Part 28

2.1K 205 25
                                    

"ဆရာမ မနေ့က မေ့လဲပြီးအရေးပေါ် ရောက်လာတဲ့ လူနာ Irene က ဘယ်အခန်းမှာလဲ သိလို့ရလား။ ရှာကြည့်ပေးပါလား"
"ဟုတ်ကဲ့ ရှာကြည်ပေးပါမယ်။ ခဏစောင့်နေပေးပါ"

ကောင်တာထိုင်နေသော နစ့်ဆရာမတစ်ယောက်စီမှာ အခန်းနံပါတ်သွားမေး‌‌ေနခြင်းဖြစ်သည် ။

"Aww ဒီမှာတွေ့ပြီရှင့် Bae Juhyun (Irene)တဲ့ ဒီတစ်ယောက်လား။ မနေ့က အရေးပေါ်ရောက်လာတဲ့ လူနာ နာမည်ထဲမှာ Ireneနာမည်ပါတာ ဒီတစ်ယောက်ပဲရှိတယ်"
"ဟုတ်မယ်ထင်တယ်။ အခန်းနံပါတ်လေးပြောပြပေးပါလား"
"သူက အထူးသီးသန့်ခန်းမှာနေတာ အခန်းနံပါတ်06 "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။ ခွင့်ပြုပါဦး"
"ဒါနဲ့ ရှင်ရော နေကောင်းရဲ့လား ။ အားမရှိတဲ့ပုံပေါ်နေတယ်"
"ဟုတ် နေကောင်းပါတယ်"

နာစ့်မလေး ပြောမှ ကိုယ့်ပုံစံဘယ်လောက်ထိ စုတ်ပြတ်နေမလဲဆိုတာ သိထားမိ ။ မနေ့က တစ်ညနေလုံး ဒီအဝတ်စားနဲ့ ။ မျက်နှာလည်း မသစ်ရသေး ။ သန့်စင်ခန်းထဲဝင် ကိုယ့်ကိုယ်ကို နည်းနည်းသန့်စင်ပြီ အားရှိတဲ့ပုံ ပြန်လုပ်ပြီး အထူးသီးသန့်‌ခန်းဘက် ထွက်လာခဲ့ရ ။ ကလေးငယ်နဲ့တွေ့ချင်နေပြီ အဆင်ပြေပါ့မလား ။ အခုချိန်ငိုနေမလား ။

"ဘာလို့ ဒီအကြောင်းတွေ Jenကို ဖုံးကွယ်ထားရတာလဲ! ။ ဒီလောက်ထိ ဖြစ်နေတာတောင် ဘာလို့ Jenကိုပေးမသိရတာလဲ။ မမသာ မရှိတော့ရင် Jenဘယ်လိုကျန်ခဲ့မလဲဆိုတာ နည်းနည်းလေးတောင် ထည့်မစဉ်းစားမိဘူးလား ။ မမက အမြဲတစ်ကိုယ်ကောင်းဆန်တယ်။ မမ ဖြစ်ချင်တာပဲသိတယ် Jenဘက်ကို ဘယ်တော့မှလှည့်မကြည့်ဘူး။ Jenမမကို ဘယ်လောက်ထိချစ်လဲ ဘယ်လိုမျိုး ချစ်လဲဆိုတာတွေကို သိရဲ့သားနဲ့တောင် ဥပက္ခာပြုရက်နိုင်လွန်းတယ်။"

အခန်းထဲ ဝင်မလို့ လုပ်နေတုန်း အထဲက Jenရဲ့ အော်သံကို ကြားလိုက်ရတာကြောင်း မဝင်တော့ပဲ တံခါးနားမှာ ရပ်နေခဲ့တာ။ ဘာတွေဖြစ်နေကြတာလဲ ဆိုတော့ Soo သေသေချာချာမသိပေမဲ့
Jenက ပထမပေါက်ကွဲပြီးပြောနေတာ နောက်ကျတော့ ငိုသံပါလာတယ်။ Jenနာကျင်နေရတာပဲ။ Jenငိုသံကို ကြားတာနဲ့ Soo ပါ ငိုချင်လာတယ်။

"Jenဘဝတစ်လျှောက်လုံး မမကိုပဲ ငေးကြည့်ရင်း မမကိုပဲ ချစ်မြတ်နိုးလာခဲ့တာ။ Kim Jisoo ကို မမကြောင်းသာ တွဲခဲ့တာ ။ မမ Jenထက်ပိုပြီး သူ့ကို သဘောကျနေတာကိုမနာလိုလို့ ၊ သူက မမလိုလူမျိုးကို ပိုင်ဆိုင်ဖို့မထိုက်တန်လို့၊ မမသူ့ကို သဘောကျတယ်လို့ တစ်ခါပြောတိုင်း သူ့ကို သတ်ပစ်ချင်လောက်အောင်မုန်းလို့ နာကျင်စေချင်ရုံသက်သက်တွဲခဲ့တာ ။ Jenဘဝမှာ မမ တစ်ယောက်ထဲကိုပဲ ချစ်တာမလို့ မမအနားမှာပဲ Jenကို ရှိနေခွင့်ပေးပါ။ ထပ်ပြီး ဥပက္ခာမပြုပါနဲ့တော့ ။"

 💛Y.E.L.L.O.W💛Donde viven las historias. Descúbrelo ahora