Part (17) Unicode❤

6.7K 457 4
                                    

လက်ဆက်မည့်နေ့တွင်....
ရှောင်းကျန့် စိတ်လှုပ်ရှားလွန်း၍ အငြိမ်မနေနိုင်တော့ပေ။
နန်းဆောင်ရှေ့တွင် စောင့်နေတာ စိတ်မရှည်တော့။
သူ ရိပေါ်ကို အမြန်တွေ့ချင်နေပြီ ...

သူ့ရှေ့တွင် ဟိုလျှောက် ဒီလျှောက် ဖြစ်နေတဲ့
ရှောင်းကျန့်ကြောင့် ခေါင်းမူးလာပြီ ။ ထို့ကြောင့်
" ရှောင်းကျန့်ရေ ငြိမ်ငြိမ်လေး ထိုင်နေပါလား "

သူ့ကို စိတ်မကြည်တဲ့အခါ ရှောင်းကျန့်လို့ ခေါ်တက်တဲ့
ဝမ်နင်ကြောင့် ထိုင်ခုံလေးပေါ်မှာ ထိုင်လိုက်သည်။

" ကြင်ယာတော် ရောက်လာပါပြီ "
ဆိုတဲ့အသံကြားသောအခါ ရှောင်းကျန့်
နန်းဆောင်ရှေ့ အမြန်ထွက်ပြီး စောင့်နေလိုက်သည်၊၊

ဝေါယာဉ် မွ ဆင်းလာတဲ့ ရိပေါ်
အဖြူရောင် ဝတ်စုံတွေပဲ ဝတ်တက်တဲ့သူဟာ
အနီရောင် ဝတ်စုံလေး ဝတ်ထားတော့လည်း
လိုက်ဖက်နေပြန်သည်၊၊
မျက်နှာကို ပဝါလေး အုပ်ထားပြီး
ရှောင်းကျန့်ဆီသို့ တစ်လှမ်းချင်း လှမ်းလာသည်။
ခြေလှမ်းလိုက်တိုင်း အပေါ်မှ က်လာတဲ့ ပန်းပွင့်ဖက်လေးတွေ....

ရှောင်းကျန့်အပါဝင် ဘေးနားမှ နန်းတွင်းသူများနဲ့
ရဲမက်များကလည်း မျက်တောင်မခတ် ငေးကြည့်နေကြသည်။ အမတ်များလည်း အပါအဝင်ပင်။

ရိပေါ် ရှောင်းကျန့်ရှေ့ရောက်သောအခါ...
" ကော"
ဆိုပြီး အသံတိုးတိုးလေး ခေါ်လိုက်သည်။
သို့သော်လည်း သူ့ကို ငေးကြည့်နေတဲ့
ရှောင်းကျန့်ကတော့ မကြားလိုက်ပေ။

ရိပေါ်ကတော့ သူ့ကို နန်းတွင်းသူတွေရှေ့တွင်
' ကော ' လို့ခေါ်တာ မကြိုက်လို့ဟုထင်ကာ

" အရှင် "
ထိုသို့ခေါ်လည်း အရှေ့မှ ရှောင်းကျန့်မှ အတွေးကမ္ဘာထဲမှ
ပြန်မရောက်သေးပဲ သူ့ကိုသာ ငေးကြည့်နေစဲပင်။
ဝမ်နင် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်မရတော့ ။
မတ်တပ်ရပ်ပြီး မေ့နေတဲ့ ရှောင်းကျန့်ရဲ့ လက်မောင်းကို
ပုတ်လိုက်တော့မှ...

" ပဝါလေးကို လှန်ကြည့်ချင်လိုက်တာ...  အဲ..ဟို
ရိပေါ် ဘယ်သွားမလို့လဲ "
အများအမြင်တွင် တည်ကြည်ခန့်ညားတဲ့ အိမ်ရှေ့စံဟာ
ခုတော့ အယောင်ယောင်အမှားမှားဖြင့်...

White Baby ( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ