Part ( 4) 💚Zawgyi

9.3K 372 13
                                    

ရှောင်းချန်ဟာ ရင်ခွင်ထဲက သားတော်လေးကို အတိတ်က အကြောင်းရာတွေကို ပြန်ပြောပြရင်း
မျက်ရည်ဝဲလာတာကြောင့် သားတော်လေးကို
ရှောင်းကျင်ဆီ သို့ ပို့်လိုက်ပြီး
အိပ်ဆောင်သို့ ပြန်သွားလိုက်သည်။

သားတော်လေး ရှောင်းကျန့်ကတော့
ဓားရေးသာ ဆက် ပြီး လေ့ကျင့်နေတော့သည်။

ဝမ် တိုင်းပြည်တွင်...
ဦးလေးရဲ့ တိုက်တွန်းမှု နှင့်
သားလေးရဲ့ ရေရှည်အနာဂတ်ကို တွေးကာ
လီရှင်းဟာ ကျင်ဟာရင် ဆိုတဲ့ အမျိုးသမီးနှင့်
အိမ်ထောင်တစ်ခု ပြန်လည် ထည်ထောင်လိုက်သည်။

ကျင်ဟာရင် မှာလည်း ရိပေါ်နှင့် အသက်ရွယ်တူ
သားလေး တစ်ယောက်ပါလာသည်။

ကျင်ဟာရင် တို့ သားအမိ ၂ ယောက်ဟာ
လီရှင်း တောထဲသို့ သွားသောအခါ
ရိပေါ်ကို အိမ်အလုပ်များကို ခိုင်းစေပြီး
လီရှင်း ပြန်လာတဲ့ အခါမှ သားအရင်းလေးလို
ဆက်ဆံသည်။
လီရှင်း ကတော့ သူ့သားလေးအပေါ်
ကျင်ဟာရင် က တကယ်နွေးထွေးကြင်နာလွန်းသည်
ဟု ထင်မှတ်နေတော့သည်။

လီရှင်း တောထဲ သွားသော တစ်နေ့တွင်....

" ဟဲ့ ကောင်လေး ငါတို့ ရေချိုးဖို့
စဥ့်အိုးထဲကို ရေ အပြည့်ဖြည့် "

" ဟုတ် မေမေလေး "

ို ရိပေါ်ဟာ အရွယ်နဲ့ပင်မလိုက် ရေဗုံးကြီးများကို သယ်ပြီး
ညနေတိုင်း ထိုသားအမိ ရေချိုးဖို့ ရေဖြည့်ပေးရသည်။

သူ အဖေ့ကို ဖွင့်ပြောချင်ပေမဲ့လည်း
" နင့်အဖေကို ပြန်ပြောရင် နင့်ကို အငတ်ထားမှာနော် "
ဆိုတဲ့ ကျင်ဟာရင် ရဲ့ စကားသံကို ကြားယောင်လာကာ အဖေ့ကို ပြန်မပြောဖြစ်ခဲ့...

နေ့ဖက်များမှာ အိမ်အလုပ်တွေ လုပ်ရတော့
ညရောက်သောအခါ ခြေတွေ လက်တွေ ကိုက်ခဲပေမဲ့လည်း ဆေးလိမ်းပေးမဲ့ တစ်စုံတစ်ယောက်မရှိခဲ့...
ပါးကို ပြောပြန်ရင်ဆေးထည့်ပေးမယ်ဆိုတာ သိပေမဲ့ ကျင်ဟာရင်တို့ သားအမိ
အကြောင်း ပါးသိမှာဆိုးသောကြောင့် မပြောနိုင်ခဲ့ပါ...
ဆေးမြီတိုလေး ကို လိမ်းပြီး အိပ်ရာဝင်ခဲ့ရတဲ့ နေရက်များလည်း မနည်းတော့...

ရိပေါ် ရေဗုံး ၂ ဗုံးကို ပုခုံး ပေါ်ထမ်းရင်း
သူ့ဘဝ အကြောင်းတွေးနေသည်။

အိမ်ပြန်ရောက်သောအခါ...

" ဟဲ့ နင်ဘယ်လိုဖြစ်လို့ ကြာနေတာလဲ
ဘယ်သဝေထိုးနေလို့ ခုချိန်မှ ပြန်လာရတာလဲ "

" ကျွန်တော် ဘယ်မှ မသွားပါဘူး မေမေလေး "

" ဘယ်မှာ မသွားပဲနဲ့တော့ ကြာမှာမဟုတ်ဘူး
လာစမ်း "
လို့ပြောကာ ရိပေါ်ကို ရှေ့သို့ဆွဲပြီး.

" ဟိုဖက်လှည့်စမ်း "
ကျင်ဟာရင် ဟာ ကြိမ်လုံးဖြင့်
ရိပေါ်ရဲ့ ခြေသလုံးဖြူဖြူလေးတွေကို မရေတွက်နိုင်လောက်အောင်
ရိုက်နေတော့သည်။

ရိပေါ်ရဲ့ ခြေသလုံးဖြူဖြူလေးတွေဟာလည်း
သွေးများပင် စို့လာတော့သည်။

ကျင်ဟာရင်ရဲ့ သား
ကျင်းဟာရင်း ကတော့ ဟက်ဟက်ပတ်ပတ် ရယ်နေတော့သည်။

ရိပေါ်ဝမ်းနည်းပြီး နာကျင်ပေမဲ့လည်း
မျက်ရည်မကျမိအောင် လက်သီးကို ဆုပ်ထားလိုက်သည်။
ငါ ဒီသားမိရှေ့မှာ မျက်ရည်ကျလို့ မဖြစ်ဘူး.....

Thank you❤
Love you all❤

White Baby ( Completed)Where stories live. Discover now