"Chae .... ကိုယ် ရင်တွေကွဲမတက်နာကျင်နေရတယ်။ ကိုယ့် နှလုံးသားတစ်ခုလုံး စူးတွေနဲ့ဝိုင်းထိုးခံနေရသလို တစ်ဆစ်ဆစ်နဲ့နာကျင်နေတယ်😭။ ကိုယ်...ကိုယ် Jenကို အရမ်းချစ်တာ😭။သိလား သူ့အတွက်ဆိုရင် ကိုယ့်အသက်ကိုတောင် ပေးရဲတဲ့အထိ ချစ်တယ်။ ဒါပေမဲ့ ဒါပေမဲ့ အဲ့ ကလေးငယ်က ကိုယ့်ကိုမုန်းနေတာ ။ သူက ကိုယ့်ကို နာကျင်စေချင်ရုံသက်သက်တွဲခဲ့တာ😭
သူက ကိုယ့်ကမ္ဘာကြီးဖြစ်နေပေမဲ့ ကိုယ်ကကျ သူ့အတွက် ဘာလို့ ဘာမှ မဟုတ်ရတာလဲ ။ ဘာလို့လဲ ဘာလို့ကိုယ်က သူ့အတွက် မဖြစ်နိုင်ရတာလဲ"ဆေးရုံးထဲကထွက်လာပြီး ကားပေါ်မှာ သူ့ရင်ဘတ်ကို ရိုက်ပြပြီး နာနာကျင်ကျင် ရှိုက်ငိုနေတဲ့ Unnieကို ကြည့်ပြီး Chae ရင်တွေပါ နာလာတယ်။
"Unnie ... သူက တစ်ကယ်ပဲ Unnieကို နာကျင်စေချင်ရုံသက်သက်တွဲခဲ့တာလား"
"အင်း ဒါပေမဲ့ သူမမှားဘူး ။ သူက သူ့နာကျင်မှုအတွက် ကိုယ့်ကို ပြန်ကလဲ့စားချေချင်ရုံသက်သက် "
"သူမမှားရင် ဘယ်သူမှားတာလဲ ။ သူမမှားရင် ဘယ်သူမှားတာလဲလို့ ! ဟမ်း ! Unnie ဒီလောက်ထိ ရင်တွေကွဲမတက်နာကျင်နေရတာတောင် အဲ့မိန်းမကို အပြစ်မမြင်သေးဘူးလား ။ သူက သူက ဘာကောင်မ မလို့ Unnieလို လူမျိုးကို မုန်းနေခဲ့တာလဲ "Chaeလေသံကမာပြီး စကားလုံးတွေက ရိုင်းနေခဲ့တာ သိတယ် ။ ဒါပေမဲ့ Unnieအခုလို အရူးတစ်ယောက်လိုငိုကြွေးပြီး နာကျင်နေတဲ့ပုံကို ကြည့်ပြီး ဘယ်လိုနည်းမှ ယှဉ်ကျေးမနေနိုင်။
"မဟုတ်ဘူး သူ့အပြစ်မဟုတ်ဘူးလို့! 😭 သူလည်း လှည့်စားခံရတာ ။ သူချစ်တဲ့သူဆီက လှည့်စားခံရတာ အဲ့ဒါကြောင်း သူက ကိုယ့်ကိုမုန်းနေခဲ့တာ"
ငိုနေတဲ့ကြားက သူ့ချစ်သူကို ပြန်ကာကွယ်ပေးနေတဲ့ Unnieက တစ်ကယ်အရူးနဲ့တူတယ်။
"သူ ချစ်တဲ့သူက ဘယ်သူလဲ Ireneလား။ အဲ့မိန်းမလား။ "
Unnieက ဘာမှပြန်မဖြေတော့ပဲ ကလေးတစ်ယောက်လို ကဏှာမငြိမ်ပဲ ရှိုက်နေရင်း တိတ်ဆိတ်သွားတယ်။ ဒီပုံစံက ဟိုအရင် Unnie အဖေနဲ့အမေကို ဆုံးရှုံးလိုက်ရတုန်းက Unnieဖြစ်နေခဲ့တဲ့ ပုံစံတွေနဲ့တစ်ပုံစံ။ အဲ့လိုပြန်ဖြစ်လိုမရဘူး ။ ဒီအခြေနေထိရောက်အောင် Unnieဘယ်လောက်ထိ တင်းခံပြီး ကြိုးစားခဲ့ရလဲဆိုတာ Chaeအသိဆုံး။
ဒီလောက် ဒဏ်ရာတွေနဲ့ သနားစရာကောင်းတဲ့ Unnieဘဝကို ညီအစ်မနှစ်ယောက်ပေါင်းပြီး လှည့်စားခဲ့ကြတာ။ သိပ်မုန်းဖို့ကောင်းလိုက်တဲ့သူတွေ။
YOU ARE READING
💛Y.E.L.L.O.W💛