Part ( 16) Unicode❤

6.5K 452 13
                                    

ရိပေါ် ရှောင်းဘုရင်ကို ခွင့်တောင်းပြီး
ရွာသားတွေကို ထားတဲ့ နေရာသို့ သွားလိုက်သည်၊၊
သူ့ကို မြင်တော့ ရွာသများက ဝမ်းသာအားရဖြင့်

" ရိပေါ်...ရိပေါ် မင်းငါတို့ကို လာကယ်တာပေါ့ "

" ဟုတ် အားလုံးအဆင်ပြေတယ်မလား "
ထိုအခါ ကျင်ဟာရင်မှ
" ပြေပါတယ် ခုလိုလာလိမ့်မယ်လို့ ထင်မထားဘူး
ကျေးဇူးပဲ a"

" ရပါတယ် "

ရှောင်းကျန့် ခမည်းတော်ဆီသို့ ထွက်လာလိုက်သည်။
ရွာသားတွေကို လွှတ်ပေးဖို့ တောင်းဆိုရန် ပင်။

" ခမည်းတော် "

"ပြော သားတော် "

" ရွာသားတွေကို ဘယ္လို လုပ်ဖို့ စဉ်းစားထားလဲ "

" ဘာလုပ်ရမလဲ ဆိုတာ ခမည်းတော် စဉ်းစားထားပြီးသားပါ
သူတို့တွေကို လယ်ကျွန်လုပ်လိုက်မယ်လေ
သားတော် ခေါ်လာတဲ့ကလေးလေးကိုရော ဘယ္လိုလုပ္မလဲ "

" လယ်ကျွန် လုပ်ဖို့ ဒါတော့ မသင့်တော်ပါဘူးခမည်းတော်
သူတို့တွေက လူတွေပါ ...
ကလေးလေးကိုတော့ သူ့ရဲ့မား လွတ်တော့မှပဲ ပြန်ထည့်ပေးလိုက်မယ် "

" သူ့ရဲ့မားက လွတ်ဖို့လမ်းမရှိတော့ဘူး
တကယ်လို့ သားတော် ရွာသားတွေကို
လွှတ်ပေးစေချင်ရင်တော့ ခမည်းတော်ရဲ့ ဆန္ဒကကို
ဖြည့်ဆည်းပေးရမယ် "

" ဘာမ်ားလဲ ခမည်းတော် "

"ခမည်းတော် ကြင်ယာတော် နဲ့ လက်ဆပ်ရမယ် "

" ဟမ်... "

" လက်မခံလည်း ရတယ် ရွာသားတွေကို
လယ်ကျွန်ပဲ လုပ်ခိုင်းလိုက်မယ် "

ရှောင်းကျန့် စဉ်းစားနေမိသည်။ သူသာ လက်မခံရင်
ရွာသားတွေက လယ်ကျွန်ဖြစ်မည်။ သူ့ရဲ့ အသက်ကျေးဇူးရှင်၏ ရွာသားတွေကိုတော့
လယ်ကျွန်အဖြစ်မခံနိုင်ပေ။ ဒါကြောင့် သူလက်ခံလိုက်မည်။
သို့ပေမဲ့လည်း တကယ်ချစ်တဲ့သူကိုပဲ ကြင်ယာတော်နေရာ
ထားစေချင်မိသည်၊၊
- ကိုယ်တို့်တွေ ပြန်တွေ့ကြရင် ပိုင်ရှင်တွေ ကိုယ်စီနဲ့ပါလား
အဖြူရောင်ကောင်လေးရေ...

" သားတော် လက်ခံပါမယ် "

" ရပြီ ကြင်ယာတော်ပါ လက်ခံရင်
အမြန် အခမ်းနားနဲ့ ချီးမြှောက်ရမယ် "

White Baby ( Completed)Where stories live. Discover now