📳 Ring...Ring 📳
အိပ်ယာက နိုးနိုးချင်း Jenဆီကို မက်ဆေ့ ပို့မလို့လုပ်နေတုန်း သူ့ဆီက ဖုန်းဝင်လာခြင်းဖြစ်သည် ။ သူနဲ့Soo တွဲနေတဲ့ တစ်လအတွင်းမှာ Sooဘက်ကပဲ မိုးလင်းထဲက တစ်နေကုန် မက်ဆေ့တွေပို့ထားတက်ပေမဲ့ သူကတော့ ပြန်ချင်တဲ့အချိန်မှပြန်တယ် ။ တစ်ချို့ရက်တွေဆို လုံးဝမပြန်ဘူး ။ ဖုန်းခေါ်ရင်လည်း
မမ Ireneက ဖုန်းပြောတာမကြိုက်ဘူး ဆိုပြီး ဖုန်းမကိုင်တာများတယ် ။ အခု သူ့ဘက်က အရင်စခေါ်လာတာဆိုတော့ ရင်ခုန်သံတွေက တဒုတ်ဒုတ် ။ သူ့ဘက်က ဖုန်းခေါ်လာတဲ့နေ့တွေဆို ပျော်ရတဲ့ ကိစ္စကများတယ် ။ "မမIreneနဲ့ အပြင် လျှောက်သွားကြမယ် ။ မမIrene အလုပ်မသွားရလို့ အိမ်မှာမုန့်လုပ်စားရအောင် လာခဲ့ပါလား " အဲ့လိုမျိုးလေးတွေ ပြောပြီးခေါ်တက်တယ် ။ အဲ့လိုရက်မျိုးတွေဆိုရင်တော့ အချစ်ခံရတဲ့ နေ့တွေပါပဲ ။ Jenက Sooတို့တွဲနေတဲ့ အကြောင်းကို Irene Unnieကို အသိပေးထားတယ် ။ Irene Unnie
ရှေ့မှာဆို အမြဲ Sooကို ပိုချစ်ပေးတယ်။"Hello Jen ... "
"ဖုန်းကိုင်တာက ကြာလိုက်တာ ။ ဘာလုပ်နေလို့လဲ"
"Sorry Jen ,အိပ်ပျော်နေလို့ မကြားလိုက်လို့"
"အခုထိ အိပ်နေတုန်းလား ။ ဒီနေ့ ဘာနေ့လဲ ရော သိလား "
"အမ် ဘာနေ့လဲ"
"yah! ကျောင်းပြန်တက်ရမဲ့နေ့လေ ပြက္ခဒိန်လေး ဘာလေးလည်း ထကြည့်ပါဦး"
"အား ဟုတ်သား မေ့နေတာ ဟီး"
"သိတယ် အဲ့လိုမေ့နေမယ်မှန်း သိလို့ ဖုန်းဆက်လိုက်တာ ထတော့ ရေမိုးချိုးပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ထား ငါ လာခေါ်မယ်"
"ဘယ်...ဘယ်လို ...နင် လာခေါ်မယ် ဟုတ်လား"
"အင်းလေ မမIreneက သူလိုက်ပို့မယ်တဲ့ "
"အင်း အင်း ပြီးရော ငါအဲ့ဒါဆို အခုချက်ချင်းထပြီး ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်တော့မယ် "
"ဟုတ်ပါပြီး အေးဆေးပဲလုပ် ရတယ် အရမ်းမလောနဲ့ အာ့ဆို ဖုန်းချလိုက်တော့မယ်နော် အာဘွား "အား... ဒီကောင်မလေးနဲ့တော့ ရူးတော့မှာပဲ ကြည့်ပါဦး မနက်အစောကြီး ဖုန်းဆက်လည်းနှိုးပေးသေးတယ် စကားချိုချိုလေးတွေလည်း ပြောသွားသေးတယ် ပြီးတော့ အနမ်းလေးတောင်ပေးသွားသေးတယ် ။ အား... သေပါပြီ ပျော်လွန်းလို့🤣 ။ အဲ့ဒါကို Chaeနဲ့ Lisa က တစ်ခါတစ်လေ Jennie က Unnieကို တစ်ကယ်ရော ချစ်လို့လား တွဲမယ်ပြောပြီး ဂရု့လည်း မစိုက်ဘူး ဆိုပြီး အပြစ်တင်နေကြသေး ။ ဒီလိုတွေ ဂရုစိုက်တာကျ သူတို့မှမမြင်ပဲ 😏
YOU ARE READING
💛Y.E.L.L.O.W💛