"Ring 📳 Ring 📳"
ဖုန်းမှာ ပေါ်နေတဲ့ နာမည်လေးကို မြင်လိုက်ရတာနဲ့ ရင်ဘတ်တစ်ခုလုံး ဆူးနဲ့အထိုးခံရသလို နာကျင်လာတယ်။ သိပ်ဟန်ဆောင်ကောင်းတဲ့ ကလေးငယ် ကိုယ့်ကိုမုန်းနေရက်နဲ့တောင် ချစ်ဟန်ဆောင်နေခဲ့တာ။
"Unnie ဖုန်းကိုင်လိုက်လေ Jennieဆီကမလား "
Chaeက ကားမောင်းနေရင်း ဖုန်းနံပါတ်ကို တစ်ချက်ကြည့်ရင်း ပြောလာခြင်းဖြစ်သည်။ Chaeကို ခေါင်းငြိမ့်ပြပြီး ဖုန်းကိုင်လိုက်ပေမဲ့ အသံကြားရမှာတောင် ကြောက်နေတယ်။ အရင်က သူဘာပြောပြော ဘာမှမဖြစ်ပေမဲ့ အခု သူကိုယ့်ကိုမုန်းနေတဲ့ဆိုတဲ့ အသိတစ်ခုနဲ့တင် သူ့ဆီကထွက်လာမဲ့ စကားတွေကို ကြောက်နေတယ်။
"Hello Jen"
"အင်း ငါအခု အဲ့ဒီကိုလာနေတာ"
"အင်း ခဏနေရင် ရောက်တော့မယ်""ဘာပြောတာလဲ Unnie"
"Irene Unnie က ကိုယ့်ကိုတွေ့ချင်လို့တဲ့ ခေါ်ခိုင်းလို့ ဖုန်းဆက်တာတဲ့"မျက်နှာကို တစ်ဖက်လှည့်ပြီး ပြောနေပေမဲ့ Unnie ငိုနေတယ်ဆိုတာ Chaeသိတယ်။ ဘာတွေဖြစ်နေတာလဲဆိုတာ သေသေချာချာ မသိပေမဲ့ Unnie နာကျင်နေတာ Jenကြောင့် ဆိုတာသေချာတယ်။
"Unnie ... Jennieနဲ့ တစ်ခုခု ဖြစ်ထားလား "
"မဖြစ်ထားပါဘူး"မညာနဲ့ ဆိုပြီး အတင်းလှုပ်ယမ်းပြီး မေးပစ်လိုက်ချင်ပေမဲ့ ဘယ်လိုမေးမေးUnnieက အမှန်တိုင်း ပြောမဲ့ပုံမပေါ် ။
"ရောက်ပြီ ကိုယ်ဆင်းတော့မယ်။ Chaeအပြင်မှာပဲစောင့်နေနော်။Chaeသိချင်နေတဲ့ အကြောင်းတွေကို ကိုယ်ပြန်လာရင် ပြောပြပါမယ်"
............
"Jisoo ရောက်လာပြီလား ။ မြန်သားပဲ ကိုယ် မင်းကိုစောင့်နေတာ။ Jenကတော့ အပြင်ကို မုန့်သွားဝယ်တယ် ။ ဒီမှာလာထိုင်"
ဆေးပိုက်တွေကြားက ပြုံးပြီး ပြောလာတဲ့ Irene Unnieကို မြင်ပြန်တော့လည်း ပေါက်ကွဲပစ်မယ်လို့တွေးထားတဲ့ စိတ်ကူးတွေက လေထဲမှာတင် ပျောက်သွား။
"ဘာပြောစရာရှိလို့လဲ Sooကို"
ကုတင်းဘေးက ခုံးမှာ ဝင်ထိုင်ရင်း Irene Unnieကို မကြည့်ပဲမေးလိုက်ခြင်းဖြစ်သည်။
YOU ARE READING
💛Y.E.L.L.O.W💛