Part 20

1.9K 182 7
                                    

"အခုရက်ပိုင်း Unnie ကို ကြည့်လိုက်ရင် အမြဲပြုံးနေတာပဲ"

စာကြည့်စားပွဲမှာ စာအုပ်ကြီးကိုင်ပြီး ပြုံးနေမိတဲ့ Sooကို မျက်စောင်းကြီးထိုးရင်း ဘေးနားဝင်ထိုင်ပြီး Chaeက ပြောလာခြင်းဖြစ်တယ်။

"အရင်ကလည်း ပျော်ပျော်ပဲနေတာကို😒"
"အရင်ကနဲ့ အခုနဲ့မတူဘူး ။ အခုက အချိန်ပြည့် ပြုံးဖြီးနေတာ 🙄"
"ဟီး ဟုတ်လား "
"ဟုတ်တယ်🙄"

ဘေးလူတွေ အမြင်ကပ်ရလောက်တဲ့အထိကို Soo က အချိန်ပြည့်ပြုံးနေမိတာလား ။ ဟုတ်မှာပါ ။ Jenရဲ့ ပါးဖောင်းဖောင်းလေးတွေကို မြင်ယောင်မိတိုင်းလည်း ပြုံးမိနေတာကို ။ ပြီးတော့ သွားသေးသေးလေးတွေကို မြင်ယောင်မိတိုင်းလည်း ပြုံးမိတာပဲ ။ ပြီးတော့ စူပုတ်ပုတ် မျက်နှာလေး‌ကို တွေးမိပြန်တော့လည်း ပြုံးမိတာပဲ။အင်း...ပြီးတော့ ကလေးလေးတစ်ယောက်လို မျက်လုံးလေးတွေမှေးဆင်းပြီး ပါးမို့မို့လေးတွေ အစ်တက်လာတဲ့အထိ ရယ်တက်တာလေးကို မြင်ယောင်မိတော့လည်း ပြုံးမိတာပဲ ။ သူနဲ့ ပတ်သတ်သမျှ အရာအားလုံး ‌အသေးမွှာလေးကအစ အမှတ်တမဲ့အရာလေးတွေအစုံ သတိရမိတိုင်း ပြုံးမိသွားတာပဲ ။ အား.... အခုတောင် chaeနဲ့ စကားပြောနေရင်း သူ့အကြောင်းတွေးမိပြီး ပြုံးမိသွားပြန်ပြီ 😶

"အဲ့တော့ ဘာဆက်လုပ်မှာလဲ "
"အမ်... ဘာကို"
"yah.. Unnie , Chaeပြောတာကို နားထောင်နေတာမဟုတ်ဘူးလား"
"ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့ မကြားလိုက်လို့"
"ကောင်းရော ဒီကတော့ ကိုယ်ပြောတာကို နားထောင်ပြီးပြုံးနေတယ်မှတ်တာ သူကတော့ တွေးချင်ရာ တွေးပြီး ပြုံးနေတာ"
"ဟီး "

မတက်နိုင်Chaeပြောသမျှ ခံပြီး မျက်နှာချိုသာ သွေးပြနေရတော့တယ်။ သူပြော‌တာတွေကို မကြားလိုက်တာအမှန် ။ စိတ်က သူနဲ့အတူ ရှိနေရင်းကနေ ဘယ်လိုလုပ် Jenပု ဆီရောက်သွားလည်း မသိ ။

"ပြန်ပြော ပြန်ပြော ဒီတစ်ခါသေချာနားထောင်မယ်"
"Jennie နဲ့ အခုအဆင်ပြေနေပြီဆိုတော့ ဖွင့်မပြောသေးဘူးလား ဒီတိုင်းပဲ ကြိတ်ခိုးချစ်ပြီး အရူးလိုနေနေတော့မှာလားလို့ မေးတာ"
"Aww..."
"ဪ မနေနဲ့ မေးတာဖြေ"
"အင်း သူက Unnieနဲ့မှမထိုက်တန်တာ အဲ့တော့ ဒီတိုင်းပဲနေရမှာပေါ့"
"မထိုက်တန်ဘူး ဟုတ်လား ။ ဘာက မထိုက်တန်တာလဲ ။ Unnie က ဘာချို့ယွင်းချက်တွေ ရှိနေလို့လဲ ။ ရုပ်ရည် ဆိုလည်း သူနဲ့ ယှဉ်လို့ရတာပဲ ။ Unnieကို ကြိုက်တဲ့သူတွေမှ ဝိုင်းဝိုင်းလည် ။ ‌ပညာအရည်ချင်းဆိုလည်း Unnie သူနဲ့ ယှဉ်နိုင်တာပဲ။မနှစ်ကကျတယ်ဆိုတာကလည်း ‌စာမေးပွဲဖြေတဲ့အချိန်မေ့လဲသွားလို့သာ ။ ငွေရေးကြေးရေးဆိုလည်း သူ့လောက်မချမ်းသာပေမဲ့ Chaeတို့ ပိုင်ဆိုင်သမျှ Unnieအကုန်ယူ Chaeမယူဘူး "
"haha အဲ့ဒါဆို Chaeကရော ဘယ်လိုနေမှာလဲ"
"Chaeမှာ lisaရှိတာပဲ ။ သူက ဒီလောက်ချမ်းသာတာ သူနဲ့ပဲ သွားနေမှာပေါ့"
"ဟားဟား အကြံကြီးလိုက်တာ🤣"
"ရယ်မနေနဲ့ ရယ်စရာပြောတာမဟုတ်ဘူး။ တစ်ကယ်အတည်ပြောနေတာ"
"အင်း သိပါတယ် ။ အဲ့ဒါတွေကြောင်း မဟုတ်ပါဘူး ။ အဓိကက မိန်းကလေးအချင်းချင်းဖြစ်နေတော့ ဒီအချစ်တွေကို သူလက်မခံမှာစိုးတယ် ။ ပြီးတော့ အခုရှိနေတဲ့ ဆက်ဆံရေးလေးကို ပျက်မသွားချင်လို့ "
"အင်း အဲ့မှာ ပေါက်ကရတွေ တွေးပြီးကြောက်နေ ။ ဘာပဲဖြစ်ဖြစ် အဲ့လိုတွေးကြောက်နေမဲ့အစား ဖွင့်ပြောကြည့်လိုက်တော့ ပိုမကောင်းဘူးလား "
"ဟုတ်ပါပြီကွာ ဖွင့်ပြောဖို့ ကြိုးစားပါမယ် ဟုတ်ပြီလား အခုအိပ်တော့ ညည့်နက်နေပြီ"
"ပြီတာပဲ တစ်ကယ်ဖွင့်ပြောရမယ်နော်"
"အင်း အင်း "

 💛Y.E.L.L.O.W💛Where stories live. Discover now