"အဲ့ဒါဆို Lisa နဲ့ Irene Unnie တို့က အိမ်ချင်းကပ်ရပ်ပေါ့ ဟုတ်လား "
"ဟုတ်ပါတယ်ဆို ဒါပဲမေးနေတော့မှာလား ဒေါ်Kim Jisooရေ "
ညနေပြန်ရောက်ထဲက ဖုန်းဆက်ပြီးမေးနေတာ အခေါက်ပေါင်းတစ်သောင်းမကတော့ 😕 ကိုယ့်ကောင်မလေးအစ်မ ဖြစ်နေလို့သာပေါ့ စိတ်ကိုမနည်း ဆွဲဆန့်ထားရ 😕"ဟီး သေချာချင်လို့ပါ Lisa ရ ... တစ်ခြားအကြောင်း ဘာသိသေးလဲ"
"သူတို့က ဆိုးလ်က ပြောင်းလာတာ Irene Unnieက ဒီမှာကုမ္ပဏီတစ်ခုဖွင့်ထားတာ ဖေဖေတို့နဲ့ စီးပွားဖက်တွေ ပြီးတော့ Irene Unnie ရဲ့ မိဘတွေက နိုင်ငံခြားမှာနေတာ ဒါပဲ "
"ဒါပဲလား Jennie ကရော သူ့ညီမလား"
"Jennie Unnie က သူ့ညီမအရင်းမဟုတ်လောက်ဘူးထင်တယ် ။ ဘာလို့ဆို ဟိုတစ်ခါတုန်းက Jen Unnie ရဲ့
အဖေလာသေးတယ် အဲ့တုန်းကတောင် ဖေဖေတို့နဲ့ ညစာစားပြီးအလုပ်ကြောင်းတွေ ပြောသွားသေး "
"ဟုတ်လား ညီမအရင်းတွေထင်နေတာ"
"အင်း ညီမအရင်းတော့မဟုတ်ဘူး ဒါပေမဲ့ Jen Unnieက ငယ်ငယ်လေးထဲက သူ့အမေမရှိတော့ထဲက Irene Unnie နဲ့ အတူနေတာတဲ့ "
"Aww သူ့အမေက ဘယ်ရောက်သွားလို့လဲ "
"သူငယ်ငယ်လေးထဲက ကင်ဆာနဲ့ဆုံးသွားတာတဲ့ "
"Aww...."အချိန်ပြည့် စကားတွေမရပ်မနားမေးနေတဲ့ Unnie က အခုကျ ရုတ်တရက်ကြီး တိတ်ကျသွား....
"Unnie "
"ဟင် ..."
"ဖုန်းပြောရင်း အိပ်ပျော်သွားပြီလားလို့ ခေါ်ကြည့်တာ"
"Aww မအိပ်ပါဘူး Jen အကြောင်းကြားပြီး စိတ်မကောင်းဖြစ်သွားလို့ "အမြဲတမ်း မာနကြီးသလို မျက်နှာတည်နဲ့ တစ်ယောက်ထဲနေနေတဲ့ ကလေးရဲ့
နောက်ကွယ်မှာ ဒီလိုဝမ်းနည်းစရာ အဖြစ်ဆိုးကြီးရှိခဲ့တာပါလား ။ Jenရေ ဒီနေ့ကစပြီး မင်း နေ့ရက်တွေကို ပျော်စရာဖြစ်လာအောင် ငါဖန်တီးပေးမယ် ။"Unnie ညီမပြောတာကြားလား"
"အမ် ဘာပြောလိုက်တာလဲ Lisa , Unnie နည်းနည်းအတွေးများသွားလို့ "
"ကြည့် သူ သိချင်တာတွေသိသွားတော့ ဒီကပြောတာ အရေးမလုပ်တော့ဘူး"
"ဟီး sorry ... sorry ပြန်ပြော"
"ဟွန်း 😕 Unnie ဒီလိုတွေမေးနေတာ ရိုးမှ ရိုးရဲ့လားလို့ မေးတာ "
"ရိုးပါတယ်😛"
"မညာပါနဲ့ ဒီက Lisaပါနော် ဘာစကားက ဘယ်ကိုရောက်တယ်ဆိုတာ အကဲခတ် တက်တယ် မဟုတ်မှလွဲရော
Unnie , Irene Unnieကို စိတ်ဝင်စားနေတာလား "
"အမယ်လေး Lisaရယ် အစကဟုတ်မလိုနဲ့ လေကြီးလေကျယ်နဲ့မှန်းချထည့်တာ တလွဲတွေပါပဲ "
"မဟုတ်ဘူးလား "
"မဟုတ်ဘူး ကိုယ်က အချေစိန်လေး Jenပု ကို စိတ်ဝင်စားတာ😛"
"yah ... Unnie တစ်ကယ်ပြောတာလား"
"လန့်တာ Lisaရယ် ဖြေးဖြေးအော်ပါ ။
ငါက ညာစရာလား တစ်ကယ်ပြောတာပေါ့"
"အမယ်လေး သူက မလွယ်ဘူးအစ်မရေ... Irene Unnieက တည်ငြိမ်ပေမဲ့ သဘောကောင်းသေးတယ် သူကတော့ တော်တော်လေးကို ချေတာပါ ။ အိမ်ကို ညစာ လာစားတာ သုံးခါရှိပြီ တစ်ခါမှစကားဝင်မပြောဘူး ဘာတွေ ဘဝင်ခိုက်နေတာလဲ မသိ"
"ငါ့ ကလေးလေးက အဲ့လောက်လည်း မဆိုးသေးပါဘူးဟယ် ။ သူများ ကလေးလေးကို ပြောနေတာ မှိုချိုးမျှစ်ချိုး 😕 "
"အမယ်လေးလေး ဟိုက သူ့စိတ်ထဲတောင်မရှိဘူး သူက ကလေးလေးလုပ်နေတယ် "
"ဘာဖြစ်လဲ အခု မရှိသေးပေမဲ့ နောက်ရှိလာမှာပေါ့😌"
"Unnie ဘယ်သူနဲ့ဖုန်းပြောနေတာလဲ အကြာကြီးပဲ အခုထိမပြီးသေးဘူးလား "
သခွားသီးကို တစ်ဂျွတ်ဂျွတ်ကိုက်စားနေရင်း Chaeက မေးလာခြင်းဖြစ်သည်။
YOU ARE READING
💛Y.E.L.L.O.W💛