အား Kim Jisoo ကျန်ခဲ့ပြီ ။ လမ်းတစ်ဝက်ရောက်ခါမှ သတိရ ။ ဖုန်းတွေ ခေါ်ထားတာ မနည်းမနှော ။
"Hello "
"Jen , နင်အခု ဘယ်မှာလဲ ။ ဘယ်တွေသွားနေတာလဲ ။ မိုးချုပ်နေပြီ ကားကို တစ်ယောက်ထဲ ဘယ်တွေမောင်းသွားနေတာလဲ "ဖုန်းခေါ်လိုက်တယ်ဆိုရင်ပဲ စကားတွေ တရပ်စပ် တန်းလွှတ်နေတဲ့ သူ့အစား မောလိုက်တာ ။
"ငါ မမIreneဆေးရုံတင်လိုက်ရတယ် ဆိုလို့ စိတ်ပူပြီး မောင်းပြန်လာလိုက်တာ ။ နင့်ကို တစ်ကယ်မေ့သွားတယ် sorry "
"အခု တစ်ယောက်ထဲ ဘူဆန်ကို ပြန်နေတာလား "
"အင်း "
"ဒီအချိန်ကြီး ဖြစ်ပါ့မလား ။ လမ်းမှာ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ ။ မမIrene ကလည်း စိတ်ပူရတယ် ဆိုပေမဲ့ စိတ်တွေအရမ်းထွေပြား မနေပဲ ကားကို ဂရုစိုက်မောင်းနော်။ အရမ်းအမြန်ကြီးလည်း မမောင်းနဲ့။ မတော်တဆ ယာဉ်ထိန်းရဲ နဲ့တွေ့ရင်ရော ဘယ်လိုလုပ်မလဲ ။ လိုင်စင် နင့်မှာ လိုင်စင်မှ မရှိတာ ။ "
"yah ... စကားတွေအရမ်းပြောနေတာမမောဘူးလား ။ လိုင်စင်ရှိတယ် မရှိပဲနဲ့ ယာဉ်မောင်းလို့ရမလား ။ ခုနက နင့်ကို တမင်တကာ မရှိဘူးလို့ပြောတာ ။ ပြီးတော့ ငါ ရောက်ခါနီးနေပြီ အရမ်းကြီး စိတ်ပူမနေနဲ့ "
"အင်း ။ လိုင်စင်ရှိတယ်ဆိုရင်တော်သေးတာပေါ့ ။ မရှိဘူးထင်လို့ တစ်ခုခုဖြစ်မှာ စိတ်ပူနေတာ ။ အခုကောင်းကောင်းပြန်နော်။ လမ်းမှာ ဘယ်သူ တားတား ရပ်မပေးနဲ့ ကားတွေဘာတွေ ပျက်သွားရင်လည်း ဝပ်ရှော့ကို ဖုန်းဆက်ပြီး ကားထဲမှာပဲနေ "
"ရာ...ရာ .... အဲ့လောက်ထိ လျှောက်တွေးပြီး စိတ်ပူမနေစမ်းပါနဲ့ ။ ဘာမှမဖြစ်ဘူး။ ကားလည်းအကုန်စစ်ဆေးထားပြီးသား အသစ် မပျက်ဘူး စိတ်ချ ။ နင်သာ ဘယ်လိုပြန်မလဲ စိတ်ပူ ။ ဒီအချိန် အဝေးပြေးဆွဲတဲ့ကားလည်း မရှိတော့ဘူး ။ "ဟုတ်ပ Jenပြောမှ ကိုယ့်ကိုယ်ကို စိတ်ပူရမယ်မှန်းသတိရ ။ တစ်ချိန်လုံး Jenအတွက်ပဲ စိတ်ပူနေခဲ့တာ ။ ဒီက ဘယ်လို ပြန်မလဲ လည်း မစဉ်းစားမိ ။ အခုတောင် ကားဂိတ်မှာ ကိုယ် တစ်ယောက်ထဲ ။ တွေးရင်းနဲ့မှ ကြောက်လာ ။
" ရ ရတယ် ငါအဆင်ပြေတယ်။ အိမ်ကို လာကြိုခိုင်းလိုက်မယ် "
"အင်း ပြီးရော အဲ့ဒါဆို ငါဖုန်းချ လိုက်တော့မယ် "
YOU ARE READING
💛Y.E.L.L.O.W💛