Part 34

2.9K 214 19
                                    

"Jisoo .... Jisoo ..."

Jenနာကျင်မှုတွေ ဘေးလူတွေကို ဂရုမစိုက်နိုင်ပဲ Jisooအနောက်ကို ပြေးလိုက်ခေါ်နေခြင်းဖြစ်တယ်။ Jisooက ကြားပေမဲ့ တစ်ချက်မှ လှည့်မကြည့်။

"Jisoo ... အ ...."

Jisooက ကျောင်းအပေါ်ဆုံးထပ် ဝရံတာပေါ်တက်သွားတာမလို့ Jenအနောက်က လိုက်တက်ရင်း လှေကားပေါ်မှာ ချော်လဲသွားခြင်းဖြစ်သည်။

"shit* ရူးနေတာလား ။ ဘာလို့ အဲ့လောက်တောင် ပြေးလိုက်လာတာ"

Jisooက နောက်ပြန်တစ်ချက်လှည့်ကြည့်ပြီး အော်ပြောလာခြင်းဖြစ်သည်။

"အင်း ... ရူးနေပြီ ။ နင်ပြန်ထွက်သွားမှာကြောက်လို့ ရူးနေပြီ"
"ကျွတ် ... တော်စမ်းပါ လျှာရိုးမရှိတိုင်း စိတ်ထဲကမပါပဲ လျှောက်ပြောမနေနဲ့။ နင် အရူးလုပ်ချင်တိုင်း လုပ်လို့ရတဲ့ Kim Jisooက မရှိတော့ဘူး။သေသွားပြီ "

အမုန်း မဟုတ်ဘူး နာကျည်းနေတဲ့ မျက်ဝန်းတစ်စုံနဲ့ စေ့စေ့ကြည့်ရင်း Jisooက ပြောလာခြင်းဖြစ်တယ်။ လျှောက်ပြောနေတာမဟုတ်ပဲ တစ်ကယ်စိတ်ထဲက စကားအစစ်မှန်တွေပါဆိုတာ သူ့ကိုဘယ်လို သက်သေပြရမလဲ ။

"ငါ လျှောက်ပြောနေတာမဟုတ်ပါဘူး။ တစ်ကယ် ရင်ထဲက စကားအမှန်တွေပါ။ ငါအရင်က လုပ်ခဲ့သမျှတွေအတွက်လည်း နောင်တ‌ရနေပါပြီ ။ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ။ နောက်တစ်ကြိမ်လောက် အခွင့်ရေးထပ်ပေးပါ။ ငါတို့နှစ်ယောက်ရဲ့ အချစ်ကို အစကပြန်စချင်တယ်"

Jen လဲကျနေရာက အတင်းထပြီး JiSooလက်ကို ပြေးကိုင်ရင် မျက်ရည်တွေကျရင်း ပြောနေမိခြင်းဖြစ်သည်။

" အဟက် 😆 အချစ် အချစ်ဟုတ်လား ။နင်နဲ့ ငါ့ ကြားမှာ အချစ်ရော ရှိခဲ့လို့လား Jennie Kimရဲ့ ။ ငါ့ဘက်ကချည်း တစ်ဖက်သတ် ဖြစ်နေခဲ့ရတာတွေပဲ မဟုတ်ဘူးလား။ ငါက နင်ချစ်ရတဲ့ မမ နဲ့ မတန်လို့ နာကျင်စေချင်ယုံသက်သက် မုန်းလို့ အသုံးချခဲ့ယုံ သက်သက် မဟုတ်လား ။ ငါ့ဘက်က ချစ်တယ်လို့ သေအောင်ပြောခဲ့တောင် နင့်ဘက်က အင်း တစ်လုံး ပြန်ပြောဖူးလို့လား။ တော်ပါပြီ ငါနင့်ကိုကြောက်တယ်။နင်နဲ့ ထပ်မပတ်သက်ချင်တော့ဘူး ။ ငါနဲ့ဝေးဝေးမှာ နေပေးပါ။"

 💛Y.E.L.L.O.W💛Where stories live. Discover now