာပြောလိုက်ခြင်းဖြစ်သည်။တစ်ကယ်ဆိုရင် စတွဲတဲ့နေ့ထဲက Nayeonကို ကြွားချင်နေတာ ပါးစပ်ကိုယားလို့ 😕
"သူ့ဘက်ကပဲ ရိုးသားရင် ရိုးသားမယ် နင့်ဘက်က မရိုးသားတာတော့ ငါသိတယ်"
"အေးဟေ့ မရိုးသားဘူး ဖြစ်နိုင်ရင် အခုချက်ချင်း 'မ'ပြေးပြီး မင်္ဂလာဆောင် ပစ်ချင်နေတာ"
"ဟားဟား သိပါတယ် နှာဘူးဆိုတာ "
"ရီမနေနဲ့ ဆရာမလာပြီ ""ကဲ အမှတ်စာရင်းတွေ လာယူကြမယ်။
ရော့ အတန်းခေါင်ဆောင် သူတို့ကို တစ်ယောက်ချင်းစီ ဝေပေးလိုက်""Kim Jisoo နင့်ကိုငါ ဘယ်လောက်ထိ မျှော်လင့်ထားတယ်ဆိုတာ နင် သိတယ်နော် ။ နင် ဘာလို့ ကိုယ့်ကိုယ်ကို ဖျက်စီးနေတာလဲ ။ နင်နဲ့ ပေါင်းတဲ့သူ အကုန်အမှတ်တွေတက်လာတယ် ။ Nayeonလည်း အဆင့်10ထဲ ပြန်ဝင်လာတယ်။ နင် တစ်ယောက်ထဲ ကွက်ပျက်စီးနေတာ သိလား ။ ဒီမှာကြည့်စမ်း အဲ့နေ့က ဘာသာတာ လာဖြေခဲ့ရင်
အခုချိန်မှာ အဆင့်1ကို Jennie Kim နဲ့ ပြိုင်နေရလောက်ပြီ "ဆရာမက Soo စာရွက်ကို ထောင်ပြပြီး ဆူနေခြင်းဖြစ်သည်။
" Jisoo လူတစ်ယောက်က ဘဝမှာ အနည်းဆုံး တစ်ခါတော့ ကျရှုံးတက်တာပဲ။ တစ်ခါ ကျရှုံးတိုင်း လွယ်လွယ် လက်လျော့လိုက်မယ်ဆိုရင် နင်က ဘယ်တော့မှ အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာတော့မှာမဟုတ်ဘူး။ မနှစ်က နင်ဘယ်လောက် လိမ္မာထက်မြတ်လိုက်လဲ စည်းကမ်းရှိတဲ့အတန်းခေါင်းဆောင် စာတော်ပြီး ရုပ်အရမ်းချောတဲ့ အတန်းခေါင်းဆောင်ဆိုပြီး ငါ့အတန်းမှာ သတင်းမွှေးခဲ့တဲ့သူက အခုဖြစ်ချင်တိုင်းဖြစ်နေတာ နင်မရှက်ပေမဲ့ ငါတော့ အရမ်းရှက်မိတယ်။ မနှစ်က နင် စာမေးပွဲကျခဲ့တယ်ဆိုတာက စာမေးပွဲခန်းထဲမှာ မေ့လဲသွားလို့ ဒါကိုလူတိုင်းသိတယ် ။ အဲ့ဒါရှက်စရာမဟုတ်ဘူး ။ အဲ့ဒါနဲ့ပျက်စီးသွားစရာမလိုဘူး။အခုလိုတွေ လျှောက်လုပ်နေတာကမှ တစ်ကယ် ရှက်စရာ။ နင် Nayeonကို အားမနာဘူးလား သူပါ နင့်ကြောင်း အတန်းကျခံခဲ့တာ "
YOU ARE READING
💛Y.E.L.L.O.W💛