Part ( 12) Zawgyi💚

5.6K 269 2
                                    

မနက်မိုးလင်းသောအခါ...

" မင်းသား အထဲမှာရှိလား
မင်းကြီး အခေါ်ပါးလိုက်လို့ "
ဆိုတဲ့ အစေခံတစ်ယောက်ရဲ့ အသံကြားသောအခါ
ရှောင်းကျန့် မင်းကြီး အဆောင်တို့ သွားလိုက်တော့သည်။

" ထိုင်ပါအုံး သားတော် "

ရှောင်းကျန့် မင်းကြီး ရှေ့တွင် ထိုင်လိုက်ပြီး
" ဘာပြောစရာရှိလို့လဲ ခမည်းတော် "

" အင်း ပြောစရာဆိုတာထက် အမိန့်ပေးဖို့က
ပိုမုန်လိမ့်မယ် သားတော် "

" မိန့်တော်မူပါ ခမည်းတော် "

" သားတော် သွားခဲ့တဲ့ တောထဲမှာ
အဖိုးတန်သစ်ပင်တွေရှိတယ်ဆို
အဲ့နေရာကို သိမ်းရင် အကျိုးမြတ်များစွာရမှာ
ဒါကြောင့် အဲ့နေရာလေးကို သိမ်းမလို့
ဝမ်တိုင်းပြည်ရဲ့ နယ်စပ်ဆိုတော့
ဝမ်ဘုရင်လည်း အာရုံရမှာ မဟုတ်ဘူး
အဲ့နေရာကိုသိမ်းဖို့ ခေါင်းဆောင်နေရာမှာ သားတော်
နေပါလား "

ခမည်းတော်ရဲ့ စကားကြောင့်
သူညက မက်ခဲ့တဲ့ အိပ်မက်က အမှန်များဖြစ်နေမလား...
သူရင်တွေတော့ ပူနေပြီ ။ ဘယ်လိုဖြစ်ဖြစ် ခမည်းတော်ရဲ့
အမိန့်ကို ငြင်းရမည်။

" အဲ့နေရာတော့ မဖြစ်ဘူး ခမည်းတော် "

" ခမည်းတော်တို့ မသိမ်းပိုက်ရင်တောင်
အဲ့နေရာကို တခြားတိုင်းပြည်က သိမ်းပိုက်လိမ့်မယ်
ဝမ်တိုင်းပြည်က စစ်အင်အားက တခြားတိုင်းပြည်တွေလောက် မတောင့်တင်းဘူး "

" သားတော်တို့ အဲ့နေရာကို မသိမ်းပိုက်ပဲ
ကျန်တဲ့တိုင်းပြည်ကလည်း သိမ်းပိုက်လို့မရအောင်
တခြားနည်းလမ်းမရှိဘူးလား
ပြီးတော့ ဝမ်ဘုရင်ကရော အဲ့နေရာကို
ဘာလို့ဂရုမစိုက်ရတာလဲ "

" တခြား နည်းလမ်းမရှိဘူးသားတော်
ပြီးတော့ ဝမ်ဘုရင်က ဂရုမစိုက်တာမဟုတ်ဘူး
ဝမ်ဘုရင်ရဲ့ ကျန်းမာရေး အခြေနေက သိပ်မကောင်းတော့ဘူး "

သူ တကယ်ပဲ အဲ့နေရာကို သွားပြီး
သိမ်းပိုက်ရမှာလား ။ ဒါလုံးဝ မဖြစ်ရမဲ့ အခြေနေကြီးလေ
တခြားသူကို ခေါင်းဆောင်နေရာထားခိုင်းလိုက်ရင်
ရွာသားတွေအပေါ် နှိပ်စပ်ရင် ဘယ်လိုလုပ်မလဲ ။
သူပဲ ခေါင်းဆောင်နေရာမှာနေပြီး အဲ့ကို သွားရမလား
ခေါင်းထဲ အတွေးများစွာဖြင့် စိတ်ရှုပ်နေသည်။
တောင်းပန်ပါတယ် ရိပေါ် ကောပဲ
လာလိုက်တော့မယ်....
ကောကို မုန်းပြီး ကြောက်သွားမှာလား...

ခမည်းတော်ကလည်း ဒီတစ်ခါပဲ
သူ့ကို နယ်မြေသိမ်းခိုင်းတဲ့ အမိန့်ကို ပေးဖူးသည်။
သူ့ကို ငယ်ငယ်က ခမည်းတော် ပြောဖူးတယ်...
" ကိုယ်က အာဏာရှိမှ တခြားသူရဲ့ လက်အောက်ကို မရောက်မှာ အာဏာရှိအောင် စီးပွားရေးနဲ့ စစ်အင်အား
တောင့်တင်းရမယ်
စီးပွားရေး တောင့်တင်းဖို့ နယ်မြေသစ်တွေကို ရှာရမယ် "
ဆိုတဲ့ ခမည်းတော်ရဲ့ စကားကို ပြန်ကြားယောင်မိသည်။

" သားတော် အဲ့နေရာကို သွားပါမယ် "
သူမသွားရင်လည်း တခြားသူ သွားမှာပဲလေ ။
ဒါကြောင့် သူပဲသွားတော့မည်။ အသက်ကျေးဇူးရှင်
နေတဲ့နေရာကို သိမ်းရမယ်ဆိုတော့ သူစိတ်မကောင်း ။

" ကြင်ယာတော်လေး ဘာလေး တွေ့ရင် တစ်ခါထဲ
သိမ်းလာခဲ့ "

" ဟား...ခမည်းတော်ကတော့ နောက်ပြီ "

" တကယ်ပြောတာ သားတော် သားတော် သဘောကျတဲ့သူသာ ဆို ခမည်းတော် လက်ခံပေးမှာ
ဝမ်တိုင်းပြည်က မိန်းမချောလေးတွေ ပေါ်တယ်လို့ကြားတယ် "

" ယောကျာ်းလေးတွေလည်း ချောကြပါတယ် ခမည်းတော် "

" ဟုတ်ပါပြီ ခုတော့ သွားနားလိုက်အုံး "

" သားတော် ရေကန်ဘက် သွားလိုက်ပါအုံးမယ် "
သူ ခမည်းတော်ကို ဂါဝရပြုပြီး ရေကန်ဘက်
ထွက်လာလိုက်တယ်၊၊
ကံကြမ္မာက လည်း မလွယ်လိုက်တာ
ဘယ်သူက ကိုယ့်အသက်ကို ကယ်ခဲ့တဲ့သူနေတဲ့
နေရာကို သိမ်းပိုက်ချင်မှာလည်း...
ရှောင်းကျန့် သက်ပြင်းချပြီး ကန်ရေပြင်ကို
ငေးကြည့်နေလိုက်တယ်။

///////////////////////////

" ဟာရင်းရေ မာ့းကို ဟိုအရည်စိမ်းဗူးလေး ယူပေးအုံး "

" မတွေ့ပါဘူး မားရယ် ဘယ်မှာလဲ "

" စင်ပေါ်မှာလေ "

"ဟုတ် "

ကျင်ဟာရင် ရွာအနောက်ဘက် တောအုပ်ထဲမှာ
ဆေးရည်များကျိုပြီး အလုပ်ရှုပ်နေကြသည်။
သူ့အဘွားရဲ့ ပညာတွေ သင်ယူပြီး
စမ်းသပ်နေခြင်း ဖြစ်သည်။ သူ ဒါတွေ လုပ်တက်တယ်ဆိုတာ မည်သူမျှမသိကြ။
ရိပေါ် အလုပ်သွားနေတဲ့ အချိန်တွေမှာ
သားအမိ ၂ ယောက် တောထဲသို့သွားပြီး
စမ်းသပ်နေကြခြင်းဖြစ်သည်။
ဘေးနားတွင်လည်း အရိုးခေါင်းများဖြင့်....

( ကျင်ဟာရင်က စုန်းအတက်ကို လေ့ကျင့်နေတာပါ)

ကိုယ်လည်း အဲ့အကြောင်းတွေ မသိတာမို့ အမှားပါရင် တောင်းပန်ပါတယ်နော် ၊ ဇာတ်ကားတွေထဲမှာ ပါပေမဲ့ အဲ့လိုကားတွေဆို မကြည့်ရဲလို့ အဲ့အကြောင်းတွေ သိပ်မရေးတက်လို့ တောင်းပန်ပါတယ်နော်❤

Thank you ❤
Love you all💚

White Baby ( Completed)Where stories live. Discover now