Part ( 1)💚

32.1K 1.3K 7
                                    

ဝမ်တိုင်းပြည်လို့ ဆိုတာနဲ့
လူတိုင်းလိုလိုဟာ
ကြင်နာမှု၊ ရိုးသားဖြူစင်မှု
အစားအစာ ပေါကြွယ်ဝမှုနဲ့ ယဉ်ကျေးဖော်ရွေမှုတို့ကို
မြင်ယောင်လာကြသည်။

ဝမ်တိုင်းပြည်ဟာ အေးချမ်းပြီး
အမုန်းတွေ အတ္တတွေလည်း ကင်းရှင်းကြသည်။
ပြည်သူများကလည်း စိတ်သဘောထားကောင်းကြပြီး
မျက်နှာလေးတွေကလည်း
အေးချမ်းပြီး ကြည်လင်နေကြသည်၊၊

ဝမ်တိုင်းပြည်ရှိ ဝမ်လီရှင်း ၏ အိမ်တွင်...

" မား သားကို မထားခဲ့ပါ နဲ့....
လို့ပြောရင်း သူ့မားရဲ့ အသက်မရှိတဲ့ ခန္ဓာကိုယ်လေးကို
ဖက်ကာ ငိုကြွေးနေတဲ့ ကောင်လေးတစ်ယောက်...

" သားရယ် မငိုပါတော့နဲ့ကွာ ...
ပါးတို့ မင်း မားရဲ့ ရုပ်အလောင်းကို မြေမြုပ်ကြရတော့မယ်လေ "

" ဟင့်အင်း မာ့းကို သားနဲ့ အတူထားမှာ...
သားရဲ့မား က မသေသေးဘူး "

ဝမ်လီရှင်း သက်ပြင်းတစ်ချက် ချလိုက်ကာ...

" သားရဲ့ မားက မြေကြီးထဲမှာ ခနအိပ်နေမှာပါ
သားကြီးလာရင် သူပြန်လာမှာပါ သားရယ် "

ထိုအခါမှ ငိုနေတဲ့ကောင်လေးက
သူ့ကို မော့ကြည့်ကာ
" မြေကြီးထဲမှာ အိပ်လို့ရလို့လား "

" သားရဲ့မားက စွမ်းအားတွေရှိတယ်လေ
ဒါကြောင့် မြေကြီးထဲမှာ ခန အိပ်နေမှာ
သူ အိပ်ရေးဝရင် ပြန်လာမှာပါ "
ဝမ်လ်ီရှင်းဟာ ကျလုနီးနီးဖြစ်နေတဲ့ မျက်ရည်တွေကို
ခေါင်းမော့လိုက်ပြီး ပြန်တင်လိုက်သည်။
အသံကို ထိန်းကာ သားဖြစ်သူရဲ့ ဝမ်းနည်းနေမှုကို
အနည်းငယ် သက်သာအောင် ပြောလိုက်သည်။

" တကယ်လား ပါးပါး
ဒါဆိုလည်း မားကို သိပ်လိုက်တော့လေ
တော်ကြာ အိပ်ရေးမဝပဲ နေအုံးမယ် "

" အင်း သားလေး "
လို့ ပြန်ပြောလိုက်ကာ သူ့ရဲ့ ချစ်လှစွာသော
ဇနီးလေးရဲ့ ရုပ်အလောင်းကို မြေမြုပ်သဂြိုဟ် လိုက်သည်။

- အေးချမ်းတဲ့ ဘဝလေးကို ရောက်ပါစေကွာ...
နောက်ဘဝရောက်ရင် အသက်ရှည်ရှည်နေရပြီး
ချစ်တဲ့မိသားစုတွေနဲ့ ပျော်ပျော်ရွင်ရွင် နေရပါစေ...
အေးချမ်းစွာ အနားယူပါတော့ အချစ်.....

White Baby ( Completed)Where stories live. Discover now