Part 9

1.9K 165 5
                                    

ချစ်ခြင်းမေတ္တာဟာ ဘယ်လောက်ထိ လှပလဲ ကျွန်မ မသိဘူး ။ ဒါပေမဲ့ ကျွန်မရဲ့ချစ်ခြင်းမေတ္တာက Mandukieလေးဖြစ်နေသ၍ လှပတဲ့ ကဗျာလေးတစ်ပုဒ် ဖြစ်နေဦးမှာပါ ။

"အဲ့ဒါဆို ခဏနော် ။ Unnie သွားခေါ်ပေးမယ် "
"Nae "

"Soo Unnie , အဲ့ဒါဆို ညီမပြန်တော့မယ်နော်"
"yah ... မပြန်နဲ့ဦးလေ ။ ငါတစ်ယောက်ထဲ ဖြစ်နေမှာပေါ့ "
"တစ်ယောက်ထဲမဖြစ်ပါဘူး Irene Unnie ရှိတယ် ။ ပြန်ပြီ အိမ်မှာ Chaeတစ်ယောက်ထဲ "
"yah...Lisa"

Soo စကားတောင်ဆုံးအောင်မပြောလိုက်ရ ပြောချင်ရာပြောပြီး တန်းပြေးသွားတဲ့ Lisa ။  ကူညီပေးမယ်ဆိုပြီး ကျားရှေ့အရောက်ပို့ခဲ့ 😕

........

"Jen ,အောက်မှာ Jisoo ရောက်နေတယ် ။ စာလာမေးတာတဲ့ သွားလိုက်ဦး "
"ဟင်း ... မသွားချင်ဘူး "

သူတို့ရောက်လာထဲက သိသားပဲ အသံတွေကြားနေရတာ ။ တမင်တကာ မတွေ့ချင်လို့ ဆင်းမတွေ့တာ ။

"သွားလိုက်ပါ ကလေးကလဲ , ကိုယ့်ဆီတကူးတက လာတာကို "
"အဲ့ဒါ သက်သက်လာနှောင့်ယှက်တာ Unnie သိလား ၊ စာမေးချင်တယ်ဆိုရင် သူ့မှာ သူငယ်ချင်းတွေအများကြီး "

နှုတ်ခမ်းစူပြီး ပေကပ်ကပ်လုပ်နေတဲ့ ဒီကလေးကို အောက်ရောက်အောင် ချော့ပြောလို့ရမဲ့ ပုံမပေါ် ။

" ဘယ်လိုပဲဖြစ်ဖြစ် အခုသူက ကိုယ့်ဆီလာမေးတာမလို့ ကိုယ့်က အိမ်ရှင်ပီပီ သွားတွေ့ရမှာပဲ ။ ပြီးတော့ မင်းတို့နှစ်ယောက်ကို ရင်းနှီးအောင် နေရမယ်လို့ ပြောထားတယ်လေ မေ့သွားပြီလား Jennie "

"မမေ့ပါဘူး "
"မမေ့ရင် အခုသွားတွေ့ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံ "

နည်းနည်းအသံမာမာနဲ့ ပြောလိုက်တော့မှ ဘောဆက် ဘောက်ဆက်နဲ့ ထသွားတဲ့ ကလေးပါပဲ ။ တစ်ကယ် သူ့ကို Jisoo နဲ့ ရင်းနှီးစေချင်သည် ။ သူ့လိုလူက Jisooနဲ့မှ ဖြစ်မှာ ။

........
"ဘာလာလုပ်တာလဲ Kim Jisoo -shi "

လူတစ်ယောက်ကဒီလောက်ထိ ချစ်ဖို့ကောင်းနေဖို့ လိုလို့လား ။ အကျ ဂါဝန်လေး ဝတ်ထားပြီး ဖြစ်သလို တစ်ကယ်ကို ဖြစ်သလိုပုံစံလေးနဲ့ပါ ။ ဆံပင်တွေက အခုမှလျော်ထားတာလားမသိ ရေမခြောက်တခြောက်နဲ့ မျက်နှာမှာ ဘာဆို ဘာမှလိမ်းမထားပဲ ထုံးစံအတိုင်း မျက်နှာလေးစူပုတ်ပုတ် ခပ်တည်တည်နဲ့ ဆင်းလာတဲ့ Jen ပုံစံက Soo အတွက်တော့ ကြည့််မဝနိုင် ။ နတ်သမီးတစ်ပါး အိပ်ယာနိုးခါစ ပုံစံနဲ့တူနေ (မြင်ဖူးလားလို့‌တော့ မမေးနဲ့ စိတ်ကူးထဲပုံဖော်တင်စားပြီး ပြောတာ 😶)

 💛Y.E.L.L.O.W💛Where stories live. Discover now