"ထည့်စားလေ Jisoo "
"Nae ""Unnie , ဒါစားကြည့် အမဲသားကို နူးအိနေအောင် ပေါင်းထားပြီးတော့ spicy ဆော့လေးနဲ့ ပြန်ချက်ထားတာ "
Nae လို့ ပြောပြီး အမဲသားပန်ကန်ကို လက်လှမ်းမလို့ရွယ်တုန်း Jenက အရင်ယူပြီး Irene Unnie ထဲကို ထည့်ပေးနေခြင်းဖြစ်သည် ။ ကိုယ့်မှာ ရှက်ရှက်နဲ့ ဘေးက ကင်(မ်)ချီ ကိုသာ လှမ်းယူပြီး စားလိုက်ရ 😐 ။
"Jisoo-shi , အရွက်ချည်းစားမနေနဲ့ အသားတွေယူစား ။ ရော့ "
"သူက အသားမစားဘူးUnnieရဲ့ ၊ ကျောင်းမှာဆိုလည်း အရွက်ပဲစားတာ ။ အသားဆို Jen ထဲပဲ ထည့်ပေးတာ ။ နော် ..."
ရော့ ဆို Irene Unnie ထည့်ပေးလာတဲ့ အသားတုံးကို သူက အရှေ့ကနေ ပန်ကန်ကို ထိုးခံယူလိုက်ပြီ ကိုယ့်ကိုအရွက်ပဲစားတာဟု သူ့မမကို ပြောနေခြင်းဖြစ်သည် ။ တစ်ကယ်ကပ်စေးနှဲးလေးပါပဲ သူချက်ထားတာကို ကိုယ်စားမှာ ဆိုးနေတာ 😕 ။
"အမ် ... ဟုတ်တယ် Unnie , ညီမက အသားမစားဘူး "
"တွေ့လား ။ Jenပြောသားပဲ ။ ရော့ ပဲကြာဇံသုပ် စား "သူ့မမကို ပြောပြီး ကိုယ့်ပန်ကန်းထဲ ပဲကြာဇံသုပ်တွေလာထည့်ပေးတဲ့ ချေစိန် ။ သူ့ဟင်းတွေကိုယ်မစားတော့ဘူး ဆိုပြီး ပျော်သွားပုံ ကိုယ့်ထဲကိုတောင် ဟင်းတွေဘာတွေလာထည့်ပေးနေတာ 😂 ။ အသားမစားရလဲ နေပါစေတော့ အခုလို သူက ကိုယ်စားဖို့ဆိုပြီး ပန်ကန်ထဲ လာထည့်ပေးရုံနဲ့ တင် ကျေနပ်နေပါပြီ ။ ပဲကြာဇံသုပ်မဟုတ်ပဲ မုန့်ညှင်းရွက်အစိမ်းကြီးတွေ ဖြစ်နေရင်တောင် အားရပါးရ ထိုင်းစားပစ်လိုက်မှာ ။
"ဟားဟား စမနေကြပါနဲ့တော့ကွာ ကလေးတွေမဟုတ်ပဲနဲ့ ။ ရော့ Jisoo ဒါလေး စားကြည့် တစ်ကယ်ကောင်းတယ် အသားကနူးညံ့ပြီးတော့ စပ်စပ်လေး ။ Jenသေချာချက်ထားတာ"
"မစပါဘူး 😕 သူ့ကို စစရာလား😕"
Irene Unnieက စနေတယ်ထင်ပြီး ထပ်မစဖို့ပြောရင်း Sooထဲကို အမဲသားဟင်းလေး ခပ်ထည့်ပေးလိုက်တော့ ခုနက အောင်နိုင်သူလိုပြုံးဖြီးနေတဲ့ သူက အခုကျတော့ နှုတ်ခမ်းလေးစူပြီး ပွစိပွစိ ပြောနေလေရဲ့ 😆 ။ တစ်ကယ် ချစ်စရာ ကလေးပေါက်ပါပဲ ။ ကျောင်းမှာတွေ့နေကြအချေစိန်ပုံစံနဲ့ တစ်ခြားစီ ။
YOU ARE READING
💛Y.E.L.L.O.W💛