"Morning Chuu... ဒီနေ့နှင်းအများကြီးကျမယ်တဲ့ နွေးနွေးထွေးထွေး ဝတ်လာနော် ချစ်တယ်🙆"
မက်ဆေ့တစ်စောင် ပို့ရတာ ဒီလောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းမယ်မှန်းမသိခဲ့။ မက်ဆေ့ ပို့ဖို့ ရေးနေတဲ့အချိန်မှာလည်း ရင်ခုန်ရတယ်။ မက်ဆေ့ပို့လိုက်တဲ့အချိန်မှာလည်း ရင်ခုန်ရတယ်။ Seenပြသွားရင်တော့ နှစ်ဆပိုပြီး ရင်ခုန်ရတယ်ပေါ့။ ဟိုဘက်က ဘာပြန်ပို့မလဲဆိုပြီး ဖုန်းကို လက်ကမချနိုင်။ notiသံမြည်းတာနဲ့ ရင်ကအဆတစ်ရာလောက် ခုန်ခုန်သွား ။ ဒါပေမဲ့ Chuu ကတော့ စာပြန်ပို့မလာပါ ။ အရင်က ကိုယ် သူ့ပေါ် အရေးမထားခဲ့သမျှ အခုတော့ ဘယ်လိုခံစားရမလဲဆိုတာ ကောင်းကောင်းကြီး နားလည်းနေပါပြီပေါ့။ ဒီတစ်ခါသာ အဲ့ကောင်မလေးကို ပြန်ရခဲ့မယ်ဆိုရင် အများကြီး တန်ဖိုးထားပြီး ချစ်သွားမှာ ။
............
"Nayeon ... ငါ Jisooနဲ့ ဘယ်လို ပြန်အဆင်ပြေအောင် လုပ်ရမလဲ ။ အခုဆို ကျောင်းလည်း ပိတ်တော့မယ်။ ကျောင်း ပိတ်သွားရင် သူနဲ့ငါနဲ့ တစ်ကယ်ဝေးသွားမှာ 😞"
မျက်နှာငယ်လေးနဲ့ ပြောလာတဲ့Jennieကို ကြည့်ပြီး စိတ်မကောင်း။ သူ နဲ့ Jisooကြားက ဖြစ်ခဲ့တဲ့ကိစ္စတွေ သူပြန်ပြောပြတဲ့နေ့ကဆို Nayeonပါ စိတ်ဆိုးလွန်းလို့ သူ့ကို သုံးချက်လောက် လက်မောင်းကို ဆင့်ရိုက်မိသွားတဲ့အထိ ။ အဲ့ဒါတောင် သူက စိတ်မဆိုးပဲ ငိုပြီး ပြန်တောင်းပန်နေခဲ့တာ။ သူ Jisooပေါ် အခုချိန်မှာ တစ်ကယ်ခံစားချက်အမှန်တွေပဲရှိတော့တာ Nayeonတောင် ခံစားမိတယ်။
"အင်း ဒီလိုလုပ် နှုတ်ဆက်ပွဲ နေ့ကြရင် နင်သူ့အတွက် သီချင်းတစ်ပုဒ်လောက် တက်ဆိုပြီး ပြန်တောင်းပန်ကြည့်ပါလား။ "
"သီချင်းဆိုပြရမယ်?"
"အင်း ... သီချင်းဆိုတာထက် အဓိကကတော့ အဲ့ပွဲနေ့မှာ နင်သူ့ကို လူအများကြီး ရှေ့မှာ ပြန်တောင်းပန်လိုက်ရင် သူနင့်အပေါ် ပြန်ယုံကြည်မယ် ထင်တာပဲ။ နင် ...အဲ့လိုလုပ်ရဲလား "
"အင်း လုပ်ရဲတယ်။ သူနဲ့ ပြန်အဆင်ပြေဖို့ဆို ငါ အကုန်လုပ်ရဲတယ်"................
စိတ်မလှုပ်ရှားဘူးလားလို့ မေးရင် လှုပ်ရှားတယ် ။ ဒီတစ်ပတ်အတွင်း အများကြီး လေ့ကျင့်ခဲ့တယ်ဆိုပေမဲ့ လူအများကြီးရှေ့မှာ စင်ပေါ်တက်ဆိုရမှာ မလို့ ကြောက်တယ်။ ပြီးတော့ Jisooဆီက ဘယ်လိုအဖြေပြန်ရမယ်မှန်းမသိလို့ ရင်ခုန်တယ်။
YOU ARE READING
💛Y.E.L.L.O.W💛