" ဟာ .... ဦးလေးကြီး မြန်မြန် မြန်မြန် တံခါးဖွင့်ပေးပါဦး "
ဗိုက်ကို လက်နဲ့ဖိပြီး ကုန်းကုန်း ကုန်းကုန်းနဲ့ လမ်းလျှောက်လာနေတဲ့ ဂိတ်စောင့်ကြီးကို လှမ်းတွေ့လိုက်တာကြောင်း အော်ပြောလိုက်ခြင်းဖြစ်သည်။
" Jisoo စာမေးပွဲဖြေနေပြီမလား အပြင်မှာ ဘာလုပ်နေတာလဲ "
"ဗိုက်အောင့်လို့ အပြင်ဆေးခဏထွက်ဝယ်တာ ပြန်လာတော့ ဂိတ်စောင့်ကြီးက မရှိလို့ ထိုင်စောင့်နေတာ "
"ဟုတ်လား ။ ငါက မနက်ထဲက အစားလည်းမမှားပဲနဲ့ ဝမ်းခဏခဏ သွားနေတာ ။ အိမ်သာထဲကထွက်မယ်လုပ် ထပ်ရစ်လာတာနဲ့ ပြန်ဝင်လုပ်နေရတာ အခုမှ နည်းနည်းသက်သာလို့ ပြန်လာတာ "ဂိတ်စောင့်ကြီးက တံခါးဖွင့်ပေးရင်း ပြောနေခြင်းဖြစ်သည် ။
"ဟုတ်လား ။ ဂရုစိုက်ဦး ဦးလေးကြီးရေ "
" အေးပါ ။ မြန်မြန် သွား အခုလောက်ဆို ပြီးတောင်ပြီးနေလောက်ပြီ "ဦးလေးကြီးကို ခေါင်းငြိမ့် ပြပြီး အတန်းဘက်ကိုသာ တဟုန်းထိုးပြေးလာခဲ့လိုက်သည် ။
Jen စာမေးပွဲဖြေနေတဲ့ အခန်းဘက်ကို သွားမယ်အလုပ် အတန်းပိုင် ဆရာမကို
တွေ့လိုက်တာကြောင့် အမြန် ပုန်းလိုက်ရ ။ အခုချိန် ဆရာမတွေ့သွားလို့ မဖြစ်သေး ။ ဆရာမက မနှစ်ကSoo စာမေးပွဲမဖြေဖြစ်ပဲ ကျကျန်ခဲ့ထဲက Soo ကို အဲ့လိုထပ်ဖြစ်မှာ စိုးပြီး တစ်တွတ်တွတ်ပြောပြီး ဂရုစိုက်တက်သူမလို့ အခု Soo ထပ်မဖြေဖြစ်တာသိရင် ဗိုက်ခေါက်လိမ်ဆွဲပြီး ပွဲကြမ်းမှာသေချာ ။ အခုတော့ အဆူခံလို့မဖြစ်သေး Jen ကို ဆေးပေးရဦးမယ် ။ .......
" ဟိတ် Kim Jisoo , နင် စာမေးပွဲ မဖြေဘူးလား ။ ငါနင့်ကို အခန်းထဲမှာမတွေ့ဘူး "
ခိုးဝင်ပါတယ်ဆိုမှ စာမေးပွဲအခန်းထဲက
အစောကြီးထွက်လာတဲ့ ကမ္ဘာ့ အတော်ဆုံးကျောင်းသား (ရွဲ့ပြောတာ အမြဲတမ်း အကုန်ဖြေနိုင်တဲ့ရုပ်နဲ့ စာမေးပွဲ အခန်းထဲက အစောကြီး ထွက်လာပြီး အမြဲတမ်း "ကျ" တဲ့ အကောင်) က အာပြဲကြီးနဲ့ အော်ပြောလာခြင်းဖြစ်သည် ။"ရူး .... တိုးတိုး ၊ အချိန်မမှီတော့လို့ မဖြေတော့တာ "
"ဟုတ်လား ။ ငါကတော့ ဒီနေ့အမှတ်ပြည့်ပဲ ။ အရမ်းလွယ် "
" ဟုတ်ပါပြီ ငါသွားတော့မယ် အရေးကြီးကိစ္စရှိလို့ "
YOU ARE READING
💛Y.E.L.L.O.W💛