Part(10) Unicode

7.2K 491 4
                                    

" ကော လည်း လိုက်ခဲ့ချင်လို့ "

" ကောက နေမကောင်းသေးဘူးမလား "

" ကောင်းသွားပါပြီ ရိပေါ်
ကောလည်း အိမ်မှာနေရတာ ပျင်းတယ်လေ
ပြီးတော့ ဟိုအဒေါ်ကြီးနဲ့လည်း တည့်တာမဟုတ်ဘူး
နောက် ၂ ရက်လောက်ဆို ကောလည်း ပြန်တော့မှာ
ခုတော့ လိုက်ခဲ့မယ်လေနော် "
ရှောင်းကျန့် ရိပေါ် မြင်းကျောင်းရင်
သွားနေကျ တောထဲသို့ လိုက်ရန် ပြောနေခြင်း
ဖြစ်သည်။
အိမ်မှာနေခဲ့ရင် ဟိုသားအမိနဲ့ လည်း အဆင်ပြေမှာမဟုတ်
ပြီးတော့ အိမ်ထဲမှာပဲ နေနေရတာဖြစ်တာကြောင့်လည်း
အပြင်ကို ထွက်ချင်တယ်...

" အင်း ဒါဆိုလည်း လိုက်ခဲ့လေကော
တောထဲမှာက သားရဲကောင်တွေတော့
ရှိတက်တယ် ကောအဆင်ပြေရဲ့လား "

" အင်း ပြေတယ် ဟိုတစ်ခါ ဝက်ဝံကြီးတုန်းက
ကောမှာ ဓားမြှောင်လေးပဲရှိလို့ ပြီးတော့ လက်မောင်းမှာလည်း ဒဏ်ရာရနေလို့
ကောက အဲ့အကောင်ကြီးတွေ မကြောက်ပါဘူး "

" ဒါဆို သွားကြရအောင်လေ ကော "

ရှောင်းကျန့်နဲ့ ရိပေါ်တို့ ရွာလမ်းလေးကို
လျှောက်လာကြပြီး သူဋေးရှန်းဟန် တို့်
အိမ်သို့သွားပြီး မြင်းကို သွားခေါ်လိုက်သည်။

" ကော အရှေ့မှာ စီးမလား "

" ရတယ် ရတယ် ကောအနောက်မှာပဲ စီးတော့မယ် "

ရိပေါ် မြင်းပေါ်သို့ တက်လိုက်ပြီး
ရှောင်းကျန့်လည်း မြင်းပေါ်တက်လိုက်သည်၊၊
ရှောင်းကျန့် အရှေ့မှ ရိပေါ်ရဲ့ အကျီၤစလေးကိုသာ
ကိုင်ထားလိုက်တယ် ။ အရင်တစ်ခါတုန်းက ခါးကို
ဖက်လိုက်ပေမဲ့ ဒီတစ်ခါတော့ ဒဏ်ရာတွေလည်းသက်သာ
ပြီမို့ ခါးကိုမဖက်တော့...
တော်ကြာ သူ့ရှေ့မှ ကောင်လေးက သူ့ကို တစ်မျိုးထင်သွားမှ ဖြင့်...

ရှောင်းကျန့် တောထဲမှ ပန်းရနံ့လေးတွေကို
ရူလိုက်ရင်း စိမ်းစိုနေတဲ့ သစ်ပင်လေးတွေကို
ငေးကြည့်နေတော့သည်။
" ကော မြင်းကို ရေတိုက်ရအုံးမယ် "

" အင်း...ကော ဆင်းလိုက်မယ် "

ရှောင်းကျန့် မြင်းပေါ်က ဆင်းပြီး
ရိပေါ်က ဆင်းလိုက်သည်။
မြင်းကို ရေတံခွန်နားမှာ ရေတိုက်ထားလိုက်ပြီး
သူတို့လည်း သစ်ပင်အောက်မှာ ထိုင်လိုက်ကြတယ်...

White Baby ( Completed)Where stories live. Discover now