Part ( 6) 💚
" ငါရှိပါ သေးတယ်ကွာ "
ဆိုတဲ့ ကျန်းချန်၏ စကားဟာ
သူ့ရင်ကို နွေးထွေးစေသည်။" အေးပါကွာ "
လီရှင်း၏ ရုပ်အလောင်းကို မြေမြုပ်သဂြိုင်္ဟ် ပြီး
အသီးသီး အိမ်သို့ ပြန်လိုက်ကြသည်။
ကျန်းချန်က ရိပေါ်ကို တွဲပြီး အိမ်သို့ပြန်ပို့ပေးသည်။
ရိပေါ်အိမ်ပြန်ရောက်သောအခါ...
" ငါ့ယောကျာ်း ဘယ်လိုနေသေးလဲ "
ဆိုတဲ့ ကျင်ဟာရင်ရဲ့ စကားကို ကြားတော့
ရိပေါ် မဲ့ပြုံးပြုံးလိုက်မိတယ်...
သူ ယူသာ ယူထားတာ ပါးကို တကယ်ရော ချစ်ရဲ့လား လို့တောင် စိတ်ထဲက တွေးလိုက်မိသည်။
သိချင်ရင် စောနထဲက လိုက်ခဲ့ပါလား
လို့ မေးကြည့်ချင်ပေမဲ့ ပါးစပ်က ဘာတစ်ခွန်းမှ ထွက်မလာ..." ဟဲ့ ငါ မေးနေတာ မကြားဘူးလား "
ဆိုပြီး အာခေါင်အာရင်းသံနှင့် အော်ပြောလာတဲ့ ကျင်ဟာရင်ကြောင့် ရိပေါ်ခန္ဓာကိုယ်လေး တုန်သွားသည်။" ပါးက ဆုံးသွားပါပြီ "
" ဘာ...
ဖြောင်း! ဆိုတဲ့ အသံကြားလိုက်တာနဲ့ တစ်ပြိုင်နက်
ရိပေါ်ရဲ့ ခေါင်းဟာ တခြားတစ်ဖက်သို့ လည်သွားတော့သည်။" အဲ့တာ နင့်ကြောင့်လေ
နင်သာ မရှိရင် ငါ့ယောကျာ်းက အလုပ်တွေ အများကြီး
လုပ်ရမှာ မဟုတ်ဘူး... ဒီလိုလဲ တောထဲမှာ သေရမှာမဟုတ်ဘူး "
သူမပြောတာတွေကို နားထောင်ရင်း
ရိပေါ် သူ့ကိုယ်သူပင် အပြစ်ရှိသလို ခံစားလိုက်ရတယ်
သူသာ မရှိခဲ့ရင် ပါးက ဒီလို ဖြစ်မှာမဟုတ်လောက်ဘူးလား..." သား တောင်းပန်ပါတယ် မေမေလေး "
" တောင်းပန်မနေနဲ့ နင်တောင်းပန်လည်း ငါ့ယောကျာ်းက ပြန်ရှင်လာမှာမဟုတ်ဘူး
ပြီးတော့ ငါတို့သားအမိကို ဘယ်သူရှာကျွေးမှာလဲ "ရိပေါ်ဟာ နေအေးပေမဲ့လည်း တခြားသူ ဘာပြောချင်နေလဲဆိုတာ အရိပ်ကဲ သိတက်သည်။
အနေအေးတယ်ဆိုတာကလည်း တခြားသူနဲ့ရွယ်တူတွေလို ချွဲစရာ အမေလည်းမရှိ
ဘာလုပ်လုပ် အပြစ်မြင်နေတဲ့ ကျင်ဟာရင်
ခုလည်း သူ့ကို အားရင် အားသလို
ဆုံးမစကားပြောတက်တဲ့ ပါးကလည်းမရှိတော့ပေ။
ဆွေမျိုးများကလည်း တစ်ယောက်မှမရှိ
တစ်ခါတလေ သူစဉ်းစားမိသည်။
သူ၏ ဆွေမျိုးများက ဘယ်နေရာသို့ ရောက်နေလဲဟူ၍...