Part (18) Unicode❤

6.5K 401 2
                                    

ရိပေါ် အိပ်နေရာမှ နှိုးလာပြီး
ထဖို့လုပ်လိုက်တော့ သူ့ကို ဖက္တြယ္ထားတဲ့
ရှောင်းရှန့်၏ လက္ကို ဖြေးဖြေးလေး ပယ်ချလိုက်ပြီး
ကုတင်ပေါ်က ဆင်းလိုက်သည်။

အချိန်အားဖြင့်တော့ မနက် ၁ နာရီခန့် ဖြစ်နေပြီ။
နန်းတွင်းထဲမှာလဲ အပ်ကျသံပင် မကြားရအောင်
တိတ်ဆိတ်နေသည်။
ရိပေါ် သန့်စင်ခန်းဘက် ထွက်လာပြီး
ကိစ္စပြီးသောအခါ ပြန်ထွက်လာသည်။
ရိပေါ် အဆောင်ဘက် ပြန်သွားဖို့အလုပ်
လေပြေလေးတွေနှင့်အတူ ပါလာတဲ့
သင်းပျံပျံ့ ပန်းနံ့က သူ့၏ စိတ်အာရုံကို
ဆွဲဆောင်လွန်းနေသည်။

သူသတိမထားမိခင် ပန်းနံ့ရတဲ့ နေရာသို့်
လျှောက်လာရင်း နန်းတော် ထွက်ပေါက်နေရာနားသို့
ရောက်လာသည်။
သူ လျှောက်နေရင်း ဂိတ်ဝမှာစောင့်တဲ့ ရဲမက် ၂ ယောက်က
သွေးအိုင်ထဲတွင် လဲနေကြပြီး အသက်လည်း ရှိတော့မည်ပုံမပေါ်။
သူ တစ်ခုခုဖြစ်တော့မည်ကို သိတာကြောင့်
အဆောင်ဘက် အမြန်ပြန်ပြေးမည်အလုပ် ...
" ဝှစ်... ! "
ဆိုတဲ့အသံနှင့်အတူ သူ့လက်မောင်းကို
ဖောက်ဝင်လာတဲ့ မြှားတစ်စင်း ကြောင့်
ခြေလှမ်းများ ရပ်တန့်သွားပြီး ခန္ဓာကိုယ်လည်း
ယိုင်ကျသွားသည်။

မျက်လုံးမမှိတ်ခင် သိလိုက္တာက
သူ့ကို လူတစ်ယောက်က ပွေ့လိုက်တယ်။
ထို့နောက် တစ်နေရာသို့ အမြန်ခေါ်သွားသည်။

ရှောင်းကျန့် နိုးလာသောအခါ
သူ့ရဲ့ဘေးတွင် ရိပေါ်ကို ကြည့်လိုက်သည်။
သို့သော်လည်း ရိပေါ်ကို မတွေ့ ။
ထို့ကြောင့် အိပ်ရာမှ အမြန်ထလိုက်ပြီး
နေရာအနှံ့လိုက်ရှာနေသည်။
ရဲမက်တွေနဲ့ နန်းတွင်းသူများကို ရှာခိုင်းတော့လည်း
မတွေ့။ ရိပေါ်မှာ နန်းတော်ကိုတောင်
နေရာအန့ှံရောက်ဖူးတာ မဟုတ် ၊ ကျန်သောနေရာကို သွားဖို့တော့ လုံးဝမဖြစ်နိုင်တယ်ဆိုတာ သူသိသည်။
ရင်ထဲတွင်လည်း ပူလောင်နေပြီး စိုးရိမ်မှုကလည်း အမြင့်ဆုံးသို့ ရောက်နေပြီ။

" ရှောင်းကျန့်.. .မင်းသားရှောင်းကျန့် "

ကြည့်လိုက်တော့ အပြေးအလွှားဖြင့် သူ့ဆီပြေးလာနေတဲ့
ဝမ်နင်...

White Baby ( Completed)Where stories live. Discover now