" Jisoo , ဖြေနိုင်လား "
ကျောင်းရှေ့ရောက်ပြီဆိုတာနဲ့ မမIrene က ကားပေါ်ကဆင်းလာပြီး မေးခြင်းဖြစ်သည် ။ ဘယ်လောက် မုန်းဖို့ကောင်းလိုက်လဲ ငယ်ငယ်လေးထဲက သူ့အတွက် အရာရာ ဖြစ်တည်ခဲ့တဲ့ ကျွန်မကိုကျ အရေးမလုပ်ပဲ Kim Jisoo ကိုပဲ အရင်မေးတာ ။
" Jisoo , ဒီနေ့ ကျောင်းနောက်ကျလို့ မဖြေလိုက်ရဘူး မမ "
Jisoo က ဘာပြန်ဖြေရမှန်းမသိပဲ ကြောင်အမ်အမ်ပုံစံ လုပ်နေတာမလို့ Jen ဝင်ပြောလိုက်ခြင်းဖြစ်သည် ။ ကိုယ် လုပ်ထားတာတွေ သိသွားလို့မဖြစ် ။
"ဟုတ်လား Jisoo , ဘာလို့ကျောင်းနောက်ကျတာလဲ ။ ကားလမ်းပိတ်နေလို့လား "
အချိန်နဲ့ပတ်သက်ရင် အရမ်းတိကျပြီး အချန်မလေးစားတဲ့သူဆို အရမ်းမုန်းပါတယ် ဆိုတဲ့သူက ၊ တစ်သက်လုံး Jenကို အချိန်တိကျဖို့ဆိုပြီး ဆူပူလေ့ကျင့်ပေးခဲ့တဲ့သူက အခုကျတော့ တစ်ခြားတစ်ယောက်ရဲ့ အချိန်နောက်ကျခြင်းအပေါ် အကြောင်းပြချက်တွေ ထုတ်ပေးနေတာ ။ဟက် 😅 တရားမျှတနေတာကြီးက 😆 ။
" ဟုတ်တယ် Unnie ၊ မနက်က အိပ်ယာထနောက်ကျသွားတာနဲ့ ကျောင်းကားလည်း မမှီတော့ပဲဖြစ်သွားတာ။ Busကား စောင့်နေရတာလည်း ကြာ၊လမ်းမှာ ကားလမ်းကလည်းပိတ်နဲ့ ကျောင်းရောက်တော့ တံခါးကပိတ်သွားပြီ ။ ဂိတ်စောင့်ကြီးကလည်း ရှိမနေတာနဲ့ ဝင်လို့မရတော့တာ "
"ရော ဖြစ်ရမယ် ။ အခုဘယ်လိုလုပ်မလဲ ။ ဒီစာမေးပွဲကလည်း final လို အရေးကြီးတယ်ဆို "
"ရပါတယ် final မှမဟုတ်သေးတာ ။ ဒီကြားထဲ အသေကြိုးစားလို့ရသေးတယ်လေ ဟီး😁 "
" ဟုတ်ပါပြီ ။ Jisoo ကို အဲ့လို အကောင်းဘက်က ဖြည့်တွေးတက်တာလေးတွေကြောင်း သဘောကျတာ "Kim Jisoo ကို မုန်းတဲ့အထဲမှာ အဲ့အချက်တွေလည်း ပါတယ် ။ ဘယ်လို ကိစ္စတွေပဲရှိရှိ လူအများရှေ့မှာဆို သူ့ကိုယ်သူ ဘာမှမဖြစ်တဲ့ပုံစံနဲ့ ပြုံးရယ်ပြပြီး နာမည်ကောင်း ယူတက်တာ ။ အဲ့ဒါကိုမှ မမ Irene က သဘောကျတယ်တဲ့လား ။ အမြင်ကပ်ဖို့ ကောင်းလိုက်တာ။
"ကားပေါ်မတက်တော့ဘူးလား ၊ ရပ်ပြီပဲ စကားပြောနေတော့မှာလား ။ "
YOU ARE READING
💛Y.E.L.L.O.W💛