Part (6) Unicode💚

7.8K 527 8
                                    

Part ( 6)

" ငါရှိပါ သေးတယ်ကွာ "
ဆိုတဲ့ ကျန်းချန်၏ စကားဟာ
သူ့ရင်ကို နွေးထွေးစေသည်။

" အေးပါကွာ "

လီရှင်း၏ ရုပ်အလောင်းကို မြေမြုပ်သဂြိုၤဟ် ပြီး
အသီးသီး အိမ်သို့ ပြန်လိုက်ကြသည်။
ကျန်းချန်က ရိပေါ်ကို တွဲပြီး အိမ်သို့ပြန်ပို့ပေးသည်။
ရိပေါ်အိမ်ပြန်ရောက်သောအခါ...
" ငါ့ယောကျာ်း ဘယ်လိုနေသေးလဲ "
ဆိုတဲ့ ကျင်ဟာရင်ရဲ့ စကားကို ကြားတော့
ရိပေါ် မဲ့ပြုံးပြုံးလိုက်မိတယ်...
သူ ယူသာ ယူထားတာ ပါးကို တကယ်ရော ချစ်ရဲ့လား လို့တောင် စိတ်ထဲက တွေးလိုက်မိသည်။
သိချင်ရင် စောနထဲက လိုက်ခဲ့ပါလား
လို့ မေးကြည့်ချင်ပေမဲ့ ပါးစပ္က ဘာတစ်ခွန်းမှ ထွက်မလာ...

" ဟဲ့ ငါ မေးနေတာ မကြားဘူးလား "
ဆိုပြီး အာခေါင်အာရင်းသံနှင့် အော်ပြောလာတဲ့ ကျင်ဟာရင်ကြောင့် ရိပေါ်ခန္ဓာကိုယ်လေး တုန်သွားသည်။

" ပါးက ဆုံးသွားပါပြီ "

" ဘာ...
ဖြောင်း! ဆိုတဲ့ အသံကြားလိုက်တာနဲ့ တစ်ပြိုင်နက်
ရိပေါ်ရဲ့ ခေါင်းဟာ တခြားတစ်ဖက်သို့ လည်သွားတော့သည်။

" အဲ့တာ နင့်ကြောင့်လေ
နင်သာ မရှိရင် ငါ့ယောကျာ်းက အလုပ်တွေ အများကြီး
လုပ်ရမှာ မဟုတ္ဘူး... ဒီလိုလဲ တောထဲမှာ သေရမှာမဟုတ်ဘူး "
သူမပြောတာတွေကို နားထောင်ရင်း
ရိပေါ် သူ့ကိုယ်သူပင် အပြစ်ရှိသလို ခံစားလိုက်ရတယ်
သူသာ မရှိခဲ့ရင် ပါးက ဒီလို ဖြစ်မှာမဟုတ်လောက်ဘူးလား...

" သား တောင်းပန်ပါတယ် မေမေလေး "

" တောင်းပန်မနေနဲ့ နင်တောင်းပန်လည်း ငါ့ယောကျာ်းက ပြန်ရှင်လာမှာမဟုတ်ဘူး
ပြီးတော့ ငါတို့သားအမိကို ဘယ်သူရှာကျွေးမှာလဲ "

ရိပေါ်ဟာ နေအေးပေမဲ့လည်း တျခားသူ ဘာပြောချင်နေလဲဆိုတာ အရိပ်ကဲ သိတက်သည်။
အနေအေးတယ်ဆိုတာကလည်း တခြားသူနဲ့ရွယ်တူတွေလို ချွဲစရာ အမေလည်းမရှိ
ဘာလုပ်လုပ် အပြစ်မြင်နေတဲ့ ကျင်ဟာရင်
ခုလည်း သူ့ကို အားရင် အားသလို
ဆုံးမစကားပြောတက်တဲ့ ပါးကလည်းမရှိတော့ပေ။
ဆွေမျိုးများကလည်း တစ်ယောက်မှမရှိ
တစ်ခါတလေ သူစဉ်းစားမိသည်။
သူ၏ ဆွေမျိုးများက ဘယ်နေရာသို့ ရောက်နေလဲဟူ၍...

White Baby ( Completed)Where stories live. Discover now