Part 19

1.8K 176 6
                                    

ငိုယိုပြီး ရင်ထဲကခံစားချက်တွေ ထုတ်ပြောလာတဲ့ Jen ကို ဥပက္ခာပြုပြီး ဘာမှမဖြစ်သလို အခန်းထဲကို ကြိုးစားဝင်လာရပေမဲ့ ကိုယ့်စိတ်နှလုံးအစုံကလည်း Jenနဲ့ထပ်တူ Jenထပ်ပိုပြီး နာကျင်ရတယ် ။ ငယ်ငယ်လေးထဲက တန်ဖိုးထားချစ်မြတ်နိုးလာတဲ့ ဒီကလေးလေးကို မချစ်ချင်ယောင်ဆောင် ပြီး စကားလုံးကြမ်းကြမ်းတွေ ပြောနေရတာ ဘယ်လောက်နာကျင်ရလဲ သိလား ။ အဲ့လိုစကားတစ်ခွန်း ပြောလိုက်ရတဲ့ အချိန်မှာလည်း နာကျင်ရသလို ကိုယ့်စကားကြောင့် သူမျက်ရည်ကျလာတာ မြင်ရတော့လည်း နာကျင်ရတယ် ။ ဒီရက်ပိုင်းတွေ သူ့ကို သူစိမ်းဆန်ဆန် ဥပက္ခာပြုနေခဲ့ပေမဲ့ နောက်ကွယ်မှာ ကိုယ့်မှာပြိုလဲနေရတယ် ။ ဒီကလေးက အရမ်းတွယ်တာတက်တာ အပြင်ပန်းက မာကျောသလိုထင်‌ရပေမဲ့ အတွင်းစိတ်ကအရမ်းကို နူးညံ့တာ။ ကိုယ်မရှိတော့ရင် သူတစ်ယောက်ထဲ အထီးကျန် ကျန်ခဲ့မှာကိုစိုးတယ် ။ ကိုယ့်မရှိတော့ရင် သူ့ကိုယ်သူ ဂရုမစိုက်တော့မှာ စိုးတယ် ။ Jen က သနားဖို့ကောင်းတယ် အရမ်းငယ်ရွယ်သေးတဲ့အချိန်မှာပဲ အမေ့ကို ဆုံးရှုံးခဲ့ရတယ် ။ အဲ့ဒီကာလတွေမှာ အဖေလုပ်တဲ့သူကလည်း အမေ့စိတ်နဲ့ ကြေကွဲပြီး အလုပ်တွေဖိလုပ် အရက်တွေသောက်နဲ့ Jenကို ဂရုမစိုက်အားခဲ့တာ ။ အဲ့ချိန်တွေမှာ သူ့အနားမှာ ကျွန်မတစ်ယောက်ပဲ ရှိခဲ့တာမလို့ Jenက ကျွန်မကို အရာအားလုံးထက်ပိုပြီး သံယောဇဉ်တွယ်တာ ကျွန်မသိတယ် ။ အဲ့ဒါကြောင့် ကိုယ်မရှိတော့တဲ့နောက်မှာ သူအရာအားလုံး ဆုံးရှုံးလိုက်ရသလို ခံစားနေရမှာ စိုးတယ် ။ အဲ့ဒါကြောင်းမို့ Jen ကို ကျွန်မလိုမျိုး အရိပ်တကြည့်ကြည့် ချစ်ပေးနိုင်မဲ့ Jisoo နဲ့ နီးစပ်စေချင်တယ် ။ Jisoo က သူ့ခံစားချက်တွေကို ထုတ်မပြောသေးပေမဲ့ Jisoo , Jen ပေါ်
ခံစားချက်ရှိတာ Irene သိတယ်။ အဲ့ဒါကြောင်းလည်း အခုတွေလုပ်နေတာ ။ ဒါက ကလေးနှစ်ယောက်လုံးအပေါ် မတရားဘူးမှန်း သိပေမဲ့ တစ်ချိန်ကျရင် သူတို့နှစ်ယောက် ပျော်ရွှင်ရမယ်လို့ထင်တယ် ။ အဲ့ချိန်ကျ အရာအားလုံးကို သူတို့ သိသွားခဲ့ရင်တောင် ကျွန်မကို ခွင့်လွှတ်လောက်တယ် မလား ။

နှလုံးသားက နာကျင်မှုနဲ့အတူ အဆမတန် ထိုးအောင့်လာတာကြောင့် အံ့ဆွဲထဲက ဆေးဗူးကို အမြန်ထုတ်ယူပြီး ရေမပါပဲမော့သောက်ချလိုက်ရ ။ နာရီဝက်လောက် အသက်လုရူပြီးမှ အရာအားလုံးက ပုံမှန်ပြန်ဖြစ်လာတယ်။ ဒီရောဂါနဲ့ Irene ဘယ်လောက်မှ နေရတော့မှာမဟုတ်။ အခုရက်ပိုင်းတွေ နှလုံးအောင့်ပြီး အသက်ရူရခက်တဲ့ အချိန်တွေ ပိုစိပ်လာတယ်။ Irene ကြောက်တယ်၊ သေရမှာ ကြောက်တယ်။ Jenလေးကို တစ်ယောက်ထဲ ထားခဲ့ရမှာ ကြောက်တယ် ။ Irene ဒီရောဂါ ရှိနေမှန်း လွန်ခဲ့တဲ့ သုံးနှစ်ကမှ စသိခဲ့တာ ။ သိသိချင်း မာမီတို့က နိုင်ငံခြားခေါ်ပြီး ဆေးကုပေးတယ် ။ အဲ့တုန်းက တစ်ခါခွဲစိပ်ပြီးပြီး ဘာမှမထူးခဲ့ဘူး ။ သူတို့ပြောတာတော့ ရှားပါးနှလုံးရောဂါဆိုလား အစားထိုးကုမှ ရမယ်တဲ့ ။ တစ်ခါခွဲစိတ်ပြီး မရထဲက Irene ကတော့ သူတို့ပြောတာတွေ ဘာကိုမှ ဆက်နားမထောင်ချင်တော့ဘူး ။ အဲ့ဒါကြောင့် မာမီနဲ့ဒယ်ဒီ ဆီက ခွင့်တောင်းပြီး သေရင်တောင် မွေးရပ်မြေမှာပဲ သေမယ်လို့ပြောပြီး ပြန်လာခဲ့တာ။ သေမယ်ဆိုရင်တောင် Jenလေး အနားမှာပဲ သေချင်တယ် ။ နောက်ဆုံးအချိန်ထိ Jenလေးနဲ့ပဲ အတူရှိချင်တယ်။ ဘူဆန်ကို ပြောင်းလာဖြစ်တာကလည်း Jenလေးကြောင့်ပဲ ။ ဒီမှာရှိတဲ့လုပ်ငန်းတွေကို Irene မရှိတော့တဲ့နောက် Jenကို ဦးဆောင်စေချင်တယ်။
အဲ့ဒါကြောင့် ဒီမြေနဲ့ Jenကိုပါ အသားကျအောင် ပြောင်းလာခဲ့တာ။ ဒါတွေကို တစ်နေ့ကျမှ Jenလေးကို သိစေချင်တယ် ။ အခုချိန်မှာ မသိစေချင်သေးဘူး။ သူသိသွားရင် စီစဉ်ထားသမျှအကုန်ပျက်မှာ ။ ကျောင်းလည်း ဆက်တက်တော့မှာမဟုတ်ပဲ Irene အနားမှာပဲကပ်နေတော့မှာ ။

 💛Y.E.L.L.O.W💛Where stories live. Discover now