Part ( 3)💚

13K 839 4
                                    

" ရှောင်းကျင်ရေ ငါတို့ လီရှင်းတို့ဆီ သွားကြမယ်လေ "

" ဖြစ်ပါ့မလား ကွာ မင်းကြီးသိရင် အပြစ်ပေးအုံးမယ် "

" ရပါတယ် အပြစ်ပေးခံရရင် ငါမင်းအစား
အပြစ်ဒဏ် ခံယူပါမယ် "

" ဒါဆို လည်း သွားကြမယ်လေ "
လို့ပြောကာ နှစ်ယောက်သား နန်းတွင်းရဲ့ အုတ်နံရံ ပေါ်သို့ တက်ကာ တစ်ဖက်က နန်းတွင်း အပြင်ဖက်သို့ ထွက်လာကြသည်။

" ငါတော့ ဒီအဝတ်အစားတွေကို သဘောကျတယ်
လွတ်လပ်တယ် မင်းသား အဝတ်တန်ဆာတွေလို မဟုတ်ဘူး "

" ငါလည်း ကြိုက်တယ် ရှောင်းချန် "

၁၉ နှစ်အရွယ် ကောင်လေး ၂ ယောက်ဟာ
လမ်းဘေးမှာ ရောင်းချတဲ့ မုန့်လေးတွေကို
်စားကာ သူတို့ ရဲ့ သူငယ်ချင်းရှိရာ သို့
ပျော်ပါးစွာ သွားလိုက်ကြသည်။သူတို့နောက်သို့ အမဲရောင် ဝတ်စုံများဖြင့် လိုက်လာကြသော သူများကိုတော့ သတိမထားလိုက်မိကြ။

စပါးပင်တွေ စိမ်းစိုကာ ယိမ်းနွဲ့နေတဲ့ လယ်ကွင်းပြင်ကြီး
ရဲ့ ဘေးက အိမ်တစ်အိမ်၏ ရှေ့ရောက်သောအခါ...

" လီရှင်း ငါတို့ရောက်ပြီ "

အိမ်ထဲမှ ၁၉ နှစ်အရွယ် ကောင်လေး ထွင်လာပြီး...

" မင်းသားလေးတို့ ကျွန်တော်မျိုးမတို့ အိမ် ဘာကိစ္စများ
ရှိလို့လဲ ဗျ "

" မင်းကွာ တမင်လုပ်မနေနဲ့"

" ဟား အေးပါကွာ...
ငါ တောင်ပေါ်မှာ ငါးဖမ်းလို့ရတဲ့ နေရာကောင်းတွေ့တယ်ကွ "
တောင်ပေါ်မှာ ငါးဖမ်းမယ်ဆိုတော့ ရှောင်းချန် မျက်ခုံးနှစ်ခုကို ကျုံ့လိုက်ပြီး..

" တောင်ပေါ်မှာ ငါးဖမ်းလို့ ရလို့လားကွာ "

" မယုံရင် လိုက်ခဲ့" လို့ပြောကာ
အရှေ့မှ သွားသော လီရှင်းနောက် သို့
ရှောင်းချန်နဲ့ ရှောင်းကျင်တို့ လိုက်သွားကြသည်။

၁၉ နှစ်အရွယ် ကောင်လေး သုံးယောက်
တောင်ပေါ်သို့ တက်လာကြရင်း...
ဖျောက်! ဆိုတဲ့ အသံကြားတာနဲ့ တစ်ပြိုင်နက်

" ရှောင်းချန် မင်းအပေါ်ဝတ်ချွတ်လိုက် "

" ဟမ် "

White Baby ( Completed)Where stories live. Discover now