Part (15) Unicode❤

6.6K 447 10
                                    

္ကရိပေါ် ဒီနေ့ ရွာထဲတွင် ဈေးဝယ်ရန်
ရိပေါ်ဝါးခမောက်လေးဆောင်းပြီး
ရွာထဲသို့ ဝင်လိုက်သည်၊၊
အဘြားက နေမကောင်းတာကြောင့်
သူပဲ ဈေးဝယ်သွားလိုက်သည်။
ဈေးထဲတွင် ဝယ်စရာရှိတာများကို ဝယ်ရင်း
ဈေးလယ်သို့ ရောက်သောအခါ
သူ့ပုံကြမ်းနဲ့ စာရွက် တစ်ရွက်ကပ်ထားတာကို
တွေ့တော့ အမြန်ဖတ်ကြည့်လိုက်သည်၊၊

" ဟင် စာထဲက အတိုင်းဆို ရွာသားတွေ လွှတ်ပေးဖို့
နန်းတော်သွားရမှာပေါ့ "
ရိပေါ် တစ်ယောက်ထဲ တိုးတိုးလေးပြောလိုက်ပြီး
အဘွားတို့ အိမ်သို့ အမြန်ပြေးသွားလိုက်တော့သည်။
အိမ်ပြန်ရောက်တော့ အဘွားအတွက်
ထမင်းနဲ့ ဟင်းကို ချက်ပေးပြီး
အဘြားကို ရွာထဲတွင်တွေ့ခဲ့သော
သူ့ပုံကြမ်းနဲ့ အမိန့်အကြောင်းကို ပြောပြလိုက်သည်။

" နန်းတော်ကို ကိုယ်တိုင်သွားလိုက်ပါ လူလေးရယ်
ရှောင်းဘုရင်က အပြောနဲ့အလုပ်ညီပါတယ်
ဒါပေမဲ့ သတိနဲ့သွားတာတော့ အကောင်းဆုံးပေါ့ "

" ဟုတ် အဘြား "

ရိပေါ် လည်း နန်းတော်သို့ သွားရန်ပဲ ဆုံးဖြတ်လိုက်သည်။
သူ့ရွာသွားတွေကို သူကယ်ရမည်။ မေမေလေးတို့အတွက်လည်း သူစိတ်ပူနေမိသည်။

နေ့လယ် ထမင်းစား ပြီးသောအခါ
ရိပေါ် အဘြားကို နှုတ်ဆက်ပြီး
ရွာထဲမှ ထွက်လာလိုက်သည်။ အဘြားကေတာ့
သူ့ကို ဘယ်အချိန်ဖြစ်ဖြစ် အကူညီလိုရင် အချိန်မရွေး
လာနိုင်ပါတယ်တဲ့ ။ထို
ိီုစကားဟာ သူ့အတွက် နွေးထွေးစေသည်။

ရိပေါ် လမ်းမှာတွေ့တဲ့သူတွေကို
နန်းတော်သို့ သွားရန်
လမ်းမေးပြီး မြင်းကို နှင်ပြီးနန်းတော်သို့ သွားလိုက်သည်။
နန်းတော်ရှေ့ရောက်သောအခါ နန်းတော်ရဲ့ခမ်းနားမှုကို
အံ့အားသင့် နေမိပြီး နန်းတော်ထဲပင် ဝင်ရန်မေ့နေသည်။
နန်းတော်ရှေ့မှ အစောင့် ရဲမက်များမှ

" ကောင်လေး မင်းနန်းတော်ရှေ့မှာ ဘာရပ်လုပ်နေတာလဲ "

" ဟို နန်းတော်ထဲ ဝင်ချင်လို့ပါ "

" တံဆိပ်ပြားပါလား "
"ဗ်ာ "

" တံဆိပ်ပြားလေ အဲ့ဒါရှိမှ နန်းတော်ထဲ ဝင်လို့ရမှာ "

White Baby ( Completed)Where stories live. Discover now