Part 25

1.8K 172 6
                                    

ငိုနေတဲ့ Jen နားကို Soo ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်။

"Jen ... "

Sooကိုတွေ့တော့ ငိုနေတဲ့ မျက်ရည်တွေ အတင်းသုတ်ရင်း တည်ငြိမ်ဖို့ ကြိုးစားနေတာကြောင့် Jenကို ရင်ခွင်ထဲ အသာယာထွေးပိုက်လိုက်ရင်း

"ငိုပါ ။ ငါ့ရှေ့မှာ တည်ငြိမ်ဖို့ မကြိုးစားပါနဲ့ ကြိုက်သလိုပေါက်ကွဲပြီး ငိုလိုက်ပါ"

"ဘေးဖယ်ပါ မလိုဘူး ။ ဒီနေ့ ငါ့ပုံစံကို မမြင်ခဲ့သလို သဘောထားပေးပါ"

"ဘာလို့လဲ Jen , ဒီပုံစံက ဘာဖြစ်နေလို့လဲ ။ ငါ့ရှေ့မှာ ပျော့ညံ့ပြရမှာ ဘာလို့ဒီလောက်တောင် ကြောက်နေတာလဲ။ ငါက နင့်ချစ်သူပါ နင့်ကိုအရမ်းချစ်တဲ့ နင့်ချစ်သူပါ ။ ဘာလို့ ငါ့ကိုအမြဲ ဖယ်ထုတ်ချင်နေတာလဲ ။ ပြီးတော့ ဒါကို နင်က အားနည်းချက်လို့ ထင်နေတာလား ။ ငါ့ကိုရော ပြည့်စုံတဲ့သူလို့ ထင်လို့လား ။ ငါငယ်ငယ်က ငါ့မျက်စိရှေ့မှာတင် ငါ့အဖေနဲ့‌အမေ အက်ဆီဒင့်ဖြစ်ပြီး ဆုံးသွားတာ ။ ပြီးတော့ ငါ အဲ့စိတ်နဲ့ အရူးလိုမျိုး ဖြစ်ခဲ့လို စိတ်ရောဂါဆေးတွေ အကြာကြီး သောက်ခဲ့ရတာ ။ အခု ငါခေါ်နေတဲ့ အဖေ အမေဆိုတာ ငါ့ဦးလေးနဲ့အဒေါ် ပတ်ချယ်ယောင်းက ငါ့ညီမဝမ်းကွဲ"

ကိုယ့် အကြောင်းတွေကို ပေါက်ကွဲပြလိုက်ဖို့ စိတ်ကူးမရှိပေမဲ့ Sooရှေ့မှာ တင်းခံဖို့ ကြိုးစားနေတဲ့ Jenကို အားမရတာကြောင့် ပေါက်ကွဲလိုက်မိခြင်းဖြစ်သည်။

"ဒီ ဒီအကြောင်းတွေက အမှန်လား "
"ဟုတ်တယ် ငါဘယ်သူ့ကိုမှ ဒီအကြောင်းတွေ မပြောပြခဲ့သလို ငါကိုယ်တိုင်လည်း ထပ်မတွေးပဲ နေခဲ့တာ "
"Sorry ငါ မသိလို့"
"ရပါတယ် ။ ဒီကိစ္စက ရှက်စရာမဟုတ်သလို အားနည်းချက်လည်း မဟုတ်ဘူးဆိုတာ နင့်ကို သိစေချင်တာ ပြီးတော့ ငါက နင်ထက်ပိုပြီး မပြည့်စုံတဲ့သူ မလို့ ငါ့ရှေ့မှာ တင်းခံပြစရာမလိုဘူးလို့ "
"အင်းပါ ။ မှောင်နေပြီဆိုတော့ ပြန်ကျမယ်လေ "
"အင်း ။ Jenအဖေဆီရော မသွားတော့ဘူးလား"
"အင်း ဒီလို ရက်မျိုးတွေဆို ငါ့အဖေနဲ့ မတွေ့ဘူး "

ပြောပြီး အရှေ့ကထွက်သွားတဲ့ Jen ကို Sooဘာမှ ထပ်မေးဖို့ မကြိုးစားတော့ပဲ အနောက်က ဖြည်းဖြည်းချင်းသာ လိုက်လာလိုက်သည်။

 💛Y.E.L.L.O.W💛Where stories live. Discover now