Part 5

2.2K 170 1
                                    

"ဟိတ် ထတော့ အိပ်ပုတ်မလေး"

ပါးကိုလက်နဲ့ဖွဖွလေးညစ်ပြီး နှိုးလာတဲ့
မမ Irene ကြောင်း Jenမျက်လုံးမဖွင့်
သေးခင် မျက်နှာကြီးက အရင်ပြုံးနေမိ။ ချစ်တယ်။ ဒီကမ္ဘာကြီးထဲမှာ မမIrene တစ်ယောက်ထဲကိုသာ ချစ်တယ်။ Jenရဲ့ ပျော်ရွင်ခြင်း ဝမ်းနည်းခြင်း အရာအားလုံးက မမIrene ပေါ်မှာသာ မူတည်သည်။

"မထချင်သေးဘူး ။ အစောကြီးရှိသေး"
"တစ်ကယ်မထချင်သေးဘူးပေါ့ "
"အင်း"
"ပြီးတာပဲလေ ကိုယ်က ဒီနေ့အလုပ်မသွားပဲနဲ့ ကိုယ့်စကားကိုနားထောင်ပြီး
လိုက်လုပ်ပေးတဲ့ လိမ္မာတဲ့ကလေးလေးကို ဆုချတဲ့အနေနဲ့ ကစားကွင်း လိုက်ပို့ပေးမလို့ကို အခုတော့....
"တစ်ကယ်လား တစ်ကယ်ပြောတာလား အဲ့ဒါဆို အခုချက်ချင်းထပြီ"

စကားပင်မဆုံးသေး ဝမ်းသားအားရထပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့ ဝက်ဝံပေါက်လေးကို ကြည့်ပြီး ပြုံးနေမိ။ Jenလေးက ချစ်ဖို့လည်းကောင်းသလို သနားဖို့လည်းကောင်းတယ်။ ငယ်ငယ်ထဲက မိတဆိုးသမီးလေးပီပီ ထင်တိုင်းကြဲတက်ပေမဲ့ Ireneကိုတော့ တော်တော်လေးခင်တွယ်သည်။ အဲ့ဒါကလည်း သူ့အမေဆုံးသွားထဲကIrene ကပဲ အစ်မလိုအမေလို ဂရုစိုက်ချစ်ပေးခဲ့တာကြောင်းဖြစ်မည်။Irene ဘူဆန်ကိုအလုပ်ကိစ္စနဲ့ ပြောင်းရမယ်ပြောတော့ သူ့အဖေကို မရမကပြောပြီး သူပါIreneနဲ့အတူ ဘူဆန်ကိုလိုက်ပြောင်းနေခြင်းဖြစ်သည်။ ငယ်ငယ်က စိတ်ဒဏ်ရာတွေကြောင်း လူတွေနဲ့ ပေါင်းသင်းရမှာ ‌ကြောက်တဲ့ Jenလေးက အမြဲခပ်တည်တည်ပဲနေတက်တယ်။ အဲ့ဒါကြောင်း သူ့မှာအပေါင်းသင်းလည်းမရှိ။ ဒီမှာတော့ သူ့ကိုသူငယ်ချင်း ရစေချင်သည်။ ကျောင်းစတက်ထဲက တစ်ယောက်ထဲပဲဘယ်သူနဲ့မှ ရောရောနှောနှောနေတာမတွေ့ဘူးဆိုတဲ့ Lisaစကားကြောင်း အဲ့နေ့က Irene ကိုယ်တိုင် ကျောင်းကို လာကြည့်ခြင်းဖြစ်သည်။ ကျောင်းရှေ့မှာ ဖြစ်သွားတဲ့ အဖြစ်ပျက်တွေကြောင်းIrene ရင်ပူသွားတာအမှန် ။ ဒီပုံစံအတိုင်းဆို Jenလေးဘယ်လိုကျောင်းဆက်တက်မှာလဲ Jenလေးကို သူများတွေအဆိုးမမြင်စေလို အဲ့ဒါကြောင်း အဲ့နေ့က ကလေးမ နဲ့ ရင်းရင်းနှီးနှီးနေဖို့ ပြောလိုက်ခြင်းဖြစ်သည်။

"မမ ... မမ "
"အမ်"
"ဘာတွေတွေးနေတာလဲ ။ Jenခေါ်နေတာ ကြာပြီ"
"ဟုတ်လား sorry ကိုယ်နည်းနည်းအတွေးလွန်သွားလို့"
"ဟွန်း လူတစ်ယောက်လုံးဘေးထားပြီး
ဘယ်တွေလျှောက်တွေးနေတာလဲ"

 💛Y.E.L.L.O.W💛Where stories live. Discover now