" မင်းသား မင်းသား ရှောင်းကျန့် "
ဆိုပြီး အလောတကြီး ခေါ်ပြီး သူ့ဆီ မြင်းနှင့်
ပြေးလာသော ဝမ်နင်..." ဘာဖြစ်လို့လဲ အလောတကြီးနဲ့ "
" မင်းကြီးက နန်းတော် ပြန်လိုက်ခဲ့ပါတဲ့
ဝတ်ရုံနက်တွေ အကြောင်း တစ်ပိုင်းတစသိပါပြီတဲ့ "" ဝတ်ရုံနက်တွေ အကြောင်းသိတာ
ရိပေါ် ရောက်နေတဲ့ နေရာကို သိတာမွ မဟုတ္တာ
မလိုက်နိုင်ပါဘူး "" မဟုတ္ဘူး လေ ရှောင်းကျန့်
ဝတ်ရုံနက်တွေ အကြောင်းသိမှ ရိပေါ် အဲ ကြင်ယာတော်ဝမ်ကို ရှာတွေ့မှာပေါ့ "" မင်းကို ငါ့နောက်မလိုက်ခဲ့ဖို့ ပြောတယ်လေ "
" မင်းသားကို စိတ်မချလို့ "
" ပြန်လိုက်ခဲ့မယ် "
ထိုအခါမွ သူ့ကို ပြုံးပြတဲ့ ဝမ်နင်ရှောင်းကျန့် နန်းတော် ရောက်သောအခါ
ခမည်းတော်က လူတစ်ယောက်နှင့် မိတ်ဆက်ပေးသည်။
သူ့ကိုလည်း ထိုလူနောက်သို့ လိုက်သွားရန် ပြောသည်။
ခမည်းတော်က ရဲမက် အယောက် ၂၀ ကိုလည်း
နောက်မှ လိုက်သွားရန် မိန့်သည်၊၊ရှောင်းကျန့်တို့ အမြန် ပြင်ဆင်ပြီး
ထိုလူ သွားရာနောက်သို့ လိုက်သွားကြသည်။
သစ်ပင် ၂ ပင် ကြားက လမ်းသို့ ရောက်သောအခါ
ထိုလူမွ
" မင်းသားတို့ ဒီလမ်းအတိုင်းသွားပြီး
ဘယ္ဘက္ကို သွားလိုက်ပါ
အဲ့မွာ အနက်ရောင် ၂ ထပ်အိမ်ကြီး ရှိတယ်
အဲ့အိမ်ကြီးမှာ ကြင်ယာတော်ရှိမှာပါ "" အင်း တာဝန်ကျေပါတယ် "
ထိုလူက
ရှောင်းကျန့်ကို ဂါဝရ ပြုပြီး ပြန်သွားသည်။ရှောင်းကျန့်တို့
့် ထိုလူ ညွှန်ပြတဲ့ နေရာသို့
ရောက်လာခဲ့ပြီ။ သူပြောခဲ့တဲ့အတိုင်း အနက်ရောင် ၂ ထပ် အိမ်ကြီးကို တွေ့လိုက်ရသည်၊၊" မင်းသား ကျွန်တော်တို့ အရင်ဝင်ရမလား "
" ရတယ် ငါပဲအရင်ဝင်လိုင်မယ် ဝမ်နင် "
" ဖြစ်ပါ့မလား "
" ဖြစ်တယ် "
ရှောင်းကျန့်အရင်ဆုံး တိတ်တဆိတ် ဝင်လိုက်သည်။
သူ့နောက်မှ ရဲမက်များကလည်း ခပ္ခြာခြာမွ လိုက်ကြသည်။