Part (20) Unicode❤

6K 337 6
                                    

ရှောင်းကျန့် ရိပေါ်ကို လိုက်ရှာနေရင်း
သူ ရိပေါ်ကို တွေ့ဖို့အကြောင်းဖန်လာတဲ့
တောစပ်နေရာလေးသို့ ရောက်လာခဲ့ပြီ၊၊
သူ တောစပ်လေးကို ငေးကြည့်နေရင်း

" ဟို မင်းသားရှောင်းကျန့် အန်တီတို့ကို တစ်ခုလောက်ကူညီပါလား "
ဆိုကာ နောက်ဘက်မှ ကြားရသော အသံကြောင့်
ရှောင်းကျန့် လှည့်ကြည့်လိုက်သောအခါ
ကျင်ဟာရင်တို့ သားအမိ ၂ ယောက်...

" ခုထိ ရွာမပြန်သေးဘူးလား "

" အင်း ရွာက လူတွေနဲ့ လူစုကွဲသွားလို့
ဒါကြောင့် ဒီတောစပ် ဟိုဘက္ကို လိုက်ပို့ပေးပါလား
တောထဲမှာ သားရဲတိရစာၦန်တွေ များလို့ မသွားရဲတာကြောင့်ပါ "

ရှောင်းကျန့် ကျင်ဟာရင်ကို တွေ့သောအခါ
အရင် ရိပေါ်ကို ကျင်ဟာရင် ပြုမူခဲ့တာတွေကို
ပြန်မြင်ယောင်ပြီး
မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ

" ရိပေါ်တောင် တစ်ယောက်ထဲ တောထဲလာဝံတာပဲ
အဒေါ်တို့က သားမိ ၂ယောက်လေ အဖော်ရှိတာပဲ
ကိုယ့်ဘာသာ သွားကြပါ "

ရှောင်းကျန့် မြင်းကို ပြန်လှည့်လိုက်ပြီး
ထိုနေရာ ပြန်ရန်အလုပ်

" မား သားကြောက်တယ် "
" သားရယ် မားလည်း ကြောက်တာပေ့ါ"

ကျင်ဟာရင်တို့ သားအမိ ၂ ယောက်ရဲ့
ကြောက်ရွံ့နေတဲ့ အသံကြားတော့
ပြုံးလိုက်မိပြန်သည်။
တျခားသူ ဒုက္ခရောက်နေတဲ့အချိန် သူပြုံးမိတာ
ပထမဆုံးအကြိမ်ပင်။
ရိပေါ် ခံစားရတာတွေထက် မပိုရင်တောင်
ကျင်ဟာရင်တို့ သားအမိကို
တန်းတူ ခံစားစေချင်မိသည်၊၊

ကျင်ဟာရင်တို့ တောထဲကို ဝင်ရန် ချီတုံချတုံ ဖြစ်နေကြပြီး
နောက်ဆုံးတော့ နေမဝင်မီ တောထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ တောထဲရောက်တာနဲ့
အေးမြ စိုစွတ်နေသည်။

" မား ရှေ့ကို ဆက်မသွားပါတော့နဲ့
သားကြောက်လို့ "

" တိးုတိုးနေ ဟာရင်း
အသက်ကဖြင့် ၁၉ ကျော်ပြီ
အဲ့လောက်ဖြစ်မနေနဲ့ မားလည်း ကြောက်တာပဲ "

ချုံတွေထဲမှ တရှုပ်ရှုပ်ကြားနေရတဲ့ ခြေသံများကြောင့်
ကြောက်စိတ်က အတိုင်းမသိ ကြီးစိုးနေသည်။

White Baby ( Completed)Where stories live. Discover now