"နှုတ်ခမ်းကြီး စူပြီတော့ ဘာဖြစ်လာတာလဲ ။ Soo Unnieရော"
ကျောင်းကားပေါ်ကနေ နှုတ်ခမ်းကြီးစူပြီး ဆင်းလာတဲ့ အချစ်တော်လေးကို စိတ်အခြေနေကြည့်ပြီး မေးနေရခြင်းဖြစ်သည် ။
"မပါဘူး ။ ပါး ဆေးစစ်ဖို့သွားတာအဖော်ခေါ်သွားတယ် ။ အဲ့ဒါကြောင်း စိတ်ဆိုးနေတာ နင်စဥ်းစားကြည့် ပါး က ဆေးစစ်ဖို့သွားတိုင်း Soo Unnieကိုပဲ ခေါ်သွားတယ် ။ အခုလည်း စာမေးပွဲဖြေခါနီးနေတဲ့Soo Unnieကို ကျောင်းဖွင့်ရက်ကြီး ခေါ်သွားတယ် "
ပြောရင်း မောသွားဟန် အအေးဗူးဖွင့်ပြီး တစ်ကျိုက်ကျိုက် မော့သောက်ပြီး စကားဆက်သည် ။
" ငါ့ကိုကျတော့ တစ်ခါမှမခေါ်ဘူးလေ ။ Soo Unnie စိတ်ထဲ သူ့ကိုမွေးစားသမီးမလို့ အဲ့လိုတွေခေါ်နေပြီး ငါ့ကိုကျ
ဖူးဖူးမှုတ်ထားတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ ပြော (ဒါမှမဟုတ်) သူ့ စိတ်ထဲသိမ်ငယ်သွားရင်ရော "ဒေါသစိတ်နဲ့စိတ်မကောင်းဖြစ်တဲ့ စိတ်ရောပြီး Chae မျက်နှာလေးက ရဲနေ ။ Soo Unnieကို အရမ်းချစ်ပြီး Soo Unnieကို ထိရင် ဆက်ဆက်ထိမခံတဲ့ ကလေးလေးက အခုလည်း သူ့ဖေဖေက ဆေးစစ်တဲ့နောက်ခေါ်သွားလိုဆိုပြီး စိတ်ဆိုးနေတာ ။
" ရော အဲ့လိုမဖြစ်ပါဘူး ။ ချစ်လေးလည်း Soo Unnieရဲ့ စိတ်ကိုသိရဲ့သားနဲ့ Soo Unnieလား အဲ့လိုစိတ်မျိုး ဝင်မှာ ၊ ပြီးတော့ ချစ်လေး ဖေဖေနဲ့မေမေကလည်း ဘယ်တုန်းက Soo Unnieကို ခွဲခြားဆက်ဆံလို့လဲ ။ ချစ်လေး ထက်တောင် Unnieကို ပိုချစ်တယ်လို့ ထင်ရ"
"ဒါပေမဲ့ဟာ ... "
"ဒါပေမဲ့ဟာ မနေနဲ့ ၊ လာ ကျောင်းနောက်ကျနေပြီး အထဲဝင်မယ် ".............
"Hi ချစ်ရတဲ့Nayeon လေးရေ"
"ဘာလဲ အရူးမရေ ၊ နင် ကျောင်းမလာဘူးလား "
"အင်း ။ ဖေဖေ ဆေးစစ်တဲ့နောက် အဖော်ခေါ်လို့ လိုက်သွားတာ "
"Aww စာမေးပွဲဖြေခါနီးနေပြီး စွတ်ပျက်မနေနဲ့ဦး "
"အင်းပါ ။ သိတယ် ။ ဒါနဲ့ ငါ့ကလေးလေးကို strawberry Milk နဲ့ ကိတ်မုန့် တစ်ခုလောက် ဝယ်ပြီးပေးပေးပါလား "
YOU ARE READING
💛Y.E.L.L.O.W💛