Jenအနားက Jisooထွက်သွားခဲ့တာကြာပြီ။ နောက်ဆုံးစကားပြောရအောင်လို့ ပြောခဲ့တဲ့နေ့ထဲကစပြီး Jenအနားကို Jisoo ထပ်မရောက်လာခဲ့တော့ဘူး။ သူ့ညီမ လာပြသွားတဲ့ vdထဲက သူ့ပုံရိပ်တွေကို Jenအခုထိမမေ့သေး ။ အဲ့ပုံရိပ်တွေကို ပြန်မြင်ယောင်လာတိုင်း Jenလည်း နာကျင်ရတယ်။ အဆင်ပြေရဲ့လား ။ ဘာတွေဖြစ်နေမလဲ Jenသိချင်တယ် ။ ပြီးတော့ တောင်းပန်ချင်တယ်။ Jenသူ့ကို နာကျင်စေချင်ခဲ့တာမှန်တယ် နာကျင်ဖို့ရည်ရွယ်ခဲ့တာမှန်တယ် ။ ဒါပေမဲ့ သူတစ်ကယ်တမ်း ပြိုလဲပြီး နာကျင်နေတာကိုမြင်တော့ Jenဝမ်းမသာနိုင်ဘူး ။ ဘာတွေလဲ ဘာဖြစ်နေတာလဲ Jenကိုယ် Jenသေချာမသိပေမဲ့ Jisooကို တွေ့ချင်နေတာကတော့ သေချာတယ်။
"Jen ... "
မမIreneက Jenလက်မောင်းနှစ်ခုကို အနောက်ကနေ ဖွဖွလေးဆုတ်ကိုင်ရင်း ပြောလာခြင်းဖြစ်သည် ။ ဒီတစ်လဆိုတဲ့ အချိန်တွင်းမှာ မမIreneက အများကြီး ပြန်ကောင်းလာတယ်။ မျက်နှာလေးချောင်ကျပြီး နည်းနည်းပိန်သွားတယ်ဆိုပေမဲ့ မမက အရင်လိုလှဆဲ။ အကြည့်တွေက စူးရှဆဲ။ နှလုံးလှူတဲ့ အလှူရှင်ကို Jenကတော့အရမ်းကျေးဇူးတင်တာပဲ ။ သူ့ကြောင်း မမက အသက်ဆက်နိုင်ခဲ့တယ်။ Jenအချစ်တွေကို လက်ခံခဲ့တယ်။ ဟုတ်တယ် အခုဆို မမနဲ့ Jenက ချစ်သူတွေ။ အနှစ်နှစ်လလ စောင့်မျှော်နေခဲ့ရတဲ့ မမဆီက အချစ်တွေကို Jenပြန်ရခဲ့တယ် ဒါပေမဲ့ ဒါပေမဲ့ ဘာလို့ အပြည့်ဝမပျော်နိုင်ဖြစ်နေတာလဲ Jenမသိ ။ ကိုယ်တိုင် မသိလိုက်တဲ့ နေ့တွေမှာ Jenက တစ်စုံတစ်ယောက်ကို လွမ်းနေတက်ပြီး တစ်စုံတစ်ခုကို စောင့်မျှော်နေခဲ့မိတယ်။ တစ်ခါတစ်လေကျ နှလုံးသားက အလိုလိုနေရင်း နာကျင်နေတယ်။
"ပြောလေ မမ။ ဘာလို လို့လဲ"
Jen ပခုံးပေါ်ကိုင်ထားတဲ့ မမရဲ့ လက်နှစ်ဖက်ကို ပြန်ဆုပ်ကိုင်ရင်း ပြောလိုက်ခြင်းဖြစ်တယ်။ မမရဲ့ လက်လေးတွေ အမြဲနွေးနေတက်တယ်။ တစ်ပြိုင်နက်ထဲ ကိုင်လိုက်တမ်း အမြဲအေးစက်နေတက်တဲ့ လက်တစ်စုံကို သတိရမိ။shit .. နင်ရူးနေပြီ Jennie Kim .
"ဘာမှမလိုပါဘူး ။ ဒီနေ့Jenကျောင်းမသွားဘူးလား "
"ဟုတ် ...မသွားတော့ဘူး"
"ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား"
YOU ARE READING
💛Y.E.L.L.O.W💛