" Jisoo , ငါ ပြန်လိုက်မပို့တော့ဘူးနော် အရေးကြီး ကိစ္စလေး သွားစရာရှိလို့ "
" ဘယ်ကိုသွားမလို့လဲ "
"ဆိုလ်းကို ပြန်မလို့ "
"ဘာဖြစ်လို့လဲ ဘာပြန်လုပ်မှာလဲ "
" yah! ဘာလို့ အဲ့လောက်တောင်မေးနေတာလဲ။ အမေးမြန်းထူတာ ငါမကြိုက်ဘူး"အော်လိုက်တော့ မျက်နှာလေး ညှိးသွားပြန်တော့လည်း Jen စိတ်မကောင်း ။ အခုရက်ပိုင်း သူ့ပေါ် Jenစိတ်တွေ ပျော့ချင်နေတာ မဟုတ်သေး ။
"ဒီညနေ မမIreneနဲ့ ဆိုးလ်ကို ပြန်မယ် မနက်ကျ ဒီကို ပြန်လာမယ် ဒါပဲ လျှောက်တွေးပြီး စိုးရိမ်းမနေနဲ့ သွားပြီ"
ဘာကိစ္စ သူ့ကို အခုလို ရှင်းပြ ခဲ့မိမှန်းမသိ။ သူ့ဘာသာ စိုးရိမ်း မစိုးရိမ်း ကိုယ်အပူပါတာမှမဟုတ်တာ ။ စိုးရိမ်နေတော့ ပိုတောင်ကောင်းသေး ။ သူနာကျင်ရမှာ ကိုယ်ကလဲ့စားချေတာ ပိုအောင်မြင်မှာကို ။
.............
Jen သွားဖို့ အကုန်ပြင်ဆင်ပြီးသည် အထိ မမ Irene ပြန်မလာသေး ။ ဘာလဲ ဒီနေ့ ဘာနေ့လဲ သိရဲ့သားနဲ့ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ ။
"တီးလ် တီးလ် "
Jen ဖုန်းဆက်မလို့ ပြင်နေတုန်း အိမ်တံခါး ဘဲလ် တီးသံ ကြားလိုက်ရတာကြောင့် မမIrene ပြန်လာပြီ အထင်နဲ့အပြေးလွှား သွားဖွင့်လိုက်ပေမဲ့
" ဟင် Jisoo , ဘာလာလုပ်တာလဲ ။ ငါညနေ ခရီးသွားဖို့ရှိတယ်လို့ ပြောထားတယ်လေ"
"အင်း သိတယ် ။ ခုနက Irene Unnie က သူ ဒီနေ့အရေးကြီး အစည်းဝေးရှိလို့ နင့်ကို လိုက်မပို့နိုင်လို့ ငါ့ကို နင်နဲ့လအဖော်လိုက်သွားပေးလိုက်ပါဆိုပြီး ဖုန်းဆက်လို့ "
"ဘာ!"ဒီနေ့Jenအတွက် ဘယ်လောက်ထိအရေးကြီးတဲ့ နေ့မှန်းသိရဲ့သားနဲ့ အဲ့နေရာကို သူနဲ့ပဲ သွားနေကြဆိုတာ သိရဲ့သားနဲ့ အမြဲတမ်း Jenကို ဦးစားပေးနေကြသူက အခု အခု တမင်တကာ လုပ်တာJenသိတယ် ။ သူ့ရဲ့ Kim Jisoo ကို လု ယူထားတဲ့သူမလို့ နင့်ရဲ့ အားနည်းချက်တွေကို အဲ့လူရှေ့မှာ ထုတ်ပြလိုက်ဆိုတဲ့ အချိုးမျိုး ချိုးတာ😅 Jennie Kim ဘယ်လောက်ထိ အဆိပ်ပြင်းလဲဆိုတာ ပြရသေးတာပေါ့။
" ဒရိုင်ဘာ လာခဲ့ အခု သော့ပေး ငါ့ကို "
"ဘာလုပ်မလို့လဲ တူမကြီး ။ ဦးလေး လိုက်ပို့ပေးမယ်လေ။ မမလေးက တူမကြီးတို့ကို လိုက်ပို့ပေးဖို့ မှာထားတယ်"
"မလိုဘူး ။ ငါ့ဘာသာ သွားမယ် ။ စကားမရှည်နဲ့ သော့ပေး !"
" Jen, လူကြီးကို အဲ့လိုမပြောနဲ့လေ"
"နင် ဝင်မပါနဲ့ ငါ့ကိစ္စ ငါ့ဘာသာ ဘယ်လို ပြောပြော ! "
YOU ARE READING
💛Y.E.L.L.O.W💛