ရိပေါ် ရှောင်းဘုရင်ကို ခွင့်တောင်းပြီး
ရွာသားတွေကို ထားတဲ့ နေရာသို့ သွားလိုက်သည်၊၊
သူ့ကို မြင်တော့ ရွာသများက ဝမ်းသာအားရဖြင့်" ရိပေါ်...ရိပေါ် မင်းငါတို့ကို လာကယ်တာပေါ့ "
" ဟုတ် အားလုံးအဆင်ပြေတယ်မလား "
ထိုအခါ ကျင်ဟာရင်မှ
" ပြေပါတယ် ခုလိုလာလိမ့်မယ်လို့ ထင်မထားဘူး
ကျေးဇူးပဲ a"" ရပါတယ် "
ရှောင်းကျန့် ခမည်းတော်ဆီသို့ ထွက်လာလိုက်သည်။
ရွာသားတွေကို လွှတ်ပေးဖို့ တောင်းဆိုရန် ပင်။" ခမည်းတော် "
"ပြော သားတော် "
" ရွာသားတွေကို ဘယ်လို လုပ်ဖို့ စဉ်းစားထားလဲ "
" ဘာလုပ်ရမလဲ ဆိုတာ ခမည်းတော် စဉ်းစားထားပြီးသားပါ
သူတို့တွေကို လယ်ကျွန်လုပ်လိုက်မယ်လေ
သားတော် ခေါ်လာတဲ့ကလေးလေးကိုရော ဘယ်လိုလုပ်မလဲ "" လယ်ကျွန် လုပ်ဖို့ ဒါတော့ မသင့်တော်ပါဘူးခမည်းတော်
သူတို့တွေက လူတွေပါ ...
ကလေးလေးကိုတော့ သူ့ရဲ့မား လွတ်တော့မှပဲ ပြန်ထည့်ပေးလိုက်မယ် "" သူ့ရဲ့မားက လွတ်ဖို့လမ်းမရှိတော့ဘူး
တကယ်လို့ သားတော် ရွာသားတွေကို
လွှတ်ပေးစေချင်ရင်တော့ ခမည်းတော်ရဲ့ ဆန္ဒကကို
ဖြည့်ဆည်းပေးရမယ် "" ဘာများလဲ ခမည်းတော် "
"ခမည်းတော် ကြင်ယာတော် နဲ့ လက်ဆပ်ရမယ် "
" ဟမ်... "
" လက်မခံလည်း ရတယ် ရွာသားတွေကို
လယ်ကျွန်ပဲ လုပ်ခိုင်းလိုက်မယ် "ရှောင်းကျန့် စဉ်းစားနေမိသည်။ သူသာ လက်မခံရင်
ရွာသားတွေက လယ်ကျွန်ဖြစ်မည်။ သူ့ရဲ့ အသက်ကျေးဇူးရှင်၏ ရွာသားတွေကိုတော့
လယ်ကျွန်အဖြစ်မခံနိုင်ပေ။ ဒါကြောင့် သူလက်ခံလိုက်မည်။
သို့ပေမဲ့လည်း တကယ်ချစ်တဲ့သူကိုပဲ ကြင်ယာတော်နေရာ
ထားစေချင်မိသည်၊၊
- ကိုယ်တို့်တွေ ပြန်တွေ့ကြရင် ပိုင်ရှင်တွေ ကိုယ်စီနဲ့ပါလား
အဖြူရောင်ကောင်လေးရေ..." သားတော် လက်ခံပါမယ် "
" ရပြီ ကြင်ယာတော်ပါ လက်ခံရင်
အမြန် အခမ်းနားနဲ့ ချီးမြှောက်ရမယ် "