Part 4

2.2K 182 0
                                    

"ဟဲ့ နင့်ကို မနေ့က ဟိုအချေမ ပါးရိုက်လိုက်တယ်ဆို ဟုတ်လား "
"အင်း"
"တောက် , အဲ့နေ့က ငါမရှိလို့ပေါ့ကွာ ရှိရင် အဲ့နေရာမှာတင် ဒင်း ကို အမှုန့်ဖြစ်အောင်ပြန်လုပ်ပစ်မှာ ။ ဒါနဲ့ နေပါဦး နင်ကရော အရင်ကအဲ့လိုမဟုတ်ပါဘူး အခုမှ ဘာတွေဖြစ်နေတာလဲ "
"Nayeon , ငါ သူ့ကို ချစ်မိသွားပြီထင်တယ် "
"ဘာ ! ဘာ ဘာ ပြန်ပြောစမ်းပါ ။ ငါ နားကြားမှားသွားတာလားလို့ "
"မမှားဘူး အတည်ပြောတာ"
"ဟဲ့ Kim Jisoo နင် ပါးရိုက်ခံရပြီး ရူးသွားတာတော့မဟုတ်ပါဘူးနော်"
"အေး မသိတော့ဘူးဟေ့ ရူးတာကတော့ ပါးရိုက်မခံရခင်ထဲက ရူးသွားတာ ပါးရိုက်ခံရပြီးမှ သေချာသွားတာ"
"အေး အဲ့မှာ သေချာထိုင်ရူးနေလိုက်တော့ 🙂"

Nayeon စိတ်တိုလည်း တိုချင်စရာ Sooကိုယ်တိုင်လည်း ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိ ။ ဒီတစ်လဆိုတဲ့အချိန်တိုလေးအတွင်းမှာ လူတစ်ယောက်ကို ကြိုက်မိသွားနိုင်လို့လား ? မဟုတ်သေးဘူး စကားတောင်တစ်ခါမှ ကောင်းကောင်းမပြောဘူးတဲ့သူ တစ်ယောက်ကို ချစ်မိသွားနိုင်လို့လား ? Nayeon ပြောသလို ရူးသွားတာဖြစ်နိုင်သည်။ ကျောပြင်သေးသေးလေးက
အစ အမြဲကြုံနေတက်တဲ့ မျက်ခုံနှစ်ခု ပြီးတော့ တင်းမာနေတဲ့မျက်နှာ‌ထားလေး အရာရာအားလုံးကို သဘောကျနေမိတာတော့သေချာ ။

***
"Kim... Kim Jisoo "
"....."

ဒါအိမ်မက်လား တစ်ကယ်လား ? Jennie က သူ့ဘက်ကစပြီး Sooကို လာခေါ်တာ ။ ဘာလဲ အိမ်မက်လား ?Soo ငုတ်တုတ်ကြီး အိပ်ပျော်နေခဲ့တာလား ?

"ဟဲ့ Kim Jisoo အသက်ရှိသေးလား ဟိုမှာ ခေါ်နေတာလေ ပြန်ထူးလိုက်ဦး"

ဘာလဲ Nayeon ပါ အိမ်မက်ထဲရောက်နေတာလား ။
"အား ...ဟဲ့ ဘာလုပ်တာလဲ အရူးမ လူကို ဘာကိစ္စလာကိုက်တာလဲ"
"အိမ်မက်လားလို့ စမ်းကြည့်တာ "
"WTF အိမ်မက်ဖြစ်စရာလားဟဲ့ အရှေ့မှာ လူအကောင်လိုက်ကြီး ရပ်နေတာကို "
"ပြော ပြောလေ Jennie ,ဘာပြောမလို့လဲ "
"Aww, မနေ ကကိစ္စထပ်ပြီး တောင်းပန်ချင်လို့ပါ "
"ရတယ် ရတယ် တောင်းပန်စရာမလိုပါဘူး ။ ကိုယ့် စိတ်ထဲ ဘာမှမရှိတော့ဘူး တစ်ကယ် တစ်ကယ်"

Sooပါးစပ်ကြီးနားရွက်တက်ချိတ်မတပ် ‌ပြုံးပြီးပြန်ပြောနေမိခြင်းဖြစ်သည်။ ဘေးက Nayeonကတော့
သူနဲ့မဆိုင်သလို မျက်နှာကြီးစူပုတ်ပြီး
တစ်ဘက်လှည့်နေသည်။

 💛Y.E.L.L.O.W💛Where stories live. Discover now